အခန်း(၁)

2.2K 172 4
                                    

(1).မာစတာလု..ငါသွားပြီ..ငါမင်းနဲ့ဘယ်တော့မှ  ထပ်တွေ့မှာမဟုတ်ဘူး..ငါ့ရဲ့အိမ်မက်‌တွေထဲမှာတောင်မှ......

(2). ယွီမုကဲထွက်သွားခဲ့တယ်။
    သူနဲ့အတူအကုန်ယူသွားခဲ့ပြီး ဆိုးရွားတဲ့အိမ်     အလွတ်တစ်လုံးကိုအနောက်မှာချန်ထားခဲ့တယ်။

လုကျန်းမင် မီးမှိန်နေတဲ့အခန်းပတ်လည်ကိုကြည့်ပြီးရယ်လိုက်တယ် "သူဒီအကွက်ပဲထပ်သုံးပြန်ပြီ.."

ပထမအကြိမ်ယွီမုကဲထွက်သွားခဲ့စဉ်က သူတစ်မြို့လုံးအနှံ့လိုက်ရှာခဲ့တယ်။ယွီမုကဲရဲ့သတင်းကို‌‌စောင့်နေရင်း စီးကရက်တွေလည်းတစ်ဘူးလုံးကုန်အောင်သောက်မိပြီး အချိန်အကြာကြီးအနားမယူရတဲ့အတွက် သူ့မျက်လုံးတွေဟာလည်းနီရဲနေခဲ့တယ်။

ယွီမုကဲဒုတိယအကြိမ်ထွက်သွားတဲ့အခါမှာတော့ ဒါဟာသူတို့နှစ်ယောက်ရဲ့ နှစ်နှစ်ကြာဆက်ဆံရေးအဆုံးသတ်မယ့်သ‌ေင်္က‌တလို့သူတွေးခဲ့မိတယ်။အဲ့ဒီနေ့မှာပဲ သူနဲ့ပတ်သက်ဆက်နွယ်နေတဲ့လူတွေအကုန်လုံးရဲ့ဖုန်းနံပါတ်တွေကို ဖျက်ပစ်လိုက်ပြီး သူ့ရဲ့အိပ်ရာဖော်တွေအကုန်လုံးကိုလည်းသူအဆက်အသွယ်ဖြတ်လိုက်ပါတယ်။

ဒါကတတိယအကြိမ်ပါပဲ..

လုကျန်းမင်အလျင်စလိုမဖြစ်တော့ပါဘူး။ယွီမုကဲသေချာပေါက်ပြန်လာလိမ့်မယ်ဆိုတာသူသိနေလို့လေ။

(3). "ကော!...ကျွန်..ကျွန်တော် ကောကိုတကယ်ကြိုက်တယ်." ကောင်လေးရဲ့မျက်နှာလေးကနီရဲနေပြီးသူ့ရဲ့မျက်လုံးလှလှတွေကလည်းမြူတွေဆိုင်းနေသလိုပါပဲ။ကောင်လေးဟာ တော်တော်ဆွဲဆောင်မှုရှိပါတယ်။
လုကျန်းမင်ကလည်းပဲသူ့ကိုကြိုက်ပါတယ်။

သူတို့နှစ်ယောက်ဟာဖရိုဖရဲအခြေအနေထဲမှာ တပ်မက်ခြင်းနွံထဲကို အထိန်းအကွပ်မရှိကျဆင်းသွားခဲ့ကြပါတယ်။

သူတို့ကိစ္စပြီးတဲ့အခါ လုကျန်းမင်ကကောင်လေးရဲ့ကိုယ်ပေါ်ကကိုက်ရာလေးတွေကိုကြည့်လိုက်တယ်။ထို့နောက် ယွီမုကဲရဲ့အိပ်ရာပေါ်က မတူညီတဲ့မျက်နှာလေးက သူ့စိတ်ထဲမှာပေါ်လာခဲ့တယ်။

ကျစ်! ဘယ်လိုတောင်စိတ်ပျက်စရာလဲ?

"လူအိုကြီးလု....မင်းအပြင်ထွက်ဖို့အားလား.."အနည်းငယ်ကျယ်တဲ့အသံကဖုန်းတစ်ဖက်ကနေထွက်လာတယ်။

လုကျန်းမင်ကအချိန်ကိုကြည့်လိုက်တယ်..သူ့ရဲ့လက်ချောင်းကြားမှာစီးကရက်ကိုညှပ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်ကာ "ဘယ်မှာလဲ..."

"အရင်နေရာပဲ..!"ပြောပြီးနောက်သူ့ငယ်သူငယ်ချင်းကဖုန်းချလိုက်တယ်။

လုကျန်းမင်ဘားထဲကိုဝင်လိုက်တာနဲ့ သူ့ငယ်သူငယ်ချင်းရဲ့နောက်မှာရင်းနှီးနေတဲ့မျက်နှာကိုတွေ့လိုက်ရတယ်..
သူ့မျက်ခုံးကိုပင့်လိုက်ပြီးအထင်သေးစိတ်နဲ့သူ့နှုတ်ခမ်းတွေကိုကိုက်လိုက်တယ်..;
'သူထွက်သွားတာတစ်ပတ်ပဲရှိသေးတာကို အခုပြန်ရောက်လာပြီပေါ့....'

သူ့ရဲ့နက်ကတိုင်ကိုဆွဲချလိုက်ပြီးဆက်လျှောက်သွားလိုက်တယ်။
"ယွီ...."သူတစ်ခွန်းပဲပြောလိုက်ပြီးတော့ "ယွီမုကဲလား...."ထို့နောက် ရှုပ်ထွေးတဲ့အကြည့်တွေနဲ့သူ့ခေါင်းကိုလှည့်လိုက်တယ်။

"လူအိုကြီးကျန်း..မင်းရောက်လာပြီလား..? ဘယ်လိုလဲ...ဒီအသစ်ကလေးကမရီးနဲ့တူတယ်လို့မင်းထင်တယ်မလား..."သူ့ သူငယ်ချင်းကဟာသလုပ်လိုက်တယ်။

လုကျန်းမင်ရဲ့လည်စေ့ကအထက်အောက်ရွေ့သွားပြီး "မင်းနာမည်ဘယ်လိုခေါ်လဲ.."

ထိုအဖျော်ဆရာငယ်လေးက လွန်ခဲ့တဲ့ရှစ်နှစ်ကယွီမုကဲနဲ့ရုပ်ချင်းဆင်နေခဲ့တယ်။ကောင်လေးကသူ့မျက်နှာကိုသူကုတ်လိုက်ပြီးနှုတ်ခမ်းတွေကိုကိုက်ထားခဲ့တယ်။သူ့နားရွက်ကအနီရောင်ပြောင်းလာပြီးပြန်ဖြေလိုက်တယ်..."မုယွမ်."

ပြောစရာမလိုပါပဲ သဘာဝကျကျအကုန်ဖြစ်ပျက်သွားခဲ့တယ်။ထိုညမှာပဲ လူနှစ်ဦးဟာ အလွန်သဟဇာတဖြစ်ခဲ့ကြပါတယ်။

၆၄၀words
6.6.2021

He doesn't know I'm dead (Myanmar Translation)Where stories live. Discover now