ယွမ်ရှန်းစန်ဘာကြောင့်သူ့ကိုရုတ်တရက်ဖုန်းခေါ်လာသလဲဆိုတာ လုကျန်းမင်မသိဘူး,ဒါပေမယ့် သူအခု ဒီနေရာကနေထွက်သွားချင်နေပြီ
ဒါကြောင့် သူ့ရဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီးအိမ်ပြန်လာခဲ့တယ်..ညဘက် သူမျက်နှာကြက်ကိုအချိန်အကြာကြီးကြည့်နေပြီးနောက်မှာသူအိပ်ပျော်သွားခဲ့တယ်..
လုကျန်းမင် အိမ်မက်မက်တယ်..
သူယွီမုကဲကိုအိမ်မက်မက်ခဲ့တယ်..ယွီမုကဲ၏မျက်နှာကိုမြူခိုးများဖြင့်ဖုံးအုပ်ထားသည်ဟုထင်ရသောကြောင့် ယွီမုကဲကိုရှင်းရှင်းလင်းလင်းမမြင်ရပေ....
"လုကျန်းမင်..ငါမင်းကို နောက်ထပ်မကြိုက်တော့ဘူး."
လုကျန်းမင်ပြန်ဖြေချင်တယ်..သို့သော် ဘာအသံမှမထွက်နိုင်..
"ငါနောက်ဆုံးတော့ အရှုံးပေးလက်လျော့လိုက်ပြီ.." ယွီမုကဲကဆက်ပြောတယ်..
'သူအချိန်အကြာကြီးချစ်ကျွမ်းဝင်ခဲ့ရတဲ့ကောင်လေးအပေါ် သူအရှုံးပေးလက်လျော့လိုက်ပြီ..'
'ပြိုကွဲပျက်စီးတော့မယ့် ဒီဆက်ဆံရေးကိုလည်း သူအရှုံးပေးလိုက်ပြီ..'
'အမြဲတမ်းသူ့ကိုငိုကြွေးစေခဲ့တဲ့ နွေးထွေးတဲ့အချိန်ကာလကိုလည်း သူအရှုံးပေးလိုက်ပြီ..'
'သူငယ်ရွယ်ခဲ့စဉ်မှာ..သူငိုနိုင်တယ်,ရယ်မောနိုင်တယ်,တောက်ပတဲ့အနာဂတ်ကိုလည်းစိတ်ကူးယဉ်နိုင်တယ်..'
'သူအရွယ်ရောက်လာပြီးနောက်မှာ..ဘယ်လိုပြဿနာမျိုးမဆိုသူအလွယ်တကူမျက်ရည်ကျတတ်တာကို သိလာတယ်..သူ့ဘဝမှာကြုံတွေ့ခဲ့ရတာတွေကြောင့် ဘယ်လိုမျိုးဟန်ဆောင်ပြုံးရမလဲဆိုတာသင်ယူခဲ့ရတယ်..'
ယွီမုကဲဟာပြန်လှည့်ပြီး သူ့မှာရှိသမျှအရာအားလုံးကိုဖျက်ဆီးဝါးမျိုနိုင်ပုံရတဲ့ အမှောင်ထုအတွင်းကိုတိုးဝင်သွားခဲ့တယ်..
"မသွားပါနဲ့ !!"လုကျန်းမင် မလှုပ်ရှားနိုင်သလိုစကားလည်းမပြောနိုင်...သူ့ရဲ့မြင်ကွင်းကနေ ယွီမုကဲပျောက်ကွယ်သွားတာကိုပဲ သူကြည့်နေခဲ့ရတယ်..
YOU ARE READING
He doesn't know I'm dead (Myanmar Translation)
Romanceငါထွက်သွားပြီးပထမလမှာ လုကျန်းမင်ပျှော်ရွှင်နေတုန်းပဲ.. ဒုတိယလ:လုကျန်းမင်တစ်ခါတစ်လေညဘက်အိပ်မပျော်တဲ့ရောဂါခံစားလာရတယ်...တတိယမြောက်လမှာလုကျန်းမင်ငါ့ကိုစပြီးရှာတယ်...ကံမကောင်းစွာနဲ့ ငါကသေသွားခဲ့ပြီ ဒါပေမယ့်သူမသိခဲ့ဘူး...မင်းကဘယ်လောက်မကောင်းတဲ့လူပဲဖြစ်...