အခန်း(၄)

1.3K 197 4
                                    

အလွန်အကျွံဖြစ်နေတာလည်းငါဖြစ်ပြီး ကပေါက်တိကပေါက်ချာဖြစ်နေတာလည်းငါပါပဲ..

သူငါ့ကိုနှစ်သက်မှန်းငါသိတယ်..ဒါပေမယ့်   သူတခြားသူတွေကိုလည်းနှစ်သက်ဆဲပဲ။

ငါဝိုးတိုးဝါးတားမှတ်မိသေးတယ်..ငယ်ရွယ်စဉ်အချိန်ချစ်ခြင်းမှာပျော်ဝင်ရတာ ဘာနဲ့တူသလဲဆိုတာ...စပါကလင်ကို ဖြည်းဖြည်းချင်းစုပ်သောက်နေရသလိုပဲ..ငါ့နှလုံးသားဟာ ယားယံပြီးမွန်းကြပ်ကြပ်နဲ့......ညနေခင်းလေပြည်လေးနဲ့လည်းတူတယ်..ငါ့ရဲ့နှလုံးသားမှာထောင်ပေါင်းများစွာသောလှိုင်းတွေဖြစ်လာစေပြီး ငါ့ရဲ့ကောင်းကင်ကိုသန့်ရှင်းစေသလိုမျိုးပေါ့..

ဒေါက်တာက ငါ့ကိုဆေးမှန်မှန်သောက်ပြီး ငါ့ကိုချစ်တဲ့သူတွေအတွက်ကြိုးစားပြီးအသက်ရှင်နေထိုင်ဖို့ပြောခဲ့တယ်..

ဒါပေမယ့်....ငါ  ဒီ့ထက်ပိုပြီးမလုပ်နိုင်တော့ဘူး..

တောင်းပန်ပါတယ်..


(13).ယွမ်ရှန်းစန်၏ဖုန်းခေါ်ဆိုမှုကို လုကျန်းမင်လက်ခံရစဉ်က သူဟာ ကာရာအိုကေခန်းထဲကဆိုဖာ‌ေပါ်မှာထိုင်ပြီး သူ့ငယ်သူငယ်ချင်း ငိုကျွေးနေတာကို နားထောင်နေချိန်ဖြစ်တယ်။

ယွမ်ရှန်းစန်စကားစမပြောခင်အချိန်အထိ သူ့ကိုဖုန်းခေါ်တာဘယ်သူမှန်း သူမသိခဲ့ဘူး..

"မုကဲဘယ်မှာလဲ.."ယွမ်ရှန်းစန်၏အသံကနက်ရှိုင်းပြီး ခံစားချက်မဲ့နေတယ်။

လုကျန်းမင်အခန်းထဲမှထွက်လာပြီး လူရှင်းသည့်ထောင့်တစ်နေရာတွင်ရပ်ကာမေးလိုက်တယ် "ယွမ်ရှန်းစန်..လား.."

"မင်းကိုငါမေးနေတယ်..မုကဲဘယ်မှာလဲ!!" ယွမ်ရှန်းစန် ဒေါသကိုချုပ်တည်းထားရသောအသံဖြင့်မေးလာတယ်..

"ငါ့နဲ့သူလမ်းခွဲလိုက်ပြီ..သူဘယ်မှာလဲဆိုတာ ငါဘယ်လိုသိမှာလဲ..."သူဖြေပြီးသည်နှင့် ကူကယ်ရာမဲ့ပြီးကသိကအောက်ဖြစ်သလိုခံစားလိုက်ရတယ်..

"လုကျန်းမင်..မင်း...ခွေးမသား!!" ယွမ်ရှန်းစန်ပြောပြီးသည်နှင့်ဖုန်းချလိုက်တယ်။

"ဖာ့ခ်!! .. သူခေါင်းထိထားတာလား.."လုကျန်းမင်ဒေါသတကြီးဖြင့်ဖုန်းကိုပစ်ခွဲလိုက်တယ်။

ယွမ်ရှန်းစန်နှင့်ယွီမုကဲသည် မူကြိုကလေးဘဝမှ အထက်တန်းအထိ အတန်းဖော်ဖြစ်ခဲ့ကြသည်။မိသားစုနှစ်စုမှ မိဘများမှာလည်း ယခုအချိန်အထိသူငယ်ချင်းကောင်းများဖြစ်ကာ မိသားစုကြီးတစ်စုတည်းကဲ့သို့ ရင်းနှီးချစ်ခင်နေကြဆဲပင်...

ယွမ်ရှန်းစန်မှာ အဖြောင့်တစ်ယောက်ဖြစ်ပြီး ယွီမုကဲနှင့်ရိုးရှင်းသည့်သူငယ်ချင်းဆက်ဆံရေးရှိသည့်သူဖြစ်တယ်...
သူ့ထက်တစ်နှစ်ငယ်သည့်ယွီမုကဲအား သူ၏ညီငယ်လေးအဖြစ်ပင်မှတ်ယူထားခဲ့တယ်။

လုကျန်းမင်နှင့်ယွီမုကဲတို့ ကျောင်းရှိသစ်ပင်အကွယ်တွင်ပုန်းပြီး နမ်းနေခဲ့ကြသည်ကိုသူမြင်ခဲ့စဉ်က လုကျန်းမင်ကို သေလုနီးပါးဖြစ်အောင် သူရိုက်နှက်ခဲ့သေးတယ်။

'သူ့ရဲ့မုကဲက ဖြူစင်ရိုးသားတဲ့ကလေးလေးဖြစ်နေတုန်းပဲ..သူကယောက်ျားတစ်ယောက်နဲ့ဘယ်လိုလုပ်အတူရှိနိုင်မှာလဲ..ဟိုခန့်ညားတဲ့ကောင်လေးကပဲ မုကဲကိုစပြီးမြူဆွယ်တာဖြစ်ရမယ်'

ယွီမုကဲမှ သူနှင့်လုကျန်းမင်တွဲဖြစ်သည့်အကြောင်းကိုရှင်းပြပြီးသော်လည်း သူ(ယွမ်ရှန်းစန်)လုကျန်းမင်ကိုနားမလည်နိုင်ဖြစ်နေဆဲ။လုကျန်းမင်နှင့်ယွီမုကဲတို့က မကိုက်ညီ..မလိုက်ဖက်..မသင့်တော်ဘူးလို့ သူအမြဲခံစားနေရတယ်..

လုကျန်းမင်နှင့်ယွီမုကဲတို့ စားပွဲတစ်ဝိုင်းတည်းထိုင်တဲ့အခါ ယွမ်ရှန်းစန်အနောက်ဘက်ရှိစားပွဲဝိုင်းတွင်ထိုင်လျက် သူတို့ကိုစောင့်ကြည့်နေမယ်။

လုကျန်းမင် နည်းနည်းလေးလှုပ်တာနဲ့ လုကျန်းမင်ရဲ့ကုလားထိုင်ကို သူကန်ပစ်မယ်။ဒါဆို..လုကျန်းမင် ဒေါသထွက်ပြီးမီနူးစာအုပ်ကိုဆွဲကာ အရှေ့ကမျက်နှာလှလှလေးကိုပစ်ပေါက်လိမ့်မယ်..ဒီလိုဆိုပြဿနာတက်ပြီးပြတ်မှာပဲ...




(T/N)ဒါကလေ အတိတ်ကိုပြန်ပြော ပြန်တွေးတာများတဲ့ဇာတ်လမ်းမို့ အတွေးတွေက ဟိုလူ့အတွေးဒီလူ့အတွေးရောနေမှာပါနော် ဒါပေမယ့်ဖတ်နေရင်းနဲ့ ဘယ်သူတွေးတာလဲဆိုတာသိနိုင်ပါတယ်နော်။ မရှင်းတာရှိရင်မေးလို့ရပါတယ်ရှင့်💛💛

13.6.2021
742words

He doesn't know I'm dead (Myanmar Translation)Where stories live. Discover now