အခန်း(၇)

1K 165 3
                                    

19.
ငါသူ့ကိုသေဆုံးခြင်းနဲ့ပတ်သက်ပြီးပြောပြခဲ့ဖူးတယ်..
ဘဝဆိုတာ ရှည်လည်းမရှည် တိုလည်းမတိုဘဲ တိတ်တဆိတ်ကုန်ဆုံးသွားမယ့် ဆယ်စုနှစ်တစ်စုသာဖြစ်ကြောင်းကိုပေါ့

ထိုနေ့က သူ့ရဲ့ဖုန်းထဲကပုံပြင်တစ်ပုဒ်ကိုမြင်ပြီး ထိုပုံပြင်ကို သူ ငါ့အတွက်ဖတ်ပြချင်ခဲ့တယ်..အဲ့ဒါက အချိန်အကြာကြီးအတူရှိခဲ့ကြတဲ့ လိင်တူစုံတွဲတစ်တွဲရဲ့ ဝမ်းနည်းဖွယ်ပုံပြင်တစ်ပုဒ်ပဲဖြစ်တယ်..ဒါပေမယ့် ခုနှစ်နှစ်ကြာဘေးကျပ်နံကြပ် ခက်ခဲတဲ့ကာလကိုအတူဖြတ်ကျော်ပြီးတဲ့နောက်မှာ သူတို့ဘဝထဲက အသေးအမွှားကိစ္စလေးတွေအတွက်နဲ့တောင်မှ တစ်ယောက်နဲ့‌တစ်ယောက် မုန်းတီးစွာနဲ့စိုက်ကြည့်နေတတ်ကြတယ်..ထိုစိတ်ဝမ်းကွဲမှုတွေကိုပြန်မဖာထေးနိုင်ကြတော့ဘဲ နောက်ဆုံးမှာ နှစ်ယောက်သားလမ်းခွဲခြင်းနဲ့ပဲ အ‌ဆုံးသတ်ခဲ့ရတယ်...

ပုံပြင်ကိုဖတ်ပြီးသွားတဲ့နောက်မှာ ငါတို့တွေတိတ်ဆိတ်သွားခဲ့တယ်..

ငါတို့လည်းပဲအနာဂတ်မှာဒီလိုဖြစ်လာခဲ့လျှင်ဆိုပြီး ငါမတွေးမိဘဲမနေနိုင်ခဲ့ဘူး..

"မုကဲ..ငါတို့သဘောတူညီချက်တစ်ခုလုပ်ကြမလား..ဘယ်လိုလဲ.?"လုကျန်းမင်ကရုတ်တရက်မေးလာတယ်..

"ဘယ်လိုသဘောတူညီချက်လဲ.."ငါနည်းနည်းတော့ သိချင်မိတယ်..

"ငါဆိုလိုချင်တာက..ငါတို့နှစ်ယောက်လမ်းခွဲဖြစ်ခဲ့ရင်..ဘယ်သူပဲအရင်ထွက်သွားထွက်သွား ပြဿနာမရှိဘူး..ကျန်ခဲ့တဲ့တစ်ယောက်က ထွက်သွားတဲ့သူကိုစောင့်နေရမယ်..အဆင်ပြေလား?"လုကျန်းမင်သတိအပြည့်နဲ့မေးလာတယ်..

ငါ့ခေါင်းကိုခါလိုက်တယ်..
သူနည်းနည်းစိတ်ပျက်သွားတယ်လို့တော့ထင်တယ်..

"ဘာကြောင့်လဲ.."လုကျန်းမင်ရဲ့မျက်ဝန်းတွေက မကြည်မလင်ဖြစ်လာတယ်..

"အကယ်၍ ငါမင်းကိုချစ်ရင် မင်းတစ်ယောက်တည်းချန်ထားခဲ့မှာမဟုတ်ဘူး..နောက်ဆုံးမှာ ကျန်ခဲ့တဲ့သူကပဲ ပိုပြီးနာကျခံစားရတာလေ.."ငါရှင်းပြလိုက်တယ်..

တစ်ချိန်တည်းမှာပဲ..ငါတိတ်တဆိတ်ဆုံးဖြတ်လိုက်တယ်..ငါမတော်တဆတစ်ခုခုမဖြစ်သရွေ့ လုကျန်းမင်ထက်အသက်ပိုရှည်အောင်နေဖို့ကြိုးစားရမယ်..ဒါမှ သူချစ်ခင်မြတ်နိုးရသူကို ဆုံးရှုံးရတဲ့နာကျင်မှုမျိုး သူသည်းခံစရာမလိုတော့မှာ..

He doesn't know I'm dead (Myanmar Translation)Where stories live. Discover now