အခန်း(၆)

1.1K 164 10
                                    

16.
ငါ ယွီမုကဲကိုမမြင်ရတာလတစ်ဝက်တောင်ရှိပြီ

ငါ့ဘဝထဲက အရေးပါတဲ့တစ်စုံတစ်ခုပျောက်ဆုံးသွားသလိုငါခံစားနေရတယ်

အရာအားလုံးကဗလာသက်သက်ဖြစ်နေပြီး ငါဒီအခြေအနေကိုကျင့်သားမရသေးဘူး

17.
"မုကဲ" လုကျန်းမင် မုယွမ်ရဲ့နာကျင်နေပေမယ့်ကျေနပ်အားရနေတဲ့မျက်နှာလေးကိုကြည့်လိုက်တယ်..
မုယွမ် ပင့်သက်ရှိုက်ပြီး "လု..လုကော?"

လုကျန်းမင်တွေဝေမိန်းမောနေရာမှ နိုးထလာတယ်..

မုယွမ်ကဒီအခြေအနေကိုသည်းမခံနိုင်‌ေတာ့သလိုမျိုး နှာမှုတ်လိုက်ပြီး သူ့ရဲ့အောက်နှုတ်ခမ်းလေးကိုအနည်းငယ်ကိုက်လိုက်တယ်..သူဒီထက်ပိုပြီးမခံစားနိုင်တော့ဘူး..

လုကျန်းမင်ရဲ့မျက်ဝန်းတွေထဲမှာ ထိတ်လန့်တဲ့အရိပ်အယောင်တစ်ချက်ဖြတ်ပြေးသွားခဲ့တယ်..

အကယ်၍ ဒီနေရာမှာယွီမုကဲသာဆိုလျှင် မုယွမ်လိုမျိုးဘယ်တော့မှသည်းခံမှာမဟုတ်ဘူး သည်းခံမယ့်အစားသူ့ကို ကန်ထည့်လိုက်မှာ..

"ဒါက မနာဘူးလား.." လုကျန်းမင် သူ့ရဲ့ခေါင်းကိုငုံ့လိုက်ပြီး မုယွမ်ရဲ့ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေကိုထိလိုက်တယ်..

မုယွမ်သူ့ရဲ့ခေါင်းကိုခါလိုက်တယ်..သူ့ရဲ့မျက်နှာလေးကဖြူဖပ်ဖြူရော်ဖြစ်နေတာတောင်မှအပြုံးတစ်ပွင့်ကိုချိတ်ဆွဲလျက် "ဒါက..လုကောကြောင့်မို့လို့လေ...မနာပါဘူး.."

လုကျန်းမင် သူ့ရဲ့စကားလုံးတွေကိုကြားပြီးတဲ့နောက်မှာ မုယွမ်ကိုနမ်းလိုက်တော့တယ်..

ဒီမတိုင်ခင်က ယွီမုကဲကလွဲပြီးဘယ်သူ့ကိုမှသူမနမ်းခဲ့ဘူး...သူ့ကိုအရမ်းကြိုက်တဲ့ ကျောင်းတုန်းက ဂျူနီယာလေး ဟန်လင်းကိုတောင်မှပေါ့..


18.
လုကျန်းမင် တက္ကသိုလ်ကျောင်းကောင်စီဥက္ကဌအဖြစ်ဆောင်ရွက်နေစဉ်ကသူနဲ့ဆုံခဲ့တယ်

ထိုနေ့မှာ ကျောင်းကောင်စီအဖွဲ့ဝင်ရန် လူတွေ့စစ်ဆေးသည့်နေရာသို့သွားသော်လည်း သူ့ကိုယ်သူအရူးတစ်ယောက်ပမာ ပြုလုပ်မိလေတယ်..အဘယ့်ကြောင့်ဆိုသော် သူသည် လုကျန်းမင်ရဲ့ 'အလှတရား' တွင်ဆွဲဆောင်ခံလိုက်ရပြီး ကယောင်ကတမ်းဖြင့် "ကျွန်တော့နာမည် လုလင်း" ဟုပြောလိုက်မိသောကြောင့်ဖြစ်တယ်..

He doesn't know I'm dead (Myanmar Translation)Where stories live. Discover now