အခန်း(၂)

1.5K 208 7
                                    


5. လုကျန်းမင်နိုးလာတဲ့အချိန်မှာ မုယွမ်အိပ်ပျော်နေတုန်းပဲ....

ငယ်ရွယ်ပြီးလှပတဲ့ကောင်လေးရဲ့မျက်နှာကိုကြည့်ရင်း လွန်ခဲ့တဲ့ဆယ်နှစ်ကယွီမုကဲကိုပြန်မြင်နေရသလိုခံစားလိုက်ရတယ်...

အခုလိုအချိန်တိုင်းငြင်းခုန်နေရတာမျိုးမဟုတ်ပဲ
အဲ့ဒီနေ့တွေမှာ ယွီမုကဲကသူ့အတန်းမှာတိတ်တဆိတ်လာရှာလေ့ရှိပြီးညီအကိုကောင်းတစ်ယောက်လိုပြုမူနေခဲ့တယ်..သူ့အတွက်သောက်စရာတွေနဲ့မုန့်တွေဝယ်လာပေးတတ်ပြီး ပိတ်ရက်‌တွေမှာလည်းယွီမုကဲကပဲဦးဆောင်ပြီးအပြင်သွားဖို့ခေါ်လေ့ရှိတယ်။

လုကျန်းမင်သိပါတယ်။သူ ယွီမုကဲအပေါ်ဖောက်ပြန်တာတွေကြောင့် ယွီမုကဲကသူ့ကိုစိတ်ပျက်နေခဲ့တယ်ဆိုတာ...

ဒါပေမယ့် ယောက်ျားတွေအကုန်လုံးကအတူတူပဲမဟုတ်ဘူးလား?

'မင်းအမြဲတမ်းရနေတာတွေအတွက်မင်းကျေးဇူးတင်တော့မှာမဟုတ်သလို လှပတဲ့အရာတွေကိုမြင်နေကျဖြစ်လာတဲ့အခါ မင်းငြီးငွေ့သွားမှာပဲ'

လုကျန်းမင်အခြားတစ်ယောက်နဲ့အိပ်ရာပေါ်ရောက်ခဲ့တဲ့ပထမဆုံးအကြိမ်ကိုမမှတ်မိပေမယ့်နောက်တစ်နေ့အိမ်ကိုပြန်ရောက်တဲ့အချိန်ကိုမှတ်မိနေတုန်းပဲ....ယွီမုကဲကသူ့ကိုအပြင်းအထန်ရိုက်နှက်ခဲ့ပြီးသူတို့နှစ်ယောက်လဝက်လောက်ထိ သွေးအေးစစ်ပွဲဆင်နွှဲနေခဲ့ကြတယ်။

ထိုအချိန်ကစပြီး လုကျန်းမင်ကယွီမုကဲအပေါ်ပိုပိုပြီးလှည့်ဖြားလာပြီး ယွီမုကဲရဲ့ဒေါသကလည်းပထမအကြိမ်ကနဲ့မတူတော့ပေ။

သူတို့နှစ်ဦးအချိန်အ‌ေတာ်ကြာပွေ့ဖက်တာတွေ..နမ်းတာတွေ..အတူချစ်တင်းနှောတာတွေ မရှိခဲ့တာတောင်မှ လုကျန်းမင်ကယွင်မုကဲနဲ့ပြတ်စဲဖို့မစဉ်းစားဖူးပါဘူး။

သူတို့တစ်ဦးနှင့်တစ်ဦးသိလာခဲ့တာတစ်ဆယ့်နှစ်နှစ်ကြာရှိပြီးချစ်ကျွမ်းဝင်ခဲ့တာကရှစ်နှစ်ကြာခဲ့ပြီဖြစ်တယ်။တစ်ဦးရဲ့မှတ်ဉာဏ်တွေထဲမှာအခြားတစ်ဦးရဲ့ငယ်ဘဝအကြောင်းအစားထိုးမရအောင်ရှိနေကြပြီ..

He doesn't know I'm dead (Myanmar Translation)Where stories live. Discover now