23.
"မင်းသူနဲ့ လမ်းခွဲလိုက်ပြီလား" ကျန်းယွင်ဟွာကအသံတိုးတိုးဖြင့်မေးလာတယ်..လုကျန်းမင် မရည်ရွယ်ဘဲ ငြင်းဆန်ချင်မိသွားသော်လည်း အဆုံး၌ သူဘာကိုမှ မပြောဖြစ်ခဲ့ပေ..
ကျန်းယွင်ဟွာက ယွီမုကဲနှင့်လုကျန်းမင်တို့နှစ်ဦးလုံး၏သူငယ်ချင်းဟောင်းဖြစ်တယ်..ချိုမြိန်လှတဲ့အချစ်စုံတွဲဘဝကနေ ယခုအခြေအနေအထိ သူတို့ဘယ်လိုပြောင်းလဲသွားကြသလဲဆိုတာကို မျက်မြင်တွေ့ကြုံခဲ့သူလည်းဖြစ်တယ်..
လုကျန်းမင် ဖန်ခွက်ကိုအားအနည်းငယ်ဖြင့် ဖျစ်ညှစ်လိုက်မိပြီး သူ၏လည်ဇလုပ်သည်လည်း အထက်အောက်နှစ်ကြိမ်ရွေ့လျားသွားခဲ့တယ်..သူဖန်ခွက်ကိုမြှောက်ကာ ခွက်ထဲရှိသမျှအကုန်သောက်လိုက်တော့တယ်..
သူ့ရဲ့ဆိုးဆိုးရွားရွားပျက်ယွင်းနေတဲ့မျက်နှာပေးကိုကြည့်ကာ ကျန်းယွင်ဟွာက မစ်ကျန်း၏လက်ထဲမှကလေးကိုလှမ်းချီလိုက်ပြီး အပြုံးတစ်ခုဖြင့်ပြောလာတယ် "ကလေးက ငါ့မိန်းမနဲ့တူလား"
လုကျန်းမင် ဝဝကစ်ကစ်နှင့်တစ်ကိုယ်လုံးဖြူဖွေးနေသည့်ကောင်လေးကိုကြည့်လိုက်တယ်..သူ့ရဲ့မျက်လုံးများက နက်မှောင်လာခဲ့တယ်..
"လူတိုင်းပြောကြတာကတော့ ကလေးရဲ့မျက်လုံးတွေက သူ့အမေနဲ့တူပြီး နှာခေါင်းကတော့ငါနဲ့တူတယ်တဲ့.."ကျန်းယွင်ဟွာကသူ့ရဲ့လက်ချောင်းကိုဆန့်ထုတ်လိုက်တဲ့အခါ အသေးလေးကထိုလက်ချောင်းကိုဆုပ်ကိုင်လိုက်တယ်...
လုကျန်းမင် မနာလိုဖြစ်စွာပြုံးလိုက်ရတယ်..
"မှန်တယ်.. သူတို့ပြောတာတွေကအမှန်ပဲ.."24.
ယွီမုကဲ..မင်းသာယောက်ျားတစ်ယောက်မဟုတ်ခဲ့ရင် အခုအချိန် ငါတို့ရဲ့ကလေးလေးတွေလည်း မူလတန်းကျောင်းတက်နေရလောက်ပြီ..25.
လုကျန်းမင်မှာ တစ်ချိန်က သားတစ်ယောက်ရှိခဲ့ဖူးတယ်..ထိုအချိန်ကသူ့ရဲ့အတွင်းရေးမှူးဖြစ်သူဟာ ကြင်နာတ်သူ နားလည်ပေးတတ်ပြီးလှပသူဖြစ်တယ်..သူမဟာ ကျော်ကြားတဲ့တက္ကသိုလ်တစ်ခုကဘွဲ့ရခဲ့သူလည်းဖြစ်တယ်..
YOU ARE READING
He doesn't know I'm dead (Myanmar Translation)
Romanceငါထွက်သွားပြီးပထမလမှာ လုကျန်းမင်ပျှော်ရွှင်နေတုန်းပဲ.. ဒုတိယလ:လုကျန်းမင်တစ်ခါတစ်လေညဘက်အိပ်မပျော်တဲ့ရောဂါခံစားလာရတယ်...တတိယမြောက်လမှာလုကျန်းမင်ငါ့ကိုစပြီးရှာတယ်...ကံမကောင်းစွာနဲ့ ငါကသေသွားခဲ့ပြီ ဒါပေမယ့်သူမသိခဲ့ဘူး...မင်းကဘယ်လောက်မကောင်းတဲ့လူပဲဖြစ်...