(8).တစ်ပတ်ကြာပြီးနောက် သူနှင့်ယွီမုကဲအတူနေသည့်နေရာသို့ လုကျန်းမင်ပြန်လာခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်ရှိ မြို့ပြ၏ဆူညံသံကိုသူကြားနေရတယ်.သို့သော်လည်း ထိုရှုပ်ထွေးဆူညံလှသောလှုပ်ရှားမှုများက သူယခုလက်ရှိဖြစ်နေသောအခြေအနေနှင့် လုံးဝကိုဆန့်ကျင်ဖက်ဖြစ်လို့နေတယ်။
သူ့တွင်ရှိသမျှအားလုံးဟာ အေးစက်မှောင်မိုက်ခြင်းတွေသာ...
လုကျန်းမင်အိပ်ခန်းတံခါးကိုဖွင့်လိုက်ချိန်တွင် ပထမဆုံးမြင်တွေ့လိုက်ရသည်က စင်ပေါ်မှာရှိနေသည့်စက္ကူတစ်ရွက်ဖြစ်တယ်.စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့်သူ၏နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်တယ်။
လုကျန်းမင်ဆက်လျှောက်သွားလိုက်ပြီးစာရွက်ကိုကောက်ယူလိုက်တယ်.စာလုံးအနည်းငယ်ဖတ်ပြီးသည့်နောက်မှာ စာရွက်ကိုဘောလုံးတစ်လုံးဖြစ်အောင်အထိလုံးချေလိုက်ပြီး မြေကြီးပေါ်ပစ်ချလိုက်တယ်။
"ယွီမုကဲ...မင်းလုံးဝပြန်မလာနဲ့တော့ကွ!!!!"လုကျန်းမင်ဗီရိုထဲရှိ ယွီမုကဲ၏ပစ္စည်းအကုန်လုံးကိုထုတ်ယူလိုက်ပြီး ကြမ်းပြင်ပေါ်ပစ်ချလိုက်တယ်.ထို့နောက်တံခါးပိတ်ပြီး ထွက်ခွာသွားတော့တယ်။
'အလေ့အကျင့်ဆိုတာကြောက်စရာကောင်းတဲ့အရာတစ်ခုပဲ.တိတ်တဆိတ်နဲ့မင်းဘဝထဲဝင်ရောက်လာမယ်.ထို့နောက်.၎င်းပျောက်ကွယ်သွားတဲ့အခါ မင်းကိုကွဲကြေနေတဲ့နှလုံးသားနဲ့ ဒဏ်ရာခပ်နက်နက်တစ်ခုကိုချန်ထားပေးလိမ့်မယ်..'
(9).စက္ကူလုံးလေးဟာမြေကြီးပေါ်မှာရှိနေဆဲ..ထိုနေ့ကတည်းကစပြီး လုကျန်းမင်လည်းပြန်မလာတော့..
အချိန်တွေအများကြီးကြာပြီးနောက် ထိုအချိန်ကိုပြန်လှည့်ကြည့်ခဲ့ရင်.. ထိုနေ့မှာ စာရွက်ကိုသာအသေအချာဖတ်ဖြစ်ခဲ့ရင် ဘယ်လောက်တောင်အံ့ဩသင့်ဖို့ကောင်းလည်းဆိုတာ သူသိလိမ့်မယ်။
ကံဆိုးစွာနဲ့ပဲ...သူမဖတ်ခဲ့ဘူး..
ဒါကြောင့်ပဲ.. သူဘာကိုဆုံးရှုံးလိုက်ရသလဲဆိုတာသူမသိခဲ့ချေဘူး...
ဒါဟာ ဘုရားသခင်ကအပစ်ပေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်...
(10).ငါပြန်မလာတော့ဘူး..ငါ့ရဲ့အကြီးမားဆုံးနောင်တက အထက်တန်းဒုတိယနှစ်မှာ လုကျန်းမင်လို့ခေါ်တဲ့ကောင်လေးကို ချစ်မိသွားတာပါပဲ...မြင်မြင်ချင်းချစ်မိခဲ့တယ်..ဒီအချစ်ကြောင့်ပဲ ငါ့ဘဝကြီးကိုဆုံးရှုံးလိုက်ရတယ်..
(11). ယွီမုကဲ၏ဒိုင်ယာရီ
ဗုဒ္ဓဟူးနေ့..ဇန်နဝါရီ.1ရက်.2019.နေသာသည်
သူဖောက်ပြန်နေတာကိုငါပထမဆုံးတွေ့ခဲ့စဉ်ကငါ့နှလုံးသားတစ်ခုလုံးရှုပ်ထွေးနေခဲ့တယ်..အကယ်၍ ဒီနေရာဟာဝိုင်တွေနဲ့ပြည့်နှက်နေရင် ဝိုင်မသောက်ဘဲမူးနေတဲ့သူလိုမျိုးပေါ့..ငါအံ့ဩမင်သက်ပြီး ဘာလုပ်ရမှန်းမသိနေခဲ့ဘူး...
'သူနဲ့အတူရှိနေခဲ့တာကငါ..သူ့ကိုအမြဲရယ်မောအောင်ဖန်တီးပေးခဲ့တာလည်းငါ..သူနဲ့အတူအိုမင်းသွားချိန်အထိအတူရှိနေပေးမယ်လို့ကတိပေးခဲ့တာလည်း ငါ...
ဒါပေမယ့်လည်း သူကပေးခဲ့ဖူးတဲ့ကတိတွေကို ချိုးဖျက်လိုက်ပြီ...
ဒီကိစ္စတွေမရှိခဲ့သလိုငါသရုပ်ဆောင်လိုက်တယ်;ငါ့ကိုယ်ငါလည်းဒီကိစ္စတွေကိုမေ့ပစ်နိုင်မှာပါလို့ယုံကြည်စေလိုက်တယ်..ဒါပေမယ့်ဒီနေ့ငါနားလည်သဘောပေါက်လိုက်တာကတော့ အကုန်လုံးကိုငါမလုပ်နိုင်တော့ဘူးဆိုတာပါပဲ..
အချိန်တွေကကုန်လွန်ခဲ့ပြီ.ဒါပေမယ့်မှတ်ဉာဏ်တွေကတော့မပျောက်ကွယ်သွားသေးပါဘူး..ပြီးတော့ အတိတ်တစ်ချိန်ကအတူအိုမင်းသွားမယ်ဆိုတဲ့ကတိကို ပြန်တမ်းတနေခဲ့တာလည်း ငါတစ်ယောက်တည်းပါပဲ..
အဆိုတစ်ခုရှိတယ်..'ဆောင်းရာသီကုန်ဆုံးချိန်မှာနွေရာသီရောက်လာပြီးပန်းတွေလည်းပွင့်လာမယ်..အရာအားလုံးလည်းရှေ့ဆက်နေမှာပါပဲ..'
ဒါပေမယ့် ငါကတော့မဖြစ်နိုင်တော့ဘူး...
T/N:ပြောချင်လာလို့ပါ မုကဲလိုကိုယ့်ကောင်လေးသာကိုယ့်ကို "မင်းကိုချစ်ခဲ့မိတာအကြီးမားဆုံးနောင်တ"လို့ပြောလာခဲ့ရင် ကိုယ့်ရင်ကွဲပြီးသေမှာပါပဲ ကိုယ်အမုန်းဆုံး မကြားချင်ဆုံးစကားပါပဲ
ပြန်နေရင်းနဲ့ရင်နာလာလို့😔😔Ps,မုကျန်းမင်ကတော့အပြောခံရဖို့တန်ပါတယ်
705words
7.6.2021
YOU ARE READING
He doesn't know I'm dead (Myanmar Translation)
Romanceငါထွက်သွားပြီးပထမလမှာ လုကျန်းမင်ပျှော်ရွှင်နေတုန်းပဲ.. ဒုတိယလ:လုကျန်းမင်တစ်ခါတစ်လေညဘက်အိပ်မပျော်တဲ့ရောဂါခံစားလာရတယ်...တတိယမြောက်လမှာလုကျန်းမင်ငါ့ကိုစပြီးရှာတယ်...ကံမကောင်းစွာနဲ့ ငါကသေသွားခဲ့ပြီ ဒါပေမယ့်သူမသိခဲ့ဘူး...မင်းကဘယ်လောက်မကောင်းတဲ့လူပဲဖြစ်...