27.
ချစ်ခြင်းမေတ္တာတွေ စိတ်ကူးအိမ်မက်တွေနဲ့ပြည့်နှက်နေတဲ့ ငါ့ရဲ့ငယ်ဘဝကိုပြန်ပြီးသတိရမိတယ်..သူစကားစုလေးတစ်ခုကိုတော့ဖြင့်မေ့နေခဲ့တယ်."တစ်စုံတစ်ယောက်အတွက်အခြားမြို့ကကောလိပ်ကိုမရွေးချယ်ပါနဲ့..တစ်ဦးအပေါ်တစ်ဦးတကယ်ချစ်ကြသူတွေသာလျှင် အနေဝေးတဲ့ချစ်ခြင်းမျိုးကိုဖြတ်ကျော်နိုင်ကြလိမ့်မယ်.."တဲ့
အဲဒီအချိန်က..ယွီမုကဲ ထိုစကားကိုသဘောမတူခဲ့ဘူး..
သူ လုကျန်းမင်နဲ့တစ်မြို့တည်းအတူနေချင်ခဲ့ပြီး သူ့ချစ်သူကောင်လေး အရွယ်ရောက်လာတဲ့အထိ တဖြည်းဖြည်းကြီးပြင်းလာတာကို သူစောင့်ကြည့်ချင်ခဲ့တယ်..
သူ့ရဲ့လက်တွေကိုဆုပ်ကိုင်ပြီး ထိုမြို့ကလမ်းမတွေပေါ်အတူလျှောက်သွားချင်ခဲ့တယ်..
ညနေခင်းမှာ ကောင်းကင်ကြီးတစ်ဝက်လောက်အထိအနီရောင်ပြောင်းသွားတတ်တဲ့ နေဝင်ချိန်ကိုအတူစောင့်ကြည့်ချင်ခဲ့တယ်..
သူ လုကျန်းမင်နဲ့ပိုပိုပြီး နီးစပ်ချင်ခဲ့တယ်..
အကယ်၍ ဘာတွေဖြစ်လာမလဲဆိုတာကြိုသိခဲ့ရင်..လုကျန်းမင်သွားချင်တဲ့တက္ကသိုလ်ကို သူ့ရဲ့ရွေးချယ်မှုအနေနဲ့ စာရွက်ဖြူပေါ်မှာ ချရေးဖြစ်ခဲ့မှာမဟုတ်ဘူး..
ကံဆိုးစွာနဲ့ပဲ ထိုကဲ့သို့လုပ်ဖို့မဖြစ်နိုင်တော့ဘူး..
အချိန်တွေကို နောက်ပြန်ဆုတ်လို့မှမရနိုင်တာ..
ရထားပေါ်က မာကျောလှတဲ့ထိုင်ခုံပေါ်မှာ ယွီမုကဲထိုင်နေခဲ့တယ်..သူ့ရဲ့အနောက်မှာတော့ အသင့်စားခေါက်ဆွဲတွေနဲ့ သရေစာမျိုးစုံကိုကြိုက်ပြီးတက်ဒီဝက်ဝံလိုအနံ့မျိုးနဲ့ ဆူညံနေတဲ့ကောင်လေးတစ်ယောက်ရှိတယ်..
အပြင်လောကရဲ့ဆူညံမှုတွေကနေသီးခြားဖြစ်စေဖို့အတွက် နားကြပ်ကိုတပ်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်တယ်...
It's three in the morning.
~~မနက်သုံးနာရီတောင် ထိုးလုပြီ~~Awake at night,
~~ငါအိပ်မရနိုင်ခဲ့~~I think about losing you.
~~ငါမင်းကိုဆုံးရှုံးခဲ့တဲ့အကြောင်းတွေးနေခဲ့လို့~~
YOU ARE READING
He doesn't know I'm dead (Myanmar Translation)
Romanceငါထွက်သွားပြီးပထမလမှာ လုကျန်းမင်ပျှော်ရွှင်နေတုန်းပဲ.. ဒုတိယလ:လုကျန်းမင်တစ်ခါတစ်လေညဘက်အိပ်မပျော်တဲ့ရောဂါခံစားလာရတယ်...တတိယမြောက်လမှာလုကျန်းမင်ငါ့ကိုစပြီးရှာတယ်...ကံမကောင်းစွာနဲ့ ငါကသေသွားခဲ့ပြီ ဒါပေမယ့်သူမသိခဲ့ဘူး...မင်းကဘယ်လောက်မကောင်းတဲ့လူပဲဖြစ်...