အခန်း(၁၀)
30.
ယွမ်ရှန်းစန် ရေခြားမြေခြားရောက်နေချိန်မှာ လုကျန်းမင်တစ်ယောက်ယွီမုကဲပေါ်ဆိုးဆိုးရွားရွားဆက်ဆံမှာကို အမြဲတမ်းစိုးရိမ်နေခဲ့ရတယ်..ဒါပေမယ့်ယွီမုကဲကို ဒီလိုပုံစံမျိုးနဲ့တွေ့ရလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့ဖူးဘူး..အဖြူအမည်းဓါတ်ပုံထဲကကောင်လေးဟာ အနည်းငယ်ရှက်နေပုံပေါ်ပြီး ယွမ်ရှန်းစန်ကထိုကဲ့သို့သောပုံရိပ်တွေကိုသတိရသွားလေတယ်...
ယွမ်ရှန်းစန် သူ၏အရှေ့မှကမ္ဗည်းတိုင်ငယ်လေးကိုကြည့်လိုက်တယ်...ယွီမုကဲရဲ့အုတ်ဂူလေးပဲဖြစ်တယ်..
သူ့ရဲ့မျက်လုံးများကနီရဲကိုက်ခဲနေပြီး ချက်ချင်းပင်မျက်ရည်များကျဆင်းလာလေတယ်...
"မုကဲ.."
သူ့ရဲ့ပါးစပ်ကိုဖွင့်ပြီးခေါ်လိုက်ချိန်မှာ သူ့အသံတွေကအက်ကွဲနေပြီဖြစ်တယ်...'ဘာကြောင့်ဒီလိုတွေဖြစ်လာရတာလဲ..နှစ်အနည်းငယ်ပဲရှိသေးတာပါ...သူ့ရဲ့မုကဲလေးကဘယ်လိုကြောင့် ဒီလိုဖြစ်သွားရတာလဲ..'
ယွမ်ရှန်းစန်မှာမတ်တပ်ရပ်ဖို့ပင်ခက်ခဲလာရကာ ဘေးဖက်ရှိသစ်ပင်၏ပင်စည်ကိုအားပြုပြီး ပြင်းပြင်းထန်ထန်ငိုကြွေးလေတော့တယ်...
သူနိုင်ငံခြားမသွားခင်အချိန်က ယွီမုကဲအပြုံးလေးတစ်ပွင့်နဲ့ သူ့ကိုပြောခဲ့တာကို သူမှတ်မိနေဆဲဖြစ်တယ်..
"ယွမ်ကော...အကိုပြန်ရောက်တဲ့အခါညစာဖိတ်ကျွေးမယ်..ကျွန်တော့အတွက်မရီးတစ်ယောက်ပြန်ခေါ်လာပေးဖို့မမေ့နဲ့နော်.."သို့ပေမယ့် ယခုသူပြန်ရောက်လာချိန်မှာ သူ့အပေါ်ညစာအကြွေးတင်နေတဲ့သူကတော့ ထွက်သွားခဲ့ပြီ...
ယွီမုကဲက အလွန်ပြင်းထန်သောစိတ်ကျရောဂါကြောင် အိပ်ဆေးအများအပြားသောက်ပြီး သတ်သေခဲ့ကြောင်း ယွမ်ရှန်းစန်သိလိုက်ရချိန်မှာ သူ လုကျန်းမင်၏နှလုံးသားတစ်ခုလုံးကိုခြေမွပစ်ချင်ခဲ့တယ်...
"လုကျန်းမင်..သောက်ချီးပဲ..ငါဘယ်လိုကြောင့်မင်းစကားတွေကိုယုံကြည်မိပြီး ယွီမုကဲကိုမင်းဆီပေးခဲ့ရတာလဲ.." ယွမ်ရှန်းစန်၏မျက်လုံးတို့ကသွေးရောင်
အပြည့်ဖြစ်နေပြီး ဖုန်းကိုကိုင်ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်လေတယ်...
YOU ARE READING
He doesn't know I'm dead (Myanmar Translation)
Romanceငါထွက်သွားပြီးပထမလမှာ လုကျန်းမင်ပျှော်ရွှင်နေတုန်းပဲ.. ဒုတိယလ:လုကျန်းမင်တစ်ခါတစ်လေညဘက်အိပ်မပျော်တဲ့ရောဂါခံစားလာရတယ်...တတိယမြောက်လမှာလုကျန်းမင်ငါ့ကိုစပြီးရှာတယ်...ကံမကောင်းစွာနဲ့ ငါကသေသွားခဲ့ပြီ ဒါပေမယ့်သူမသိခဲ့ဘူး...မင်းကဘယ်လောက်မကောင်းတဲ့လူပဲဖြစ်...