အသက် ၂၃ နှစ်အရွယ် ကျောင်းနားထားတဲ့ ကျောင်းသားတစ်ယောက်အတွက် ပိုက်ဆံအလုံးအရင်း ရှာဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေတစ်ခုပင် ဖြစ်သည်။
ပိုဆိုးလာတဲ့ ကျောက်ကပ်ရောဂါအခြေအနေကြောင့် ဆေးရုံကို ရေရှည်တင်ထားရတဲ့ အမေဖြစ်သူရဲ့ ဆေးကုသစရိတ်က သူ့ရဲ့ အချိန်ပိုင်း အလုပ်တွေနဲ့ ဘယ်လိုမှ မလုံလောက်နိုင်တော့ပေ။ ဝင်ငွေများများ ရဖို့ သူ ကြံဖန်နေရပြီ။
ထိုအချိန်တွင် ခေါင်းထဲ ဖြတ်ခနဲ သတိရလိုက်သည်က Luo Luo နဲ့ အရက်ဆိုင်ထိုင်စဉ်က တွေ့ခဲ့သော Luo Luo ရဲ့ အသိဆိုသူ ပေးသွားတဲ့ လိပ်စာကဒ်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#
ဂျပန်တွင် အဖေဖြစ်သူ ဆုံးပြီးနောက် အမေနှင့်အတူ ထိုင်ဝမ်ကို ပြောင်းရွေ့လာရသော ၁၆ နှစ်ရွယ်သည် Yang Yu Teng ၏ ကံဆိုးခြင်းများ စတင်ရာ အစဖြစ်ခဲ့သည်။ ထိုင်ဝမ်သူ မိခင်သည် ဂျပန်သားဖခင်နှင့် အိမ်ထောင်ကျပြီးကတည်းက ဂျပန်တွင် အခြေချခဲ့သည်။ ဂျပန်တွင် မွေးပြီး ဂျပန်တွင် ကြီးပြင်းလာသော Yusuke သည် ထိုင်ဝမ်မရောက်ခင် Yang Yu Teng ၏ ဘဝဖြစ်ခဲ့သည်။ Yusuke ၁၆ နှစ် အရွယ်တွင် ဖခင်ဖြစ်သူ ရုတ်တရက် ဆုံးပါးခဲ့ပြီး လုပ်ငန်းအရှုံးပေါ်ခဲ့သောကြောင့် မိခင်ဖြစ်သူက အမျိုးများရှိရာ ထိုင်ဝမ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်မှ စ၍ Yusuke ဟုသော ဂျပန်နာမည်မှာ အသုံးနည်းလာ၍ Yang Yu Teng အဖြစ်သာ ပတ်ဝန်းကျင်အသစ်တွင် ဆက်လက်နေထိုင်ခဲ့သည်။ ထိုင်ဝမ်ရောက်စတွင် အမေဖြစ်သူ၏ အစ်မတော်စပ်သူ အဒေါ်ဖြစ်သူ၏ ကြည့်ရှုစောင့်ရှောက်မှုဖြင့် Yang Yu Teng တို့ သားမိမှာ အဆင်ပြေခဲ့သော်လည်း Yang Yu Teng အထက်တန်းကျောင်းသားဘဝမှ တရှောင်ရှောင်ဖြစ်လာသော မိခင်ဖြစ်သူ၏ ကျောက်ကပ်ရောဂါက ပိုပိုဆိုးလာသည်။ ရောဂါသည် အမေကြောင့် အထက်ကျောင်းပြီးကတည်းက တက္ကသိုလ်ဆက်တက်ဖို့ မစဉ်းစားနိုင်ပဲ ရသမျှ အလုပ်များကိုသာ ကြိုးစားလုပ်၍ ဘဝကို ရုန်းကန်ခဲ့သည်။ ထိုသို့ အလုပ်ထဲ ခေါင်းစိုက်နေသော Yang Yu Teng တစ်ယောက် အထက်တန်းကျောင်း သူငယ်ချင်းဖြစ်သူ Luo Luo နှင့် အမှတ်မထင် ထိုနေ့က ပြန်ဆုံဖြစ်ခဲ့သည်။
YOU ARE READING
Never Let You Go
FanfictionNo Regrets ဆိုတဲ့ ရုပ်ရှင်ရဲ့ ဇာတ်လမ်းကျောရိုးကို ယူပြီး ရေးသားထားတဲ့ SamYU Fan Fiction တစ်ပုဒ်ဖြစ်ပါတယ်။ "ပတ်သက်မှုတစ်ခုမှာ တစ်ဖက်က လက်မလွှတ်သရွေ့ လုံးဝ အဆုံးမသတ်ဘူး။ ငါ မင်းကို ဘယ်တော့မှ လက်မလွှတ်ဘူး" ‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူ...