❗ (7) ❗

227 22 6
                                    

ကွန်ဒိုရောက်တဲ့အထိ မနိုးသေးသော Yang Yu Teng ကို ကုန်းပိုးခေါ်လာ၍ ကုတင်ပေါ်တွင် သိပ်ထားလိုက်သည်။

ထို့နောက် ရေမိုးချိုးပြီး bathrobe ဖြင့် ထွက်လာသော Lin Zi Hong သည် အင်္ကျီထုတ်ရန် ဘီဒိုဖွင့်ရင်း ကုတင်ပေါ်တွင် အိပ်ပျော်နေသော Yang Yu Teng ကို လှမ်းကြည့်မိသည်။ မီးရောင်မှိတ်မှိတ်အောက်တွင် အိပ်ပျော်နေသော Yang Yu Teng ၏ မျက်နှာက ကလေးလေးလို့ ဖြူစင်နေသည်။ Lin Zi Hong ကုတင်ပေါ်သို့ အသာတက်၍ အိပ်ပျော်နေသော Yang Yu Teng ၏ မျက်နှာကို အနီးကပ် သေချာကြည့်မိသည်။ ဒီကောင်လေး အမြဲ သန်မာချင်ယောင်ဆောင်‌နေပေမဲ့ ဘယ်လောက်တောင် ဝေဒနာတွေများနေမလဲ။ Yang Yu Teng နှင့် ပတ်သက်ပြီး Lin Zi Hong အများကြီးတော့ မသိ။ သိချင်စိတ်များလည်း ဖြစ်မိသည်။ ထိုသို့ အိပ်ပျော်နေသော Yang Yu Teng ကိုလည်း သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

Yang Yu Teng သည် ယောင်္ကျားလေးတစ်ယောက်ဆိုသော်လည်း ဖြူအုသော အသားအ‌ရေနှင့် လှလွန်းမှန်း Lin Zi Hong သတိထားပြီးသား ဖြစ်နေသည်။ သို့သော် အနီးကပ်ကြည့်မှ ပို၍ သိသာနေသည်။ ထို့အပြင် အရက်အရှိန်ကြောင့် နီရောင်ပြေးနေသော ပါးများနှင့် နီရဲစိုနေသော နှုတ်ခမ်းလေးများက Lin Zi Hong ၏ ရင်ခုန်သံကို မြန်လာစေသည်။ အထူးသဖြင့် နှုတ်ခမ်းရဲရဲလေးများက Lin Zi Hong ကို ဗျာများကာ အာခေါင်ခြောက်စေသည်။ Lin Zi Hong ၏ စိတ်တို့ ထွေပြားလာပြီး အရဲစွန့်ကာ Yang Yu Teng ၏ နှုတ်ခမ်းနားသို့ အသာ တိုးကပ်သွားမိသည်။

နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသော Yang Yu Teng သည် သူ့မျက်နှာနား ကပ်လာသော အသက်ရှူသံနှင့် ကိုယ်ငွေ့ကြောင့် မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ သူနှင့် အနီးကပ်ဆုံးတွင် ရှိနေသော Lin Zi Hong ကို မြင်လိုက်ရသည့်အပြင် နှုတ်ခမ်းအထိအတွေ့ကို သူခံစားလိုက်ရသည်။ ရုတ်တရက် လန့်သွားသော Yang Yu Teng က Lin Zi Hong ကို ဆောင့်တွန်းပြီး ကုတင်ပေါ်မှ ဆင်း၍ မတ်တပ်ရပ်လိုက်လိုက်သည်။ ဆောင့်တွန်းခံလိုက်ရ၍ ကုတင်ပေါ်တွင် လှဲသွားသော Lin Zi Hong က မလုံမလဲဖြင့် Yang Yu Teng ကို အကြည့်လွှဲ‌နေသည်။

ရုတ်တရက် ဗျာများသွားသော Yang Yu Teng က မတ်တပ်ရပ်နေရင်းပင် တစ်စုံတစ်ခု သတိရသွားဟန်ဖြင့် Lin Zi Hong ကို ပြန်ကြည့်ကာ ခနဲ့ပြုံး ပြုံးပြလိုက်သည်။ ထိုအပြုံးသည် အဓိပ္ပာယ်ရှိသည်။

Never Let You GoWhere stories live. Discover now