2

461 26 0
                                    

Bar ရဲ့ ထောင့်တစ်နေရာမှာ ရပ်၍ ဝိုင်ခွက်များကို သေချာသုတ်နေရင်း ညောင်းညာလာတဲ့ သူက ဇက်ကြောကျိုးလိုက်တယ်။ အညောင်းပြေ အညာပြေ Bar တစ်ခုလုံးကို တစ်ချက် ဝေ့ကြည့်လိုက်တော့ သူ သတိထားလိုက်မိသည်က မလှမ်းမကမ်းမှာ ထိုင်နေတဲ့ ထိုလူ။

#_#_#_#

Shu Chen ရဲ့ မိတ်ဆက်ပေးမှုနဲ့ Gay Bar တစ်ခုမှာ waiter အဖြစ် အလုပ်ရသည်မှာ တစ်လနီးနီး ရှိခဲ့ပြီ။ Shu Chen က ထိုအလုပ်ရဖို့ ကူညီပေးခဲ့သော်လည်း စိတ်ပြောင်းလျှင် သူ့ဆီ လာဖို့ဝောာ့ တတွင်တွင် ပြောနေဆဲ။ ထို Bar ကတော့ Shu Chen လို့ KTV လို ရှုပ်ရှုပ်ယှက်ယှက် မရှိ၍ သူ စိတ်အေးရသည်။ လစာကတော့ ဆေးရုံစရိတ် ရှိနေသည့်အပြင် အဒေါ်ဖြစ်သူမှာလည်း အသက်ကြီးပြီဖြစ်သောကြောင့် အိမ်စရိတ်ပါ အဆင်ပြေသလို ထောက်နေရသည့်အတွက် လောက်ငသည်လည်း မဟုတ်။ အိပ်ချိန် နည်းနည်းဖယ်၍ မနက်ပိုင်းတွင် အချိန်ပိုင်းအလုပ်များ ထပ်လုပ်ရသေးသည်။

မလှမ်းမကမ်းတွင် ထိုင်နေသော ထိုလူသည် သူ ဒီ Bar ကို ရောက်ပြီးကတည်းက သတိအထားမိဆုံး ဧည့်သည်လို့ ပြောလျှင် မှန်သည်။

အဖိုးတန်တဲ့ နာရီ၊ အဖိုးတန်တဲ့ ဖိနပ်အပြင် အနောက်တိုင်းအင်္ကျီဝတ်စုံ‌ပြည့်နှင့် Briefcase တစ်လုံးကိုင်ကာ ရောက်လာတတ်တဲ့ ထိုလူက လူချမ်းသာတစ်ယောက်မှန်း ခန့်မှန်းရလွယ်သည်။ သူ့လို ဖာသိဖာသာ နေတတ်သူတစ်ယောက်က ထိုလူကို အထူးတလည်သတိထားမိသည့်အကြောင်းမှာ နှစ်ချက်ရှိပါသည်။

ပထမတစ်ချက်မှာ ထိုလူသည် ဒီ Bar ရဲ့ ပိုင်ရှင်ဖြစ်သူ Ray ၏ သူငယ်ချင်းဖြစ်ပြီး ထိုလူ ဆိုင်လာချိန်တွင် ဂရုစိုက်ပေးရန် ဝန်ထမ်းများကို မှာထားသောကြောင့်ဖြစ်သည်။ ထို့သို့ ဂရုစိုက်ရန် မှာထားသောကြောင့် သတိထားမိရာမှ ထိုလူ၏ ရေချိန်ကိုက်လာလျှင် ဝမ်းနည်းလာတတ်သော မျက်လုံးများကြောင့် သူ ပို၍ သတိထားမိလာသည်မှာ ဒုတိယအချက် ဖြစ်သည်။

ထိုလူ၏ ဝမ်းနည်းနေတတ်သော မျက်လုံးများက သူ့အတွက်တော့ ထူးဆန်းသလို တွေးမိသည်။

သူ ရောက်ပြီး တစ်လတာ ကာလအတွင်း ထိုလူ Bar ကို လာသည်မှာ ယနေ့နှင့်ဆို လေးခါရှိပြီဖြစ်သည်။ ဧည့်သည်အများစုက ချစ်သူ သူငယ်ချင်းများနှင့် လာကြသော်လည်း ထိုလူက အမြဲတမ်း တစ်ယောက်တည်းသာ လာသည်။ သူငယ်ချင်းရဲ့ Bar ကို လာသော်လည်း သူငယ်ချင်းနှင့်အတူ မသောက်၊ တစ်ယောက်တည်းသာ သောက်နေတတ်သည်။ ဒီလူ့ကို ဝန်ထမ်းများနှင့် စ၍ မိတ်ဆက်ပေးသည့် နေ့ကသာ သူငယ်ချင်း Ray နှင့်အတူ ထိုင်သောက်သည်ကို တွေ့ရသည်။ ထိုနေ့က ဖြတ်လျှောက်ရင်း ကြားရသလောက်တော့ အရင်ကတည်းက အမြဲ လာလေ့ရှိသူ မဟုတ်။ အခုတလောမှသာ ဒီ Bar ကို ဓာတ်ကျနေပုံရသည်။

Never Let You GoWhere stories live. Discover now