13

124 19 2
                                    

Yang Yu Teng တစ်ယောက် Lin Zi Hong ရုံးထိုင်ရာ ကုမ္ပဏီ၏ ကားပါကင်နားတွင် ရုံးဆင်းလာမည့် Lin Zi Hong ကို စောင့်နေသည်။ KTV မှာ လုပ်စဉ်က ကိုယ်ကိုယ်ကိုယ် မလုံ၍ မသွားဖြစ်ခဲ့သော အဒေါ်ဖြစ်သူ၏ အိမ်ကို သွားလည်၍ တစ်နေကုန်အချိန်ဖြုန်းခဲ့သည်။ ညနေပိုင်းမှာတော့ Lin Zi Hong နှင့် ချိန်းထားသောကြောင့် Yang Yu Teng လာစောင့်နေခြင်းဖြစ်သည်။

"Yang Yu Teng!"

ခေါ်သံနှင့်အတူ Lin Zi Hong အနားသို့ အပြေးရောက်လာသည်။ အနားရောက်သည်နှင့် ချက်ချင်းဆိုသလို Yang Yu Teng ကို ဆွဲဖက်လိုက်သည်။ ထိုအခါ Yang Yu Teng က သဘောတကျ တခစ်ခစ် ရယ်မော၍ ပြန်ဆွဲခွာလိုက်သည်။

"အစ်ကို့ ကုမ္ပဏီက ဝန်ထမ်းတွေ မြင်မယ်လေ..."

"အဒေါ် အိမ်မှာ ‌ပျော်ခဲ့လား"

Yang Yu Teng ပြုံး၍ ခေါင်းညိတ်ပြသည်။ ထို့နောက် နှစ်ယောက်လုံး ကားပေါ်တက်လိုက်ကြသည်။ Lin Zi Hong က ကားမောင်းမည့်နေရာတွင် ဖြစ်ပြီး Yang Yu Teng က ဘေးခုံတွင် ဖြစ်သည်။ Lin Zi Hong က Yang Yu Teng ၏ လက်ဝါးတစ်ဖက်ကို လက်ချောင်း ယှက်ကိုင်၍

"ငါတို့ ဘယ်သွားကြမလဲ တစ်ခုခု သွားစားကြမလား"

"စားမယ်လေ ဒါပေမဲ့ ကျွန်ဝောာ် စာအုပ်ဆိုင်အရင် သွားချင်တယ် ‌လိုနေတဲ့ စာအုပ်လေးတွေ ရှိလို့"

"ကောင်းပြီ... အကောင်းဆုံး စာအုပ်ဆိုင်ကို ပို့ဆောင်ပေးပါ့မယ် လူကြီးမင်း"

Lin Zi Hong စနောက်နေပြန်၍ Yang Yu Teng တခစ်ခစ် ရယ်မောနေပြန်သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

စာအုပ်ဆိုင်တွင် သူလိုချင်သည့်စာအုပ်များကို သေချာရွေးနေသော Yang Yu Teng ကို ခပ်လှမ်းလှမ်းက ပြုံး၍ ငေးကြည့်နေမိသည်။ ချစ်သူတွေဖြစ်ပြီးမှ မြင်လာရတဲ့ Yang Yu Teng ၏ ပုံစံအသစ်တွေက သူ့အတွက် တကယ် ကျေနပ်စရာဖြစ်သည်။ အရင်က မတွေ့ခဲ့ရသော ကလေးဆန်ဆန်အပြုံးလေးများကိုလည်း သူ ဒီတစ်သက် အဆုံးရှုံးမခံနိုင်တော့ဟု တွေးမိသည်။ ထို့အချိန်တွင် ခေါင်းထဲဝင်လာသော အတွေးကတစ်ခုက Lin Zi Hong ၏ စိတ်ကို ချက်ချင်းပူလောင်သွားစေပြန်သည်။

Never Let You GoWhere stories live. Discover now