9

143 19 1
                                    

Lin Zi Hong အလွမ်းများကို မြိုသိပ်ရင်း အလုပ်များချင် ယောင်ဆောင်နေခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီ။

ညနေစောင်းလျှင် ဂဏမငြိမ်ဖြစ်တတ်လာသော စိတ်ကို အာရုံလွှဲရန် ရုံးမဆင်းပဲ အလုပ်များ ရှာကြံလုပ်နေတတ်သည်။ တစ်ခါတလေ အိမ်ကို မောင်းသည့်ကားက KTV နား ရောက်သွားတတ်၍ ပြန်ကွေ့လာရပြန်သည်။ တစ်ခါတလေလည်း မူးအောင် သောက်၍ အိပ်ပစ်လိုက်သည်။

ကတိတစ်လုံးတည်ဖို့ ရုန်းနေရတဲ့အခါ Yang Yu Teng ၏ တောင်းဆိုမှုကို သူကိုယ်တိုင် ခေါင်းညိတ်ခဲ့မိသည်ကိုပင် နောင်တရသလိုလို ဖြစ်မိသည်။ အပြေးတစ်ပိုင်း သွားတွေ့ချင်စိတ်များကို ကြိုးစားထိန်းနေရသည်။ ယခုလည်း ညနေစောင်းလာ၍ စိတ်တွေက လွှင့်မြောလာပြန်သည်။

သို့သော် ဖုန်း ringtone သံကြောင့် Lin Zi Hong အတွေးများ လွှင့်ပြယ်သွားသည်။

"ဟုတ်ကဲ့ အမေ..."

"Zi Hong သား... မနက်ဖြန် ညနေ အမေနဲ့ Xiwang မင်္ဂလာပွဲအတွက် Hotel မှာ စီစဉ်စရာရှိတာလေးတွေ စီစဉ်ပြီးရင် ညနေ ညစာစားမလို့... သားလည်း ရုံးဆင်းရင် လာခဲ့ပါဦး"

ဘာမှ ပြန်မပြောမိခင် Lin Zi Hong သက်ပြင်းသာ ချလိုက်မိသည်။

#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

KTV မဖွင့်ခင် အချိန်လေးတွင် Shu Chen ၏ ရုံးခန်းအတွင်း Yang Yu Teng သာမက တခြားလုပ်ဖော်ကိုင်ဖက် ကောင်လေးများ ရှ်ိနေသည်။

Shu Chen ခေါ်၍ မှာတမ်းခြွေခြင်း ကိစ္စများကို အစည်းအဝေးသဘောမျိုး ပြောချင်နေခြင်းဖြစ်သည်။ အက်ထပ်ကြောင်းနေသော စကားများဖြစ်သော်လည်း အားလုံး ကြိတ်မှိတ်ကာ နားထောင်နေရသည်။

"ဒေါက် ဒေါက် ဒေါက်"

အခန်းတံခါးကို ခေါက်သံပေး၍ အရပ်ရှည်ရှည် ခပ်တောင့်တောင့် လူတစ်ယောက် ဝင်လာသည်။

"Hello... Shu Chen"

ထိုလူက ပြုံး၍ နှုတ်ဆက်သည်။

"ဟာ... Lucas"

ထိုလူကို မြင်သည်နှင့် Shu Chen မှာ ပျာပျာသလဲ ကြိုဆိုပြီး ကောင်လေးများကို အခန်းထဲမှ ထွက်သွားရန် ပြောတော့သည်။ ထိုအခါ Yang Yu Teng လည်း အပေါက်ဝ‌တွင် ရပ်နေသော ထိုလူနားမှ ဖြတ်၍ အခန်း အပြင်သို့ ထွက်သော်လည်း အထူးတလည်တော့ လှည့်မကြည့်ဖြစ်။

Never Let You GoWhere stories live. Discover now