15

134 15 0
                                    

ထိုနေ့မှစ၍ Lin Zi Hong နှင့် Yang Yu Teng တို့ ချစ်သူဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြသည်မှာ တစ်လနီးပါးခန့် ရှိပြီဖြစ်သည်။ ထိုတစ်လအတွင်း Lin Zi Hong ကွန်ဒိုတွင် တစ်လှည့် အိပ်လိုက်၊ Yang Yu Teng အိမ်တွင် တစ်လှည့်အိပ်လိုက်နှင့် အဆင်ပြေသလို နေနေကြသည်။ Yang Yu Teng သည် Ray မိတ်ဆက်ပေးသော စားသောက်ဆိုင်တစ်ဆိုင်တွင် စားဖိုဆောင်အလုပ်သင် ဝင်လုပ်ရင်း လာမဲ့ စာသင်နှစ်တွင် ကျောင်းပြန်တက်ရန် ပြင်ဆင်နေသည်။

Lin Zi Hong ကတော့ ထုံးစံအတိုင်း နေ့စဉ် ရုံးတက်၍ ညတိုင်း စားသောက်ဆိုင်မှ အလုပ်ဆင်းသော Yang Yu Teng ကို သွားကြိုသည်။ ယခုလည်း စားသောက်ဆိုင်မှ အတူတူ ပြန်လာသော သူတို့နှစ်ဦးသည် Lin Zi Hong ကွန်ဒို၏ ဓာတ်လှေကားအတွင်း ရှိနေကြသည်။ သူတို့ဆင်းမည့် အထပ်မရောက်ခင် တခြားလူတစ်ယောက်ဆင်းသွား၍ ဓာတ်လှေကားအတွင်း နှစ်ဦးတည်း ကျန်သောအခါ Yang Yu Teng က Lin Zi Hong ၏ ပခုံးကို မှီ၍

"ပင်ပန်းလိုက်တာ..."

ထိုအခါ Lin Zi Hong က Yang Yu Teng ၏ ဆံပင်များကို အသာအယာပွတ်သပ်ပေး၍

"အရမ်းပင်ပန်းနေတာလား..."

"မဟုတ်ပါဘူး... နည်းနည်းပါ... ဒီနေ့ ဆိုင်မှာ ပွဲလုပ်တဲ့ဧည့်သည်ရှိလို့လေ နည်းနည်း အလုပ်များသွားတာ"

ထိုအချိန်တွင် သူတို့ ဆင်းမည့် အထပ်ကို ရောက်၍ ဓာတ်လှေကားတံခါးဖွင့်သည်နှင့် Lin Zi Hong က ရုတ်တရက် Yang Yu Teng ကို ပွေ့ချီလိုက်၍ ဓာတ်လှေကားအတွင်းမှ ထွက်လိုက်သည်။ ထိုအခါ Yang Yu Teng က ပြုတ်ကျမှာစိုးပြီး Lin Zi Hong ၏ လည်ပင်းကို အမိအရ သိုင်းဖက်ထားမိသည်။

"ဘာလုပ်တာလဲ..."

"ပင်ပန်းနေတယ်ဆို... ချီသွားမယ်လေ"

Yang Yu Teng သဘောကျစွာ ရယ်‌မော၍ ပြန်ချခိုင်းသည်။ Lin Zi Hong က မချပေးပဲ အခန်းထိ တောက်‌လျှောက် ချီသွားသည်။ Lin Zi Hong လက် မအား၍ အခန်းတံခါး Password ကို Yang Yu Teng က ဖွင့်သည်။
အခန်းတံခါးဝအတွင်း ဝင်သည်အထိ Lin Zi Hong က မချပေးသောကြောင့် Yang Yu Teng က ချပေးရန် ရယ်မောပြောနေပြန်သည်။

"ချတော့လေ..."

"မချဘူး... ရေချိုးခန်းထဲထိ ချီသွားမှာ..."

Never Let You GoWhere stories live. Discover now