Lin Zi Hong ၏ အိပ်ယာပေါ်တွင် မြုပ်ဝင်အိပ်ပျော်နေသော Yang Yu Teng နိုးလာသည်။ အိပ်ချင်မူးတူးဖြင့် ဘေးနေရာကို လှည့်ကြည့်တော့ Lin Zi Hong မရှိပေ။ သို့သော် မီးဖိုချောင်ဘက်မှ အသံအချို့တော့ ကြားရသဖြင့် အိပ်ရာမှ ထကာ မီးဖိုချောင်သို့ ထလာခဲ့သည်။ မီးဖိုနားတွင် တစ်စုံတခုချက်နေသော Lin Zi Hong ၏ နောက်ကျောကြည့် မြင်ရသောအခါ Yang Yu Teng ပြုံး လိုက်သည်။ ထို့နောက် ခြေဖျားကို အသာဖွလှမ်း အနားကပ်သွားပြီး နောက်ကျောမှ ခါးကို အသာဖက်လိုက်သည်။
သူ့ခါးကို လာဖက်သည်မှာ မည်သူ ဖြစ်မည်ကို အတိအကျသိနေသော Lin Zi Hong က Yang Yu Teng ၏ လက်နှစ်ဖက်ကို ကိုင်၍ မျက်နှာချင်းဆိုင်ရန် လှည့်လိုက်သည်။ ထို့နောက် Yang Yu Teng ၏ နဖူးကို လက်ဖြင့် အသာအုပ်စမ်း၍
"အဖျား ငွေ့ငွေ့ကျန်သေးတယ်..."
Yang Yu Teng ပြုံးပြ၍
"မနေ့ကထက်တော့ နေလို့ကောင်းပါတယ်... သက်သာနေပါပြီ..."
ထို့နောက် မီးဖိုပေါ်မှ အိုးကို လှမ်းကြည့်၍
"ဘာတွေချက်နေတာလဲ"
"ဆန်ပြုတ်လေ... ဒီနေ့ ရုံးမှာ အစည်းအဝေးရှိလို့ သွားရဦးမယ်... ဆေးမသောက်ခင် ဆန်ပြုတ်သောက်လိုက်နော်"
Yang Yu Teng နေမကောင်းသောကြောင့် Lin Zi Hong မနေ့ကတည်းက ရုံးမသွားပဲ အနားမှာနေ၍ ဂရုစိုက်ပေးခဲ့သည်။
Yang Yu Teng ခေါင်းညိတ်၍
"ရပါတယ် သွားပါ... ကျွန်တော် သက်သာနေပြီ... ကျွန်တော်လည်း အလုပ်သွားမလားလို့..."
Lin Zi Hong သည် Yang Yu Teng ၏ ပခုံးနှစ်ဖက်ကို ကိုင်၍
"ဒီနေ့ နားလိုက်ပါဦး... အဖျားငွေ့ငွေ့ ရှိသေးတယ်... အိမ်မပြန်နဲ့ ဒီမှာပဲ နားနေ... အစည်းအဝေးပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်လေ"
Lin Zi Hong ၏ သဘောကို လက်ခံသည့်အနေဖြင့် Yang Yu Teng ခေါင်းညိတ်လိုက်သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#နေ့စာစားပြီး ဆေးသောက်ပြီးသော Yang Yu Teng သည် အဖျားလည်း ပျောက်နေပြီဖြစ်၍ မီးဖိုချောင်အတွင်း ဆေးကြောစရာရှိသည်များကို ဆေးကြောနေသည်။ တံခါးဖွင့်သံကြားသော် Yang Yu Teng ဆေးလက်စများကိုသာ ဆေးကြောနေသည်။ Lin Zi Hong သာ ဖြစ်လိမ့်မယ်မည်ဟု သူတွေးမိသောကြောင့်ဖြစ်သည်။
YOU ARE READING
Never Let You Go
FanfictionNo Regrets ဆိုတဲ့ ရုပ်ရှင်ရဲ့ ဇာတ်လမ်းကျောရိုးကို ယူပြီး ရေးသားထားတဲ့ SamYU Fan Fiction တစ်ပုဒ်ဖြစ်ပါတယ်။ "ပတ်သက်မှုတစ်ခုမှာ တစ်ဖက်က လက်မလွှတ်သရွေ့ လုံးဝ အဆုံးမသတ်ဘူး။ ငါ မင်းကို ဘယ်တော့မှ လက်မလွှတ်ဘူး" ‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူ...