ဘာဖြစ်လာသလဲ သေချာမသိသော်လည်း Lin Zi Hong စိတ်ပင်ပန်းလာမည်ကိုတော့ Yang Yu Teng ရိပ်မိသည်။ ထို့ကြောင့် Lin Zi Hong ၏ ကျောပြင်ကို ပွတ်သပ်ပေးနေမိသည်။
Yang Yu Teng ၏ ရင်ခွင်ထဲတွင်ရှိနေသော Lin Zi Hong သည် Yang Yu Teng ကို တင်းဖက်စွာ ဖက်ထားပြီး တစ်ခုတည်းသော အတွေးကိုသာ တွေးနေမိသည်။ သူ ဒီကောင်လေးကို အဆုံးရှုံးမခံနိုင်ဘူး ဟူသည့် အတွေးဖြစ်သည်။ ထိုကဲ့သို အတန်ကြာ အပြန်အလှန် ဖက်ထားပြီးသည့်နောက် Lin Zi Hong ရင်ခွင်ထဲမှ ထွက်လာသည်။ သူ့အား ပြုံးပြနေသော Yang Yu Teng ၏ မျက်နှာလေးကို ငေးကြည့်ရင်း ဖြေးညှင်းစွာ တိုးကပ်၍ နှုတ်ခမ်းခြင်း ထိစပ်လိုက်သည်။ Lin Zi Hong ၏ တိုးကပ်လာမှုကို သိနားလည်နေသော Yang Yu Teng က မျက်လုံးများကို အသာအယာမှိတ်၍ ထိုအနမ်းကို စီးမြောလိုက်သည်။
Lin Zi Hong က အနမ်းတွေ ဖလှယ်နေရင်း Yang Yu Teng ကို ထမင်းစားပွဲခုံနားသို့ တွန်းသွားသည်။ စားပွဲခုံအနားစွန်းနဲ့ Yang Yu Teng ထိသွားသောအခါ အနမ်းများကို အရှိန်သတ်လိုက်ပြီး Lin Zi Hong က သူ့အား ခွက်တစ်လုံးသာ ရှိ၍ ရှင်းနေသော စားပွဲခုံပေါ်သို့ ပင့်တင်ရန် ကြိုးစားသည်။ Lin Zi Hong ဆန္ဒကို နားလည်သော Yang Yu Teng က သူကိုယ်တိုင် အလိုက်သင့် စားပွဲခုံပေါ် တက်ထိုင်လိုက်သည်။
Lin Zi Hong သည် စားပွဲပေါ်တွင် ထိုင်နေသော Yang Yu Teng ၏ ပေါင်တံနှစ်ခုကြားတွင် အလိုက်သင့်၀င်၍ မျက်စိရှေ့တွင် ရှိသော Yang Yu Teng ကို ရီဝေဝေ ငေးနေပြန်သည်။ Yang Yu Teng က Lin Zi Hong ၏ လည်ပင်းကို သိုင်းဖက်၍ ပိုနီးကပ်အောင် ဆွဲယူလိုက်သည်။ Lin Zi Hong သည် Yang Yu Teng ၏ ခါးနှစ်ကို ကိုင်၍ ပါးမို့မို့လေးကို ရှိုက်နမ်းလိုက်သည်။ ထို့နောက် နားရွက်ကို နမ်းသည်။ မေးရိုးကို နမ်းသည်။ လည်တိုင်သို့ စုန်ဆင်းသွားသော Lin Zi Hong ၏ အနမ်းများကို Yang Yu Teng က လည်တိုင်ကို စောင်းပေး၍ အလိုက်သင့် ခံယူသည်။
Lin Zi Hong သည် လည်တိုင်တစ်လျှောက် အနမ်းများပေးရင်း Yang Yu Teng ကို စားပွဲခုံပေါ်သို့ လှဲချလိုက်သည်။
ခွမ်းခနဲ ကြားလိုက်ရသော အသံကြောင့် အသံလာရာ စားပွဲအောက်ကို Yang Yu Teng လှည့်ကြည့်လိုက်သည်။ ကျကွဲသွားသော ခွက်တစ်လုံးကို တွေ့လိုက်ရသည်။
YOU ARE READING
Never Let You Go
FanfictionNo Regrets ဆိုတဲ့ ရုပ်ရှင်ရဲ့ ဇာတ်လမ်းကျောရိုးကို ယူပြီး ရေးသားထားတဲ့ SamYU Fan Fiction တစ်ပုဒ်ဖြစ်ပါတယ်။ "ပတ်သက်မှုတစ်ခုမှာ တစ်ဖက်က လက်မလွှတ်သရွေ့ လုံးဝ အဆုံးမသတ်ဘူး။ ငါ မင်းကို ဘယ်တော့မှ လက်မလွှတ်ဘူး" ‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူ...