21

100 16 1
                                    

"လူချမ်းသာတွေဆိုတာ သူတို့ဘဝရဲ့ အရေးကြီးတဲ့အရာတွေနဲ့ ယှဉ်လာရင် မင်းကို စွန့်ပစ်ဖို့ ဝန်လေးမှာမဟုတ်ဘူး"

"မင်းကို Lin Zi Hong မပြောဘူးမလား"

"အလုပ်ကိစ္စပါ... ရုံးက ဝန်ထမ်းအချို့နဲ့ သွားမှာ"

"တစ်ခုတော့ ယုံကြည်ပေးပါ... ငါမင်းကို အရမ်း ချစ်တယ်"

စားသောက်ဆိုင်၏ မီးဖိုချောင်တွင် အသီးအရွက် လှီးနေသော Yang Yu Teng ၏ အာရုံက ခေါင်းထဲ ဝင်ဝင်လာ‌သော ထိုစကားများကြောင့် ပြန့်လွင့်နေသည်။

"အား!..."

ပြန့်လွင့်နေသော စိတ်ကြောင့် Yang Yu Teng လက်‌ချောင်းထိပ်လေးကို ဓားထိခဲ့ပြီ။ သွေးထွက်လာသော လက်ကို ဆေးရန် သန့်စင်ခန်းအတွင်း အမြန်ဝင်လိုက်သည်။ ရေပိုက်ခေါင်းအောက်တွင် သွေးထွက်‌နေသောလက်ကို ထား၍ Yang Yu Teng မျက်ရည်များ စီးကျလာသည်။ တခြားသူ မြင်လျှင်တော့ လက်ထိ၍ ငိုနေသည်ဟု Yang Yu Teng ကို ထင်ကောင်း ထင်နိုင်သည်။ သို့သော် Yang Yu Teng ၏ မျက်ရည်များက ရင်ဘတ်ထဲက ဒဏ်ရာကြောင့် ဖြစ်သည်။

ထိုအချိန်တွင် Yang Yu Teng ဖုန်းမှ massage Noti ဝင်လာသည်။ Yang Yu Teng ကောက်ကြည့်လိုက်တော့ Lin Zi Hong ဆီက ဖြစ်သည်။ ပို့လာသော စာ၏ အကြောင်းအရာကို ဖတ်ကြည့်၍ Yang Yu Teng မျက်ရည်များ သုတ်ကာ ခပ်ခြောက်ခြောက် လှောင်ရယ်လိုက်သည်။ Lin Zi Hong အတွက် ဒီထက်ပိုပြီးလည်း မငိုချင်တော့ပါ။ "ဘာလုပ်နေလဲ... သတိရတယ်" ဟူသော အချိုသပ်မှုက အစပြု၍ အလုပ်ကိစ္စမပြီးပြတ်၍ နောက်တစ်ည ထပ်အိပ်ရမည့်အကြောင်း ပြောပြခြင်း ဖြစ်သည်။

လိမ်ညာနေမှန်း သိနေသည့် Yang Yu Teng အတွက်တော့ မပြီးပြတ်သည့် အလုပ်ကိစ္စဆိုသည့် စကားက လှောင်ရယ်ချင်စရာကောင်းလွန်းနေသည်။ အရင်က Lin Zi Hong ကို ပြန်ချစ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသလို ယခုလည်း Lin Zi Hong နဲ့ ရှေ့ဆက်ဖို့လည်း ခက်ခက်ခဲခဲ ဆုံးဖြတ်နေရပြန်သည်။ သို့သော် ထိုစာများကို မြင်ချိန်မှာတော့ Yang Yu Teng ၏ သည်းခံခြင်းက အဆုံးအစွန်ကို ရောက်ခဲ့ပြီ။ အပြတ်သားဆုံး ဆုံးဖြတ်ချက်တစ်ခုကို Yang Yu Teng ချလိုက်ပြီ ဖြစ်သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

Never Let You GoWhere stories live. Discover now