Lin Zi Hong ခရီးပြန်လာသည့် လမ်းတစ်လျှောက်တွင် Yang Yu Teng ကို ခဏခဏ ဖုန်းခေါ်နေခဲ့သည်။ သို့သော် Yang Yu Teng ဖုန်းမကိုင်ပေ။ တစ်ညအိပ်လို့ ပြောခဲ့ပြီး နှစ်ညအိပ်ကာ သုံးရက်မြောက်နေမှ ပြန်လာသော သူ့ကို Yang Yu Teng စိတ်ဆိုးနေမှာ သေချာသည်ဟု Lin Zi Hong တွေးသည်။
ထိုအချိန်တွင် ဝင်လာသော ဖုန်း call တစ်ခုကို Yang Yu Teng အထင်နှင့် Lin Zi Hong အမြန်ကိုင်လိုက်သည်။
"Zi Hong... "
Ray ၏ အသံဖြစ်သည်။ Lin Zi Hong စိတ်ပျက်သွားသော်လည်း Ray ကို ပြန်တုန့်ပြန်လိုက်သည်။
"Ray ပြောလေ"
"Yang Yu Teng ရုတ်တရက်ကြီး ဘာလို့ အလုပ်ထွက်သွားတာလဲ... မင်းသိလား"
"ဟမ်! အလုပ်ထွက်သွားတယ် ဟုတ်လား"
Lin Zi Hong အံ့ဩသွားရသည်။
"ဘာလဲ... မင်း မသိဘူးလား... ငါက မင်း သိမယ် ထင်လို့... ငါဒီနေ့ ဆိုင်သွားရင် သိလာတာ... ပြီးတော့..."
Ray စကားတွေ ဆက်ပြောနေသော် Lin Zi Hong အတွေးများ ပြန့်လွင့်ကုန်၍ ကြားတစ်ချက် မကြားတစ်ချက်ဖြစ်ကုန်သည်။ အခုချိန်မှာ Yang Yu Teng နှင့် အမြန်ဆုံး တွေ့ရန်ကိုသာ တွေးမိနေသည်။
"Ray... ငါခရီးရောက်နေတာ... ကားမောင်းနေလို့ နောက်မှ ပြောရအောင်..."
Ray ကို စကားဖြတ်ကာ ဖုန်းချ၍ ကားကို အမြန်မောင်းရန်သာ အာရုံဆက်ထားလိုက်သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#Yang Yu Teng ၏ တိုက်ခန်းအောက်ကို ရောက်သည်နှင့် ကားရပ်ကာ တိုက်ခန်းပေါ်သို့ အမြန်ပြေးတက်သွားသည်။
"Yang Yu Teng!"
အခန်းတံခါး ပိတ်မထား၍ Yang Yu Teng ရှိလိမ့်မည်ဟု ယူဆလိုက်သည်။ အခန်းတံခါးကို ဖွင့်၍ အခန်းထဲ ဝင်လိုက်ချိန်မှာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက အံအားသင့်စေသည်။ အခန်းငယ်သည် ပုံမှန်ထက် အနည်းငယ်ရှင်းနေပြီး အသက်အလတ်ပိုင်းလောက်ရှ်ိသော သူစိမ်းတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူက Yang Yu Teng ၏ နာမည်ကို ခေါ်ပြီး ဝင်လာသော Lin Zi Hong ကို ပြန်ကြည့်နေသည်။
"အော်... Yang Yu Teng အသိလား..."
"ဟုတ်ပါတယ်... ဒါနဲ့ ဦးလေးက..."
YOU ARE READING
Never Let You Go
FanfictionNo Regrets ဆိုတဲ့ ရုပ်ရှင်ရဲ့ ဇာတ်လမ်းကျောရိုးကို ယူပြီး ရေးသားထားတဲ့ SamYU Fan Fiction တစ်ပုဒ်ဖြစ်ပါတယ်။ "ပတ်သက်မှုတစ်ခုမှာ တစ်ဖက်က လက်မလွှတ်သရွေ့ လုံးဝ အဆုံးမသတ်ဘူး။ ငါ မင်းကို ဘယ်တော့မှ လက်မလွှတ်ဘူး" ‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူ...