6

158 20 0
                                    

Lin Zi Hong ခေါ်လာသော နေရာသည် အရင်တစ်ခါ Yang Yu Teng လိုက်ပို့ဖူးသော သူ၏ ကွန်ဒိုတိုက်ခန်း ဖြစ်သည်။ တစ်ယောက်တည်းနေသော အခန်းဖြစ်၍လား မသိ၊ အခန်း၏ ဖွဲ့စည်းပုံသည် နံရံကန့်ထားခြင်းမျိုး သိပ်မရှိပဲ ‌ပွင့်လင်းသည်။ Lin Zi Hong ၏ အိမ်ခန်းအတွင်းသို့ ရောက်သည်နှင့် Yang Yu Teng အပေါ် ဝတ်ဂျာကင်အနက်ကို ချွတ်၍ စကားတစ်ခွန်း‌ စ,ပြောလိုက်သည်။

"ရေအရင်ချိုးမှာလား"

ထိုစကားကြောင့် Yang Yu Teng ကို Lin Zi Hong ပြန်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ပတ်နာရီကို သူပြန်ကြည့်လိုက်သည်။ အချိန်အားဖြင့် ကိုးနာရီထိုး‌တော့မည်။ Yang Yu Teng ကို ပြန်ကြည့်၍

"ဗိုက်ဆာလား တစ်ခုခု စားမလား... အိမ်မှာတော့ ဘာမှ မရှိဘူး... မှာစားလို့ရတယ်... စားချင်တာပြော..."

သူ့အမေးကို ‌မဖြေသည့်အပြင် မထင်ထားသည့် မေးခွန်းကိုပါ ပြန်မေးသောကြောင့် Yang Yu Teng ဇဝေဇဝါဖြစ်သွားသည်။ ဇဝေဇဝါ ဖြစ်၍ ကြောင်ကြည့်နေသော Yang Yu Teng ကို Lin Zi Hong က ဘာစားမလဲ ဟူသော သဘောဖြင့် မေးငေါ့ပြတော့ Yang Yu Teng ခေါင်းခါပြလိုက်သည်။

ထိုအခါ Lin Zi Hong ခေါင်းညိတ်ပြ၍

"ဒါဆိုလည်း ပြီးရော... ငါရေချိုးလိုက်ဦးမယ်... အော်!... ရေချိုးတယ်ဆိုတာ နေ့တိုင်းလုပ်နေကျကိစ္စနော်... မင်းနဲ့ ဘာမှမဆိုင်ဘူး... မင်းဘာသာ အဆင်ပြေသလိုနေ..."

TV ရှိရာ လက်ညွှန်ပြ၍

"TV ကြည့်ချင်လည်း ကြည့်..."

မီးဖိုချောင်ဘက် လက်ညိုးထိုးပြ၍

"သောက်စရာတစ်ခုခုဆိုလည်း ရေခဲသေတ္တာထဲမှာ..."

"ကျွန်တော့်ကို ‌ခေါ်လာတာ ဘာသဘောလဲ"

ဝေခွဲမရတဲ့ အပြုအမူတွေကို မနားမလည်နိုင်တော့တဲ့ Yang Yu Teng က မနေနိုင်စွာ စကားဖြတ်၍ မေးလိုက်သည်။ ထိုအခါ Lin Zi Hong သက်ပြင်း ခပ်ဖွဖွ ချ၍

"မင်းကို တခြားလူတစ်ယောက်နဲ့ ပါမသွားစေချင်ဘူး... အဲ့ဒါကြောင့် ခေါ်လာတာ"

Yang Yu Teng မျက်မှောင်ကြုတ်၍ မျက်နှာကို လက်ဖြင့် သပ်လိုက်သည်။

"ခင်ဗျား ဘာလို့ အဲ့လိုတွေ လုပ်‌နေတာလဲ... ခင်ဗျားကို နားမလည်နိုင်တော့ဘူး"

Never Let You GoWhere stories live. Discover now