ဝေလီဝေလင်း မနက်ငါးနာရီခန့်တွင် Yang Yu Teng ဖုန်းမှာ ဖုန်းဝင်သောကြောင့် လင်းခနဲဖြစ်သွားသည်။ ထိုအလင်းရောင်ကို မြင်လိုက်သော Lin Zi Hong က ဖုန်းမျက်နှာပြင်ကို လှမ်းကြည့်လိုက်ပြီး ကောက်ကိုင်လိုက်သည်။ Shu Chen ဆီမှ ဖုန်းဖြစ်သည်။
စကားများ ဖောင်ဖွဲ့ ပြောရင်း မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားသော Yang Yu Teng နိုးမည်စိုးသော်ကြောင့် Lin Zi Hong ဖုန်းကိုင်၍ ရေချိုးခန်းဘက်သို့ ခပ်တိုးတိုး ထွက်လာသည်။ ဖုန်းထဲက Shu Chen ကတော့ Yang Yu Teng အထင်နှင့် ဇွတ်ပြောနေသည်။ ရေချိုးခန်းရောက်မှ Lin Zi Hong စကားစ ပြောလိုက်သည်။
"ဒီမှာ ဒီမှာ... ကျွန်တော် Yang Yu Teng မဟုတ်ဘူး"
"ဒါဆို မင်းက ဘယ်သူလဲ... အော် မင်းက Lucas ပြောတဲ့ မုန့်ဆိုင်မှာ ပြသာနာရှာတဲ့ ကောင်လား"
"ဟုတ်တယ်... Yang Yu Teng နဲ့ ပတ်သက်ပြီး ခင်ဗျားနဲ့ ရှင်းစရာတွေ ရှိတယ်... ခင်ဗျား အခု KTV မှာလား"
"ဟုတ်တယ် Yang Yu Teng ရော"
"Yang Yu Teng ကို ခင်ဗျား မမေးနဲ့... မနေ့က ကိစ္စတွေအတွက် ကျွန်တော် အခုလာခဲ့မယ်"
Lin Zi Hong ဖုန်းချ လိုက်သည်။ ယခင်ကတော့ Yang Yu Teng အလုပ်မထွက်သည့် ကိစ္စကို အဖြေရှာမရဖြစ်ခဲ့သည်။ ညက Yang Yu Teng ပြောပြသောကြောင့် စာချုပ်ကိစ္စကို သူသိခဲ့ရပြီ။ ထို့ကြောင့် Yang Yu Teng နိုးလာမယ့် မနက်ခင်းသည် နေ့သစ်တစ်ခုဖြစ်ဖို့အတွက် Shu Chen နှင့် စာရင်းသွားရှင်းမှဖြစ်မည်။ Yang Yu Teng မနိုးခင် KTV သို့ သူ ထွက်လာခဲ့သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#
Shu Chen ၏ ရုံးခန်းကို ရောက်တော့ မျက်နှာမှာ ဒဏ်ရာအချို့နှင့် ထိုင်နေသော Shu Chen ကို တွေ့ရသည်။ Lin Zi Hong ကို ဘုကြည့်ကြည့်နေသည်။ Lin Zi Hong သူ့ရှေ့က ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။ Lin Zi Hong ၏ မျက်နှာမှ ဒဏ်ရာများကိုလည်း Shu Chen မြင်သောကြောင့် ဟက်ခနဲရယ်၍
"မင်းလည်း Lucas ထိုးတာ ခံထားရတာလား"
Lin Zi Hong ခွန်းတုံ့ပြန်မနေတော့ပါ။ လာရင်းကိစ္စကိုသာ စကားစလိုက်သည်။
"Yang Yu Teng ဒီအလုပ်က ထွက်ဖို့ ... ခင်ဗျားနဲ့ ချုပ်ထားတဲ့ စာချူပ်ဖျက်ဖို့ ဘယ်လိုလုပ်လို့ရမလဲ"
YOU ARE READING
Never Let You Go
FanfictionNo Regrets ဆိုတဲ့ ရုပ်ရှင်ရဲ့ ဇာတ်လမ်းကျောရိုးကို ယူပြီး ရေးသားထားတဲ့ SamYU Fan Fiction တစ်ပုဒ်ဖြစ်ပါတယ်။ "ပတ်သက်မှုတစ်ခုမှာ တစ်ဖက်က လက်မလွှတ်သရွေ့ လုံးဝ အဆုံးမသတ်ဘူး။ ငါ မင်းကို ဘယ်တော့မှ လက်မလွှတ်ဘူး" ‼️မှတ်ချက်။ ။ ဤဇာတ်လမ်းသည် တကယ့်လောကမှ မည်သူ...