Prologue

3K 167 16
                                    


<Unicode>

"Kill Me"

ကျွန်တော် သူ့ကို ချိန်ထားသော လက်ထဲက သေနတ်ကို ပစ်ချကာ သူ့မျက်လုံးထဲစိုက်ကြည့်ရင်း တစ်လုံးချင်းပြောလိုက်သည်။ စိတ်ရှုပ်သွားဟန်ရှိတဲ့ သူက ခေါင်းကို တစ်ချက်လှုပ်လိုက်ရင်း ကြောင်ကြည့်နေသည်။

"Kill Me"

ကျွန်တော် ထပ်ပြောလိုက်ရင်း ဒူးထောက်ချလိုက်သည်။ အနိုင်အရှုံးမရှိဘဲ တိုက်ခိုက်နေခဲ့ရတာ ဘယ်လောက်ကြာပြီလဲ။ သူတော့ မသိ ကျွန်တော် စိတ်ပျက်နေပြီ။ ချခဲ့တဲ့ ဆုံးဖြတ်ချက်တိုင်းကို နောင်တမရဖူးသလို ယခုဆုံးဖြတ်ချက်ကိုလည်း စိတ်လုံချင်သည်။ ကျွန်တော် ဆုံးဖြတ်လိုက်တာ မှန်မှာပါ။

"Hey Jann, Where are you? We are looking for you."

နားထဲတွင်တပ်ဆင်ထားသော ဆက်သွယ်ရေး ကိရိယာ‌မှတစ်ဆင့် JM၏ အသံကို ကြားလိုက်ရသည်။ စိတ်ပူနေဟန်အထင်းသားမို့ ကျွန်တော်ပြုံးမိသေးသည်။ ထို့နောက် ထိုကိရိယာကို ဆွဲဖြုတ်ကာ မြေပြင်ပေါ်ပစ်ချပြီး သေနတ်ကိုကောက်ကာ ထိုကိရိယာလေးကိုပစ်လိုက်သည်။ အပြစ်မရှိသော ထိုသေးသေးလေးသည် ကျည်ဆံအရှိန်ကြောင့်‌ ကြေမွသွားသည်။

ထိုအချိန်ထိ အရှေ့မှ သူက ကျွန်တော့် လှုပ်ရှားမှုတွေကို မျက်တောင် မခတ်တမ်းကြည့်နေသည်။


သေနတ်ကတော့ ချိန်ထားဆဲ။

"Kill Me"

သူ့မျက်လုံးတွေကို မော့ကြည့်လိုက်ပြီး စိတ်မရှည်စွာ နောက်တစ်ခေါက်ထပ်ပြောလိုက်မိသည်။ ကျွန်တော်က စိတ်ရှည်တတ်တဲ့ လူစားထဲမှာမပါ။ ပါးစပ်ထက် လက်က ပိုမြန်သည့်လူ။ သူကလည်း စကားမပြောဘဲ သေနတ်နဲ့ ဖြေရှင်းတတ်တဲ့သူ ဖြစ်သည်။ ဒါကို ဘာလို့ တုံ့ဆိုင်းနေတာပါလိမ့်။ ကျွန်တော့် စိတ်အထင် သူ့မျက်လုံးတွေထဲမှာ မျက်ရည်စတွေလား။

"ငါ့ကို သတ်လိုက်တော့ ဂျောင်ကု။ ငါသေရင် game overမလား။"

သူက စိုက်ကြည့်နေဆဲဖြစ်သည်။

"အခြားရွေးစရာရှိသေးလား။"

ထုံးစံအတိုင်း မေးလာပြန်သည်။

KILL ME  [JinKook]Where stories live. Discover now