Wanna live?

1.4K 132 11
                                    

_Unicode_

KILL ME
*1*

2001, DMZ, South Korea.

ပိန်းပိတ်အောင် မှောင်နေသော ညသန်းခေါင်ယံအချိန်။

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားသော နယ်နိမိတ်ဒေသရှိ တောတွင်းတစ်နေရာတွင် ပေါက်ပြားကိုယ်စီဖြင့် မြေကြီးကို တူး‌ဆွနေကြသော လူတစ်စု ရှိနေသည်။ ထိုလူတစ်စုက အသံမထွက်ရန် အကောင်းဆုံးကြိုးစားနေကြသည်ထင်သည်။ လက်ထဲမှ ပေါက်ပြားကို မြေကြီးပေါ်စိုက်ပြီး ခြေထောက်တစ်ဖက်ဖြင့် ပေါက်ပြားစွန်းကိုဖိကာ မြေကို ကော်ထုတ်ရင်း ခက်ခက်ခဲခဲတူးနေကြသည်။

စုတ်ချာနေသော အဝတ်အစားများဝတ်ထားကာ ဦးထုပ်ဝိုင်းကို ခပ်ငိုက်ငိုက်ဆောင်းထားသော အားကောင်းမောင်းသန်လူသုံးယောက်ဖြစ်သောကြောင့် ခက်ခက်ခဲခဲတူးနေရသော်လည်း မြေကျင်းမှာ အတော်နက်နေပြီဖြစ်သည်။

သူတို့ အနီးနားတွင် အနက်ရောင်အိတ်ကြီး တစ်လုံးရှိနေသည်။ ထိုအိတ်က အနည်းငယ်လှုပ်ရှားနေသည်။ သို့သော် ထိုသူတို့က သတိထားမိဟန်မတူ။ လုပ်လက်စကိုသာ အားစိုက်‌လုပ်နေကြသည်။

သူတို့နှင့် မနီးမဝေးတွင် ခေါင်းဆောင်ဖြစ်ဟန်တူသော လူတစ်ယောက်က သစ်ပင်ကို မှီကာ ထိုင်နေရင်း ဆေးလိပ်သောက်နေသည်။ ထိုသူရှိုက်ဖွာလိုက်ချိန်တိုင်း ရဲကနဲ တက်လာသော မီးစမှာ မှောင်မည်းနေသည့် ညည့်အယံဝယ် ကြောက်မက်ဖွယ်ရာ‌ ကောင်းနေသည်။ ထိုသူက ဆေးလိပ်သောက်နေရင်းမှ နာရီကို မကြာခဏ ထုတ်ကြည့်ကာ မြေတူးနေသောသူများကိုလည်း ကြည့်သည်။ ခဏအကြာတွင် သောက်နေသော ဆေးလိပ်ကို စီးထားသော တောစီးဖိနပ်ရှည်ဖြင့် ထိုးချေလိုက်သည်။

စိတ်လှုပ်ရှားနေသည့်ပုံ မပေါ်သော်လည်း စိတ်ညစ်ညူးနေပုံရသည့် ထိုသူက အင်္ကျီအိတ်ထဲမှ မောင်းချဓားကို ဆွဲထုတ်ကာ မြေကြီးကို ဆွနေပြန်သည်။ အချိန်အတော်ကြာတူးဆွပြီးနောက် မတ်တတ်ရပ်ကာ သူဆွထားသော မြေကြီးများကို ပြန်နင်းနေပြန်သည်။ ထို့နောက် ဓားကို ပြန်ထည့်ကာ ဆေးလိပ်သောက်ရန် ကြံစည်ပြန်သည်။

KILL ME  [JinKook]Where stories live. Discover now