Why?

511 101 26
                                    

<Unicode>

ဂျင်ပျောက်သွားပြီး တစ်လခန့်အကြာ။
ဝန်ကြီးချုပ်အိမ်ယာ။ ဆိုးလ်မြို့။

ကျယ်ဝန်းလှသော စိမ်းစိမ်းစိုစို ခြံဝန်းတစ်ခုအတွင်းသို့ ကားတစ်စီးက အကြမ်းပတမ်း ဝင်လာသည်။ ထိုကားပေါ်မှ အမျိုးသမီးတစ်ယောက်က အလျင်စလိုဆင်းလာပြီး အိမ်ထဲကို ဒုံးစိုင်းဝင်သွား၏။ အပြင်စီးဖိနပ်ကိုပင် ချွတ်ခဲ့ရန် မေ့လျော့နေပုံရသော ထိုအမျိုးသမီးက အခန်းတစ်ခန်းရှေ့တွင်ရပ်ကာ တံခါးကို တဒုန်းဒုန်းမြည်အောင် ထုရင်း ပါးစပ်မှလည်း အော်ခေါ်နေ၏။

"ဂီယောင်း ဂီ‌ယောင်း" 

ချက်ချင်းဆိုသလိုပင် တံခါးပွင့်လာပြီး

"ယူရီ! ဘာဖြစ်လာတာလဲ။"

အခန်းတွင်းမှ အမျိုးသားက တည်ငြိမ်သော အသံဖြင့် ဆိုလေသည်။

"ဂီယောင်း ရှင်.. ရှင်.. ဂျင်လေးကို ဘယ်လိုလုပ်လိုက်တာလဲ။"

သူမပြောရင်း ရှေ့မှ အမျိုးသား၏မျက်နှာ အပြောင်းအလဲကို မလွတ်တမ်း အကဲခတ်မိသည်။ မျက်နှာအနည်းငယ်တည်သွားသည်မှအပ သိပ်ပြောင်းလဲမသွား။

"ဘယ်က ဘာတွေ ကြားလာခဲ့တာလဲကွာ။ ကိုယ်က သားလေးကို ဘာလို့ ဘာလုပ်ရမှာလဲ။"

ပကတိတည်ငြိမ်နေသော အသံက သူ့နဂိုပုံအတိုင်းပင်။ ယူရီပင် ဇဝေဇဝါဖြစ်သွားသည်။ သူမ စုံစမ်းရခဲ့သော သတင်းများအရ ဂျင်လေးပျောက်ဆုံးနေသော ကိစ္စက ဂီယောင်းနှင့် ပတ်သက်နေသည်။ ကလေးကို အသက်ရှင်လျက်တွေ့နိုင်ချေနည်းကြောင်းသိရှိလာရပြီး စိတ်လွတ်သွားခဲ့ရခြင်းပင်။ ယခု ဂီယောင်းပုံက အေးဆေးနေပြီး သံသယဖြစ်လောက်စရာပြောင်းလဲမှုမျိုးရှာမတွေ့ရ။ 

"ရှင်နဲ့ မပတ်သက်ရင် ပြီးရောပါ။ ကလေးကို ကျွန်မဝမ်းနဲ့လွယ်မမွေးခဲ့ရပေမယ့် သားအရင်းလေးလို သဘောထားခဲ့တာ။ တစ်ယောက်ယောက် ပရောဂကြောင့်သာ သူတစ်ခုခုဖြစ်ခဲ့ရင် ကျွန်မ‌ဘာလုပ်မိမယ်မသိဘူး။"

သူမနှင့် မတူစွာ အော်ဟစ်ပြောခဲ့ပြီး အခန်းတွင်းမှပြန်ထွက်ကာ တံခါးကို အကြမ်းပတမ်းပြန်ပိတ်မိသည်။

KILL ME  [JinKook]Where stories live. Discover now