<Unicode>
2018.
ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်ခုတွင် စီးပွားရေးသမားတစ်ယောက်က သမ္မတ ဖြစ်နေသည်။ ဝေဖန်တိုက်ခိုက်သူများလွန်းသည့် ထိုသမ္မတသည် သူ့သက်တမ်းတစ်ဝက်ခန့်အရောက်တွင် ခေတ်အဆက်ဆက် မဖြစ်နိုင်ဟု ထင်ထားကြသော အရာတစ်ခုကို အကောင်အထည်ဖော်လိုက်သည်။ ထိုအရေးက တစ်ကမ္ဘာလုံးကို လှုပ်လှုပ်ရွရွဖြစ်သွားစေသည်။ ထိုအရေးကိစ္စသည်~~~
****
ပြုံးယမ်းမြို့ပြင်တစ်နေရာမှ လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဖြစ်သည်။
"ဂျန် အရေးကြီးကိစ္စတစ်ခုခုဖြစ်နေတယ် ထင်တယ်။"
ဂျီမင်က သူ့နားကပ်ကာ တိုးတိုးပြောသည်။ အရွယ်ရောက်လာသော အမျိုးသားတစ်ယောက်အသွင်အပြည့်ဖြစ်သော်လည်း ဂျီမင်အရပ်သည် ပိုရှည်မလာခဲ့။ သူ့မျက်စိထဲ ကလေးတစ်ယောက်လိုသာ မြင်သည်။
သင်တန်းကျောင်းတစ်ခုလုံးသာမက သူရာထူးတိုးသွားသည့် ခေါင်းဆောင်ကြီး၏အိမ်ယာဝန်းအဆုံး လူများက ဂျီမင်မေးလာသည့် ထိုအကြောင်းအရာကို တီးတိုးပြောနေကြသည်။
"ဟုတ်တော့ ဟုတ်တယ်။ မသေချာသေးတာမို့ တစ်ယောက်တည်းပဲ သိထား။"
ဂျီမင်းနားကပ်ကာ တိုးတိုးပြောရင်း ဘေးဘီဝဲယာကိုကြည့်သည်။ အသီးသီးလေ့ကျင့်နေသူများက သူ့အာရုံနှင့်သူသာ။
"ခေါင်းဆောင်က စင်ကာပူကို သွားရမယ်။ ငါလည်း လိုက်ရလောက်တယ်။"
"အခြားနိုင်င်ငံတစ်ခုကို သူက သွားမှာတဲ့လား။"
"အင်း ဒီတစ်ခါတော့ သွားမယ်ထင်တယ်။ တစ်ဖက်ကလည်း အရေးကြီးတဲ့သူပဲလေ။"
"သတင်းက မှန်တယ်ဆိုရင် အမေရိကန်သမ္မတက ခေါင်းဆောင်ကို ဘာကိစ္စနဲ့ တွေ့ချင်ရတာလဲ။"
တကယ့်ကိစ္စအမှန်ကတော့ မြွေမြွေချင်းခြေမြင်ကြခြင်းပဲ ဖြစ်လိမ့်မည်။ နှစ်ဦးနှစ်ဖက်က အဆင်မပြေနိုင်သော်လည်း အဆင်ပြေအောင်ဆက်ဆံကြရမည့် အခြေအနေဖြစ်သည်။ ဒီမိုကရေစီနိုင်ငံနှင့် ကွန်မြူနစ်နိုင်ငံ၊ အဖြူနှင့်အမည်းလို ကွဲပြားနေသော နိုင်ငံရေးအခြေအနေများ၊ အရိုးစွဲနေသော ခံယူချက်များကို ဘယ်လိုအကြောင်းပြချက်နှင့်မျှ စွန့်လွှတ်ကြလိမ့်မည်မဟုတ်။
YOU ARE READING
KILL ME [JinKook]
FanfictionIf you like action books, please read. I'll try my best to create this book. I swear it will be good.(◍•ᴗ•◍) Ah Nann #12.6.2021