<Unicode>
KILL ME
*3*Somewhere in DMZ...
ဓားတစ်ချောင်းကို ညာဘက်လက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ရင်း နောက်လှည့်မကြည့်ဘဲ ပြေးနေသော ကောင်လေးတစ်ယောက်။
မျက်နှာတွင် ဒဏ်ရာဗရပွနှင့်ဖြစ်ကာ ခေါင်းတွင် စည်းထားသော ပတ်တီးစတွင် သွေးအချို့ကို မြင်နေရသည်။ သစ်ရိပ်ဝါးရိပ်ကြောင့် စိမ့်အေးနေသော နေရာဖြစ်သော်ငြား ကောင်လေးမျက်နှာပေါ်တွင် ချွေးများ စီးကျနေသည်။ စီးကျနေသော ချွေးများကို လက်တစ်ဖက်နှင့် ဖယ်ရှားရင်း အားစိုက်ခွန်စိုက်ပြေးနေသော်လည်း ထော့နဲ့ထော့နဲ့ဖြစ်နေသော ခြေထောက်များက သူ့အလိုကို အပြည့်အဝလိုက်နိုင်ဟန်မရှိပါ။ တစ်ချက်တစ်ချက် အားရအောင် အသက်ရှူလိုက်သော အချိန် မျက်နှာအနည်းငယ် ပျက်ယွင်းသွားတတ်သည်။ သို့သော် ကျန်သည့်အချိန်များတွင် နာကျင်နေသည့်ကြားမှ တင်းတင်းစေ့ထားသော နှုတ်ခမ်းများနှင့် တည်ငြိမ်နေသော မျက်ဝန်းညိုများကို အံ့အားသင့်ဖွယ်ရာ တွေ့မြင်နိုင်သည်။
ပြေးနေသော ထိုကောင်လေးသည် သူဦးတည်နေမိသော နေရာကို သိလျှင် ဆက်ပြေးနေပါဦးမလား.......။
လခြမ်းလေးကတော့ သူ့အလုပ်သူလုပ်ကာ ကောင်းကင်တွင် သာယာလျက်....။
~~~~
နောက်လှည့်မကြည့်ဘဲ ပြေးလာခဲ့သောကြောင့် ဘယ်နေရာရောက်နေမှန်း သူ မသိတော့ပါ။ မျက်နှာမူရာသို့သာ ပြေးလာခဲ့သောကြောင့် အရပ်မျက်နှာလည်းမသိတော့။ အမှန်မှာ သူ့ကို ဂျက်ခ်ဆိုသူ ဖမ်းလာပြီးကတည်းက နေရာများကို မသိတော့ခြင်းပင်။ ဂျက်ခ်က သူ့ကို ဂိုထောင်လိုမျိုးနေရာတစ်ခုတွင် ရက်အတော်ကြာဖမ်းချုပ်ထားခဲ့သည်။ ထိုဂိုထောင်၏ တည်နေရာကို သူလုံးဝမသိ။ တစ်ခါတရံမှသာ ကြားရတတ်သော ကားသံများကြောင့် မြို့တွင်းနေရာမဟုတ်မှန်းလောက်သာ ခန့်မှန်းနိုင်သည်။
လေးငါးရက်ကျော် ဖမ်းဆီးထားပြီး စိတ်ရှိတိုင်း နှိပ်စက်သော်လည်း ကောင်းကောင်းမွန်မွန် ကျွေးမွေးတတ်သော ဂျက်ခ်ကို သူ နားမလည်နိုင်။ သူက ကလေးတစ်ယောက်မို့သာ နားမလည်ဟုထင်သော်လည်း ဂျက်ခ်၏လက်အောက်ငယ်သားများကလည်း နားလည်ဟန်မတူ။ သူ ကလန်ကဆန်လုပ်တိုင်း နှိပ်စက်တတ်သော ဂျက်ခ်ကြောင့် သူ့ခေါင်းပေါက်ကာ သတိမေ့သွားခဲ့ရပြီး သူသတိပြန်လည်ချိန်တွင် မှောင်မည်းနေသော ကမ္ဘာကျဉ်းလေးထဲတွင် ရောက်နေခဲ့ရခြင်းဖြစ်သည်။
YOU ARE READING
KILL ME [JinKook]
FanfictionIf you like action books, please read. I'll try my best to create this book. I swear it will be good.(◍•ᴗ•◍) Ah Nann #12.6.2021