Second Time

465 42 42
                                    

နမ်ဂူပြခန်း
ဂွာချွန်းမြို့၊ တောင်ကိုးရီးယားနိုင်ငံ။

သာမန်ပန်းချီဆရာတစ်ယောက်၏ ခပ်စုတ်စုတ်လက်ရာများဖြင့် ခင်းကျင်းပြသထားသော ပန်းချီပြပွဲတစ်ခု။

ကြမ်းကြမ်းတမ်းတမ်း စုတ်ချက်များအပြင် ထူးဆန်းသော အရောင်အတွဲအစပ်များကြောင့် အမြင်ဆန်းနေသော ပန်းချီအချပ်နှစ်ဆယ်ခန့်ကို ပြသထားသည်။ လူစည်ကားသောနေရာဖြစ်သော်လည်း ထို့သို့အချက်များကြောင့် ပရိသတ်မှာ ကျိုးတို့ကျဲတဲသာ ရှိနေသည်။

အနုပညာကို နားလည်၍မဟုတ်ဘဲ အားမနာလျှာမကျိုးဝေဖန်နေကြသော လူတချို့နှင့် ပျင်းရိငြီးငွေ့စွာ လှည့်ပတ်ကြည့်ရှုနေကြသော လူတချို့က ပတ်ဝန်းကျင်ကို မေ့လျော့နေကြသည်။ ချိတ်ဆွဲပြထားသော ကားနှစ်ဆယ်ခန့်အနက် နှစ်ကားလောက်သာ ရောင်းထွက်ပြီးကြောင်းကို အနီရောင်အမှတ်အသားပြ‌ထားသော soldစာသားကိုကြည့်ပြီး သိရသည်။ ကောင်တာတွင်ထိုင်နေသော မန်နေဂျာဖြစ်ဟန်တူသူမှာလည်း ကွန်ပျူတာကိုသာ စိတ်ဝင်တစားထိုင်ကြည့်နေသည်။ အနှစ်ချုပ်ကြည့်ရပါမူ စိတ်ဝင်စားစရာအလျဉ်းမရှိသော သာမန်ပြပွဲတစ်ခုသာဖြစ်သည်။

ပန်းချီပြပွဲ သုံးရက်မြောက်နေ့။

ထိုပြခန်းအရှေ့တွင် အနက်ရောင်ကားတစ်စီးထိုးရပ်လာသည်။ တန်ဖိုးကြီးကားတစ်စီးဖြစ်သောကြောင့် ပြခန်းတွင်းမှ လူများ လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ အခန်းနောက်ဆုံးထောင့်ရှိ ပန်းချီကားကို မမှိတ်မသုန်ကြည့်နေသော လူကလည်း ထိုကားသံကြောင့် ခေါင်းကို အသာစောင်းကာ အဝင်ဝကို မျှော်ကြည့်သည်။ သာမန်ဂျင်းဘောင်းဘီတီရှပ်ကို ဝတ်ထားသော ပိန်ပိန်ပါးပါး‌ထိုကောင်လေးက မျက်နှာတွင် မက်စ်တစ်ခုကို တပ်ဆင်ထားသည်။ ပုံတုန်းတုန်းမျက်မှန်တစ်ခုက စူးရှသော သူ့မျက်လုံးများကို မဖုံးကွယ်နိုင်ပါ။ တစ်ချက်တစ်ချက်ထွက်လာသော ချောင်းဆိုးသံကြောင့် ထိုကောင်လေးနားတွင် လူမရှိပါ။

ကားပေါ်မှ အနက်ရောင်အနောက်တိုင်းဝတ်စုံဖြင့် လူတစ်ယောက်ဆင်းလာပြီး ပြခန်းထဲရှိ တတိယမြောက်ပန်းချီကားကို တခဏမျှ ကြည့်သည်။ အနီရောင်ရဲရဲကိုသုံးကာ လိမ္မော်ရောင်အနားသတ်များဖြင့် ထိုပန်းချီသည် ပင်လယ်ထဲတွင် ရေလှိုင်းများ တလိမ့်လိမ့် တက်လာနေပုံဖြစ်သည်။ ထိုပုံကို ခေတ္တမျှကြည့်ပြီး ထိုသူနှုတ်ခမ်းတွင် အပြုံးတစ်ခုဖြစ်ပေါ်သည်။ ထို့နောက် အခန်း၏ ထောင့်ဆုံးနေရာတွင်ရှိသော ပန်းချီကားချပ်ဆီ လျှောက်သွားကာ စိတ်ဝင်စားမှုအပြည့်ရှိပုံဖြင့်ကြည့်သည်။ သူကိုယ်တိုင်ကြည့်ရုံမျှနှင့် အားမရနိုင်ဘဲ

KILL ME  [JinKook]Nơi câu chuyện tồn tại. Hãy khám phá bây giờ