Truth??

409 63 29
                                    

_Unicode_


ဤအကြောင်းအရာများသည် ကျွန်ုပ်၏ အတွေးစိတ်ကူးများသာ ဖြစ်ပါသည်။

2014.
Pyongyang, North Korea.

"ကျစ်"

  သူ စုတ်တစ်ချက်သပ်လိုက်ရင်း ခေါင်းက ဆံပင်များကို ဆွဲဖွပစ်မိသည်။ ဘေးဘီဝဲယာကို ကြည့်မိလည်း ကိုယ့်လမ်းကိုယ်သွားနေကြသော လူများက သူ့ကို စိတ်ဝင်စားမနေပါ။ ကျယ်ပြောလှသည့် ကွန်ကရစ်လမ်းမထက် ကိုယ့်အလုပ်ကိုယ် လုပ်နေကြသူများကြားထဲတွင် သူကသာ သူများကိုကြည့်ကာ အပူကို ယူနေမိသည်ထင်၏။ 'စိတ်ရှုပ်လို့ မြစ်ကမ်းထိုင်မိမှာ သပွတ်အူမြောလာတာ တွေ့ရတယ်' ဆိုသလို စိတ်ရှုပ်လို့ အပြင်ထွက်မိမှ ပိုစိတ်ညစ်လာရသည်။

  တကယ်ဆို တူညီနေကြသည့် ပုံစံတွေကို သူမုန်းသည်။ တကယ့်လွတ်လပ်ခွင့်မရှိသည်ကို သူ မကြိုက်။ ပုံမှန်သူများထက်ပင် ပိုဆိုးသော သူ့ဘဝကိုတော့ အင်း.. သူ နေသားကျနေပါပြီ။

"အစ်ကို"

သူ့ ပုခုံးတစ်ဖက်ကို လှမ်းပုတ်ရင်း အနားရောက်လာသည့် ဂျေအမ် ခေါ် ဂျီမင်။ ဒီနေရာမှာ သူ စောင့်ရှောက်ပေးရမည့် တစ်ဦးတည်းသော မိသားစုဝင်။ တကယ်တော့ ဂျေအမ်ကလည်း သူ့စောင့်ရှောက်မှုကို သိပ်မလိုအပ်တော့ပါ။ ဂျေအမ်ကိုယ်တိုင်ကပင် သူ့နီးနီး ကြမ်းတမ်းသူဖြစ်သည်။

"သတင်းက တကယ်ပဲလား ဂျီမင်။"

သူတို့နှစ်ယောက်၏ နာမည်အရင်းကိုသိကြသူမှာ အနည်းငယ်သာရှိသည်။ နှစ်ယောက်တည်းရှိချိန်များတွင်တော့ ထိုနာမည်အရင်းသာ သုံးသည့်အခါများသည်။ သူသိလာ‌ရသလောက် တကယ်တော့ ဂျေအမ်ကလည်း မြောက်ဇာတိမဟုတ်။ ဂျေအမ်ကိုယ်တိုင်လည်း ဘယ်ကမှန်းသေချာမသိ။ သိတတ်ပြီဆိုကတည်းက တစ်ကိုယ်တည်းရုန်းကန်ခဲ့ရခြင်းဖြစ်သည်ဟု သူ့ကို ပြောပြဖူးသည်။

"ဟုတ်တယ် အစ်ကို။ အဲ့နေရာက ငါ့ သူငယ်ချင်းက ပြောပြတာ။"

"ဟူး"

သူ လေပူတစ်‌ချက် မှုတ်ထုတ်လိုက်မိသည်။ ဂျေအမ်ပုံစံမှာလည်း သိပ်မရွှင်ပြလှ။ ဒီတစ်ခေါက် သူ့၏ မစ်ရှင်တွင် ဂျေအမ်ကိုပါ ခေါ်ချင်သော်လည်း အဆင်ပြေတော့မည် မဟုတ်တော့၍။

KILL ME  [JinKook]Where stories live. Discover now