<Unicode>
2011.
Seoul, South Korea."နိုင်ငံသားကောင်းဆုတံဆိပ် အပ်နှင်းပွဲ"
ပုံမှန်ဆိုလည်း ခမ်းခမ်းနားနားပွဲတစ်ခုပေမယ့် ယခုတစ်ခါ ဆုတံဆိပ်ရသည်က ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဂျွန်ဂီယောင်း၏ သား ဂျွန်ဂျောင်ကုပေမို့ လိုအပ်သည်ထက်ပိုကာ အလေးပေးနေကြခြင်းဖြစ်သည်။ ပိုထူးကဲသည်က လက်ရှိသမ္မတကိုယ်တိုင် ဆုတံဆိပ်ကို ပေးအပ်မည်ဖြစ်ခြင်းကြောင့်ပင်။ သူက လူဆိုးတစ်ယောက်ကို လက်ဗလာနှင့် ဖမ်းဆီးလိုက်သည့် သတင်းသည် သတင်းချန်နယ်များတွင် မမြင်ချင်မှအဆုံး ဖြစ်သည်။ တကယ်ဆို သူက မျက်စိရှေ့မြင်နေရသည့် မတရားမှုကို လက်မတင်လေး တားဆီးလိုက်ခြင်းသာ။ မတရားမှုကျူးလွန်သူ အထူးသဖြင့် ကလေးများကို အန္တရာယ်ပေးသူတိုင်းအား သူယခုကဲ့သို့ ဖမ်းမည်ဖြစ်သည်။
သူလုပ်လိုက်သည်က ကြီးကျယ်လှသည့်ကိစ္စတစ်ခုမဟုတ်။ အဖေဖြစ်သူကြောင့်သာ။ ဂျွန်ဂီယောင်းသည် ယခုအချိန်ထိ ဤမျှလောက် ဩဇာလွှမ်းမိုးနိုင်သည့် လူတစ်ယောက်။
မီးရောင်တဖျပ်ဖျပ်ကြားတွင် တည်ငြိမ်နေသော ဂျောင်ကုအသွင်က ဆယ့်လေးနှစ်သားဟုပင် မထင်ရ။ ကလေးရုပ်မပျောက်သေးသော်ငြား တင်းတင်းစေ့ထားသော ပိရိသေသပ်သည့် နှုတ်ခမ်းနှစ်လွှာကြောင့် တည်တံ့သည့် လူငယ်တစ်ယောက်အသွင်ဖြင့်။ ပုံမှန်နေထိုင်သွားလာပုံကပင် လူတစ်ကာရှိန်စေနိုင်သော အရောင်အဝါတွေ ထွက်နေသည့် ဂျောင်ကုပါပင်။
အခမ်းအနားတစ်ခုဖြစ်သော်လည်း လူကြီးလူကောင်းဆိုသူများနှင့် နာမည်ကြီးသတင်းထောက်အချို့ကိုသာ ဖိတ်ကြားထားခြင်းကြောင့် လူများသော်လည်း သိပ်ဆူညံခြင်းမရှိလှ။ သမ္မတရော ဝန်ကြီးချုပ်ဟောင်းပါ ရောက်မလာသေး၍ အခမ်းအနားမစရသေး။ ကျန်သည့်သူများမှာ လည်တဆန့်ဆန့်နှင့် မျှော်နေကြ၏။
"ဟူး"
သူ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိသည်။ ဤကဲ့သို့ နေရာမျိုးကို သူ သိပ်မုန်းလှပါသည်။ သို့ရာတွင် သွားလေသူ အစ်ကို့အတွက် ဂုဏ်ယူရသည့် ညီလေးတစ်ယောက် ဖြစ်စေချင်သည်။ သူ မကြိုက်လှသော်လည်း ဤသို့ဆုတံဆိပ်များကို အစ်ကို့အတွက် ယူပေးချင်မိသည်။
YOU ARE READING
KILL ME [JinKook]
FanfictionIf you like action books, please read. I'll try my best to create this book. I swear it will be good.(◍•ᴗ•◍) Ah Nann #12.6.2021