အားနေချိန်တိုင်း ဒိုက်ထိုးနေသော လူကို ဆန်ပြုတ်ခွံ့ကျွေးနေရသည့် ကိစ္စက ကြောင်တောင်တောင်နိုင်ကြောင်း သုံးရက်မျှ ပြုစုပြီးချိန်တွင် ဂျောင်ကု သဘောပေါက်စပြုလာသည်။ ဒဏ်ရာမရသည့် လက်တစ်ဖက်တည်း သုံးနေရသဖြင့် ထိုလက်ကို တကြည့်ကြည့်ဖြစ်နေသည့် ထိုသူက
"ဂျောင်ကု ဒီမယ်ကြည့် ဒီတစ်ဖက်တည်း ဗလပိုထွက်လာပြီ။"
မျက်နှာရှေ့ဝဲနေသည့် လက်ကို ပုတ်ထုတ်လိုက်ပြီး ကုန်ခါနီး လက်ကျန်တစ်ဇွန်းကို ကောက်ခွံ့လိုက်သည်။ ပါးစပ်ကို အသာ ဟ, ပေးရင်း တလက်လက်တောက်သော မျက်ဝန်းများဖြင့် သူ့ကို ကြည့်သည်။
"ဂျောင်ကု ငါ ထမင်းစားလို့ မရသေးဘူးလားဟင်။"
"မျက်မြင်သက်သေ!"
သူ့ စိတ်ထဲ အကျယ်ကြီးအော်လိုက်ရင်း အကြည့်လွှဲလိုက်ရသည်။ တကယ်ကို နွေးထွေးနေသည့်အကြည့်တွေက ရင်းနှီးပြီးသား လူများကဲ့သို့ သူ့ရင်ထဲတွင် တသိမ့်သိမ့်နှင့်။
"ခင်ဗျား နာမည်ပြောတဲ့နေ့"
" ပြောပြီးပြီလေ ယွန်ဂီလို့"
"နာမည်အမှန်ကို ပြောတာ။"
ခေါင်းတစ်ချက်ညိတ်ပြရင်း ပကတိတည်ငြိမ်နေသော မျက်လုံးများက အရိပ်အယောင်ဖမ်းရခက်သည်။ သူ့မသိစိတ်အရ လိမ်လည်နေကြောင်း သံသယရှိသော်လည်း ထိုမျက်လုံးများအရ အမှန်ပြောနေသည်ဟုလည်း ယုံနေပြန်သည်။ ထောက်ခံသည့်ဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်ပြီးမှ
"ID No ကရော"
"......"
"ပြခန်းကို ဘာလို့လာတာလဲ။"
"သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို့။"
"သူငယ်ချင်းနဲ့တွေ့ဖြစ်လား။"
"တွေ့တယ်။"
"သူရော ဘာဖြစ်သွားလဲ။"
"အဲ့ထိတော့ ငါမသိဘူးလေ။ သူနဲ့တွေ့တွေ့ချင်းမှာပဲ အသံအကျယ်ကြီးကြားပြီး လွင့်စင်သွားတာ။"
သူ စကားကို ခဏရပ်ရင်း ထိုသူ့မျက်လုံးများထဲကို စူးစိုက်ကြည့်နေလိုက်သည်။ တန်ပြန်လာသည့် ရင်းနှီးသော မျက်လုံးများကို မခံနိုင်သည့်အဆုံး သူကသာ စတင် အကြည့်လွှဲလိုက်သည်။
YOU ARE READING
KILL ME [JinKook]
FanfictionIf you like action books, please read. I'll try my best to create this book. I swear it will be good.(◍•ᴗ•◍) Ah Nann #12.6.2021