Brother!

615 91 28
                                    

<Unicode>

2010.
Pyongyang, North Korea.

"ဒီမယ် ဒါက နောက်ဆုံးကျန်တဲ့တစ်ခုပဲ။ ကြိုက်တဲ့သူတွေကတော့ ကံထူးသွားကြပြီ။ တောင်ဘက်ကနေ တိုက်ရိုက်လာတာမို့ အရည်အသွေးကတော့ စိတ်ချရပြီးသားပဲ။ ကိုင်ရတာလည်း ဘာမှမခက်ဘူး။ ဟော့ဒီလို ဟော့ဒီလို။"

"ဝိုး"

"မိုက်တယ်ဟ။"

"အဲ့တစ်ခု ယူမယ်။"

ဆော့ဂျင် ရှေ့တွင် မြင်နေရသော မြင်ကွင်းကို လျစ်လျူရှုထားရန် ကြိုးစားနေမိသည်။ ဒီကောင်လေး ဒီပစ္စည်းကို နောက်ဆုံးကျန်တာဆိုပြီး ရောင်းနေသည်ကို တွေ့နေရသည်မှာ တစ်ကြိမ် နှစ်ကြိမ်မကတော့။ သစ်သီးအခွံနွှာ၊ ပါးပါးလှီး စသဖြင့် မျိုးစုံလုပ်၍ရသည့် ပစ္စည်းလေးသည် သူ့ကြော်ငြာအားကြောင့် နတ်ပစ္စည်းသဖွယ် အထင်မြင်ခံနေရသည်။ ဤသို့သော ပစ္စည်းဆန်းများကို လူလယ်ခေါင်တွင် ရောင်းရဲသည့် ကောင်လေးသတ္တိမှာမသေးလှ။ ဤနိုင်ငံတွင် ထိုကိစ္စသည် ကြီးလေးသောပြစ်မှုတစ်ခု ဖြစ်သွားနိုင်သည်။

သူ ခေါင်းအသာခါရင်း ထိုသူ့ကိုကျော်တက် လာခဲ့လိုက်သည်။ စိတ်ထဲရောက်လာသည့် အတွေးတစ်ခုက ဒီကောင်လေး ကျောင်းမတက်ဘူးလား ဟူ၍။ ကျောင်းသွားတိုင်းဖြတ်နေရသော ဤဈေးတွင် ထိုသူ့ကို ခဏတိုင်းတွေ့ဖူးနေရ၍ဖြစ်သည်။

"အစ်ကို ကျောင်းသွားပြီလားဗျ။"

မျက်လုံးများပိတ်ကျအောင် ရယ်ပြရင်း နှုတ်ဆက်လာသော ဈေးသည်ကောင်လေး။ ပါးနှစ်ဖက်မို့တက်သွားကာ အားရပါးရရယ်နေပုံက ဖြူစင်လှသည်မို့ တစ်စုံတစ်ယောက်ကို ပြေးမြင်ယောင်သွားရသည်။ ရှေ့သွားကြီးကြီးလေးနှင့် ဖြူဖြူစင်စင်ရယ်ပြတတ်သော ကလေးတစ်ယောက်ပင်။ သူ့ကို လှမ်းနှုတ်ဆက်ရင်း ခင်းထားသော ပစ္စည်းများကို အိတ်ထဲတွင်စုပေါင်းထည့်နေသည့် ကောင်လေးပုံစံက နှစ်လိုဖွယ်ရာကောင်းသောကြောင့် သူ့နှုတ်ခမ်းများ ကွေးညွှတ်တက်သွားရသည်။

"အင်း သွားပြီ။ အဆင်ပြေတယ်မလား။"

"ဟုတ် နည်းနည်းတော့..."

KILL ME  [JinKook]Tempat cerita menjadi hidup. Temukan sekarang