" အီး ... အား .. အောင့်လိုက်တာ အဖွားရယ် .. "" နည်းနည်းလောက်လေး သည်းခံပေါ့ မီးငယ်ရယ် .. ခဏနေ နင့်မေကြီးလည်း ရောက်လာတော့မှာပါ .. ဆေးတွေသောက်ထားတာပဲ ခဏနေ နည်းနည်းသက်သာသွားမှာပါ .. အဖွား ဘုရားစာရွတ်ပေးနေမယ် .. "
ထုံးစံအတိုင်းပင် ဗိုက်က လှိမ့်နေအောင် အောင့်ပြန်ချေပြီ ။ တကယ်အကြီးအကျယ်ဖြစ်ပြီဟေ့ဆိုရင် ဘယ်တော့မှ သောက်ဆေးသောက်ရုံလောက်နဲ့ မသက်သာသည့် ကိုယ့်အကြောင်းကို ကိုယ်သာအသိဆုံးမို့ အမေ့ကို အိမ်သို့လာခဲ့ပေးရန် ဖုန်းဆက်ခေါ်ခဲ့ရသည် ။ အိမ်မှာက အဖွားနဲ့ ကျွန်မ နှစ်ယောက်ထဲသာ ရှိပါသည် ။ အဖေ နဲ့ အကိုက ရုံးဖွင့်ရက် အလုပ်သွားကြသည်မို့ အိမ်မှာ မရှိကြ ။ အရေးရယ် အကြောင်းရယ်ဆို တစ်လမ်းကျော်မှာရှိတဲ့ အမေ့ဆိုင်ကိုသာ ဖုန်းဆက်ရ၏ ။
ဗိုက်အောင့်တာက အတော်ခံရခက်သည့် ဝေဒနာပင်ဖြစ်သည် ။ အစာအိမ်နှင့် အူလမ်းကြောင်းမကောင်းသည့်သူမို့ ကျန်းမာရေးက တစ်ရှောင်ရှောင်ရယ်သာ ။ သူများတွေလို ဒေါင်ဒေါင်မြည်အောင် မာမာချာချာရှိတယ်ဆိုတဲ့အချိန်က ဘ၀မှာ မရှိခဲ့သလောက်ပင် ။ ရောဂါက တစ်ခုမဟုတ် တစ်ခုထထဖောက်တတ်၏ ။ ကျွန်မသည် ငယ်စဉ်ကတည်းက ကျန်းမာရေးအလွန်ချူချာသည့် လူပင်ဖြစ်၏ ။
" မီးငယ်ရေ ... "
" ဟော ဟိုမှာ သမီးမေကြီးလာပြီ .. ထ .. ထ .. "
ကြမ်းပြင်ပေါ်တွင်သာ ဖော့မွေ့ယာအသေးလေးခင်း၍ လှဲနေသည့် ကျွန်မကို အဖွားက လာထူရသည် ။
" အမေရေ အမေ့မြေးကတော့ ဖြစ်လိုက်ရင် အသည်းအသန် .. စောနက ငိုသံကြီးနဲ့ ဖုန်းဆက်တော့ သမီးမှာ လန့်သွားတာပဲ .. "
အမေက အိမ်ထဲသို့ ခပ်သုတ်သုတ်ဝင်လာကတည်းက ပြောဆိုလာခြင်းဖြစ်သည် ။ မွေ့ယာပေါ်ကနေ ထဖို့အနိုင်နိုင်ဖြစ်နေတဲ့ ကျွန်မကိုကြည့်ကာ
" ကဲ ကြွက်ကတိုးရေ .. ပြနေကျဆေးခန်းက ဒီနေ့ပိတ်ထားတယ် .. "
ရောဂါဝေဒနာကို ဆိုးဆိုးဝါးဝါးခံစားနေရတဲ့အချိန်မျိုးမှာ အမေပြောချလိုက်သည့်စကားက သေချင်စိတ်ပါပေါ်သွားခဲ့သည် ။ အောက်နှုတ်ခမ်းကိုသာ သွားဖြင့်ဖိကိုက်ထားရင်း အမေ့ကို စကားပြန်မပြောနိုင်သေး ။ မွေ့ယာပေါ် ခါးလေးကုန်း၍ ငုတ်တုတ်လေးသာ ထိုင်နေမိသည် ။
YOU ARE READING
Room Number 301
Romanceဤဇာတ်လမ်းသည် စာရေးသူနေမကောင်းဖြစ်နေသည့်အချိန်တွင် စိတ်ကူးရ၍ ရေးသားဖြစ်ခဲ့သော ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်ပါသည် ။ အချစ်ကိုအရိုးသားဆုံးပင် ပုံဖော်ခဲ့ပါသည် ။ ဤဇာတျလမျးသညျ စာရေးသူ နမေကောငျးဖွဈနသေညျ့အခြိနျတှငျ စိတျကူးရ၍ ရေးသားဖွဈခဲ့သော ဇာတျလမျးလေးတဈပုဒျသာဖွ...