" တီးတောင် ... "
လူခေါ်ဘဲလ်သံတစ်ချက်ကြားလိုက်ရပြီးနောက်၌ ကျွန်မနိုးလာခဲ့သည် ။ မျက်ခွံကို တွန်းကန်ဖွင့်ကြည့်မိလိုက်တာနဲ့ ကျွန်မရဲ့မျက်နှာရှေ့တည့်တည့်မှာ အိပ်မောကျနေဆဲဖြစ်သည့် ကလေးမလေးကိုမြင်တွေ့လိုက်ရသည် ။ မျက်တောင်လေးတွေက အရုပ်မလေးလို ကော့စင်းနေပြီး မျက်ခုံးကလည်း ဖြောင့်တန်းနက်မှောင်နေသည် ။ ဖောင်းအိနေသည့် ပါးလေးနှစ်ဖက်က တကယ့်ကို ဆွဲညှစ်ပစ်ချင်စရာလေးဖြစ်ပြီး နှုတ်ခမ်းမွှေးလေးတွေကလည်း ခပ်ရေးရေးလေး မြင်နေရ၏ ။ ခြုံထားတဲ့စောင်က အောက်ကိုလျောကျနေပြီး ဖြူဖွေးစွတ်နေသော ပုခုံးသားလေးက ပေါ်နေတာမို့ ကျွန်မစောင်စလေးကို အပေါ်သို့ မပြီး ညင်သာစွာဆွဲတင်ပေးလိုက်သည် ။ ထို့နောက် ကုတင်ဘေးနားမှာ ကပ်လျက်ရှိနေသော ကုလားထိုင်ပေါ်တင်ထားမိသည့် ကျွန်မရဲ့ အဖြူရောင်ရှပ်အင်္ကျီလေးကို လက်ဖြင့် အရင်လှမ်းယူလိုက်ပြီးမှ ခန္ဓာကိုယ်ပေါ်ဖုံးလွှမ်းထားသော စောင်စကို ဖြည်းဖြည်းလေး လှပ်တင်လိုက်သည် ။ ဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးသည့် ကလေးမလေး မနိုးအောင်လို့ ကုတင်ပေါ်မှအသာလေးထကာ ရှပ်အင်္ကျီကိုအမြန်ဝတ်၍ အခန်းပြင်သို့ထွက်လာခဲ့မိသည် ။ ဘဲလ်သံနောက်တစ်ခေါက် ထပ်ပြီး မထွက်ပေါ်လာခင်မှာပင် ရှပ်အင်္ကျီကြယ်သီးတွေကို အပေါ်ပိုင်း ၄ လုံးမျှပဲ ကပျာကယာတပ်၍ အခန်းတံခါးကို ဆွဲဖွင့်လိုက်မိတော့
" ဟင် ! ဥမ္မာ ... ဘယ်လိုဖြစ်ပြီး အစောကြီး ရောက်ချလာတာတုန်း .. "
ဥမ္မာ ဟာကျွန်မရဲ့ပုံစံကို ခေါင်းအစခြေအဆုံးသေချာကြည့်ပြီးနောက်
" ငနှင်း ... နင်ဟာလေ နေမကောင်းလို့သာပဲနော် ဟွန့် .. "
" ဟဲ့ နင်ဘာတွေ လျှောက်ပြောနေတာလဲ ... လာ အထဲဝင် .. "
ကျွန်မသည် ယခုမှ အင်္ကျီအောက်ပိုင်းမှ ကြယ်သီးတွေကို ဆက်တပ်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြစ်ကာ ဥမ္မာ ကိုအိမ်ထဲဝင်ဖို့ ခေါ်လိုက်မိသည် ။
" တော်ပြီမ၀င်တော့ဘူး ဆေးရုံမှာ duty ၀င်ရမှာမို့ .. ဒီမှာ ငါ့အမေက ကြက်စွပ်ပြုတ်ပေးခိုင်းလိုက်လို့ အရင်ဝင်ပေးတာ ... ရော့ .. ချိုင့်ကို ညနေကျမှလာယူမယ် .. သွားပြီ ... "
YOU ARE READING
Room Number 301
Romanceဤဇာတ်လမ်းသည် စာရေးသူနေမကောင်းဖြစ်နေသည့်အချိန်တွင် စိတ်ကူးရ၍ ရေးသားဖြစ်ခဲ့သော ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်ပါသည် ။ အချစ်ကိုအရိုးသားဆုံးပင် ပုံဖော်ခဲ့ပါသည် ။ ဤဇာတျလမျးသညျ စာရေးသူ နမေကောငျးဖွဈနသေညျ့အခြိနျတှငျ စိတျကူးရ၍ ရေးသားဖွဈခဲ့သော ဇာတျလမျးလေးတဈပုဒျသာဖွ...