စနေနေ့သင်တန်းဆင်းသည်နှင့် ကိတ်ဆိုင်သို့သွားကာ သရက်သီးကိတ်လေးကို ပြေးဝယ်ပြီး မမသက်နှင်း ရဲ့တိုက်ခန်းဆီသို့ သွားခဲ့သည် ။" ဟင် ... သော့ခတ်ထားပါလား .. "
အရင်လိုပဲ စနေ ၊ တနင်္ဂနွေနေ့တွေမှာ မမအိမ်မှာပဲ ပြန်နားမည်လို့ထင်ထားတာကြောင့် ဖုန်းတောင်ကြိုမဆက်မိပဲ တိုက်ခန်းသို့ ရောက်လာခဲ့ခြင်းပင် ။ ဒါပေမဲ့ တိုက်ခန်းတံခါးသော့ခတ်ထားတာမြင်တော့ မမဆီသို့ ဖုန်းခေါ်လိုက်မိသည် ။ သို့သော် ဖုန်းကမကိုင် ။ ၃ ကြိမ်လောက်ခေါ်ခဲ့ပေမဲ့သို့ 'လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိသောကြောင့်.. ´ ဆိုတာနဲ့ပဲ တိုးနေခဲ့သည် ။ ထို့ကြောင့် ကိတ်ဗူးလေးကိုင်ပြီး Bus ကားဂိတ်စီသို့သာ ငူငူငိုင်ငိုင်ဖြင့် ပြန်လာခဲ့ရသည် ။
မမဘာလို့ ဒီအပတ် အိမ်မှာပြန်မနားတာလဲ ။ အိမ်မှာမရှိတဲ့အကြောင်းကိုကော ဘာလို့ ကြိုအကြောင်းမကြားထားတာလဲ ။ အစရှိသည့် မေးခွန်းတွေနှင့်သာ ပတ်လည်ရိုက်ရင်း သေချာပြန်စဉ်းစားကြည့်မိလိုက်တော့ မမသက်နှင်း ကျွန်မဆီကို ဖုန်းမဆက်တာ ၂ ရက်ရှိပြီဖြစ်သည် ။ အရင်တုန်းကဆိုလျှင် ဖုန်းမဆက်ရင်တောင် ကျွန်မဆီသို့ Message လေးတစ်ရက်တစ်စောင်လောက်ပို့လေ့ရှိ၏ ။ ဒါပေမဲ့ ဒီ ၂ရက်အတွင်းမှာ လုံးဝကို စာမလာ သတင်းမကြားခဲ့ရပေ ။ မမနဲ့ နောက်ဆုံးတွေ့ဆုံခဲ့သည့်အချိန်သည် ကျွန်မနေမကောင်းဖြစ်သည့်ညက ဖြစ်သည် ။ ထိုနေ့ညကလည်း မမဖျားနေရက်နဲ့ အိမ်သို့ရောက်ချလာခြင်းပင် ။ တွေးရင်းတွေးရင်းနဲ့ ကျွန်မစိတ်တွေလေးလံလာသည် ။ ထို့ကြောင့် အိမ်သို့တန်းမပြန်ပဲ ဆေးရုံသို့လိုက်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်ကာ Taxi ကိုလှမ်းတား၍ ဆေးရုံကို လိုက်သွားခဲ့မိတော့သည် ။
ဆေးရုံကိုရောက်သည်နှင့် Reception ကိုသွားလိုက်ပြီး
" အမရေ .. ညီမ ဒီဆေးရုံက ဒေါက်တာဒေါ်သက်နှင်း နဲ့တွေ့ချင်လို့ပါ ... "
ကျွန်မ မေးလိုက်တော့ Reception မှာထိုင်နေသည့်အမက သူ့ညာဘက်အခြမ်းမှာ ထိုင်နေသည့် အမကို လှမ်းမေးသည် ။
YOU ARE READING
Room Number 301
Romanceဤဇာတ်လမ်းသည် စာရေးသူနေမကောင်းဖြစ်နေသည့်အချိန်တွင် စိတ်ကူးရ၍ ရေးသားဖြစ်ခဲ့သော ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်ပါသည် ။ အချစ်ကိုအရိုးသားဆုံးပင် ပုံဖော်ခဲ့ပါသည် ။ ဤဇာတျလမျးသညျ စာရေးသူ နမေကောငျးဖွဈနသေညျ့အခြိနျတှငျ စိတျကူးရ၍ ရေးသားဖွဈခဲ့သော ဇာတျလမျးလေးတဈပုဒျသာဖွ...