မျက်ခွံလေးကို ဖြည်းညှင်းစွာကျွန်မဖွင့်ကြည့်မိလိုက်သည့်အချိန်၌
" Good Morning ... "
မမရဲ့လက်တစ်ဖက်က ကျွန်မရဲ့ခါးပေါ်မှာဖြစ်ပြီး ကျန်လက်တစ်ဖက်က ကျွန်မရဲ့နဖူးပေါ်အုပ်နေတဲ့ ဆံပင်တွေကို လာရောက်ဖယ်ရှားပေးနေသည် ။ ကျွန်မတို့နှစ်ယောက်ဟာ ညကကုတင်တစ်ခုထဲပေါ်မှာ အိပ်ပျော်သွားခဲ့ခြင်းဖြစ်၏ ။
" မမသက်နှင်း ... "
" ဟင် ? "
" ညက .. လေပြည် အိပ်ပျော်နေချိန်မှာ မမကို ခွမိသေးလားဟင် ? "
ကျွန်မမေးလိုက်တဲ့မေးခွန်းအဆုံး၌ မမဟာ ဟက်ခနဲတစ်ချက်လေးရယ်လေသည် ။
" ဟင့်အင်း .. "
" တော်ပါသေးရဲ့ ... "
" အဲ့လိုခွမိမှာစိုးလို့ ညတုန်းက မမနဲ့အတူမအိပ်ဘူးလို့ ငြင်းတာလား ? "
" ဟုတ်တယ် .. လေပြည် ကအအိပ်ကြမ်းတော့ မမကို ထိခိုက်မိမှာစိုးရိမ်လို့ .. "
ကျွန်မပြန်ဖြေလိုက်ချိန်တွင် မမဟာ ဘယ်ဘက်လက်ဖ၀ါးလေးဖြင့် ကျွန်မရဲ့ပါးပြင်ကို လာရောက်ထိတွေ့ပြီး
" အမြဲတမ်း မမအတွက်ကို ထည့်ပြီးစဉ်းစားပေးတတ်တဲ့ ကလေးမလေးရယ် ... ကျေးဇူးတင်ပါတယ်ကွယ် .. "
ကျွန်မခပ်ဖွဖွလေးပြုံးလိုက်မိရင်း ပါးပြင်ပေါ်ထိတွေ့ထားတဲ့ မမသက်နှင်း ရဲ့လက်ဖမိုးကိုအပေါ်မှ အုပ်မိုးကိုင်လိုက်ကာ
" လေပြည် လည်း မမသက်နှင်း ကိုအရမ်းကျေးဇူးတင်မိပါတယ် .. မမ .. "
" ဟင် ? "
" လေပြည့်ကြောင့် မမတကယ်ပျော်ရွှင်ခဲ့ရတာလားဟင် ? "
" တကယ်ပါ လေပြည်ရယ် .. "
" နောက်ကိုလည်း မမပျော်ရွှင်အောင်လို့ လေပြည် ကြိုးစားဖန်တီးပေးပါ့မယ်နော် .. မမက ကျန်းမာရေးပြန်ကောင်းလာအောင်ပဲ ကြိုစားပေးပါ ... စိတ်ကို မလျော့လိုက်နဲ့ .. မမ ခက်ခဲတဲ့အချိန်တွေတိုင်းမှာ လေပြည် အနားမှာ အမြဲတမ်းရှိနေပေးပါ့မယ် ... အဲ့ဒါကြောင့်မို့လို့ စိတ်ကိုတင်းထားပြီး ကျန်းမာလာအောင် ကြိုးစားပေးပါနော် ... "
YOU ARE READING
Room Number 301
Romanceဤဇာတ်လမ်းသည် စာရေးသူနေမကောင်းဖြစ်နေသည့်အချိန်တွင် စိတ်ကူးရ၍ ရေးသားဖြစ်ခဲ့သော ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်ပါသည် ။ အချစ်ကိုအရိုးသားဆုံးပင် ပုံဖော်ခဲ့ပါသည် ။ ဤဇာတျလမျးသညျ စာရေးသူ နမေကောငျးဖွဈနသေညျ့အခြိနျတှငျ စိတျကူးရ၍ ရေးသားဖွဈခဲ့သော ဇာတျလမျးလေးတဈပုဒျသာဖွ...