Part - 9(Zawgyi)

4.2K 188 13
                                    

ကျွန်မရေချိုးခန်းထဲမှာ ရေချိုးပြီးလို့ အ၀တ်အစားလဲပြီးထွက်လာတဲ့အချိန်မှာတော့ မမဟာ မနက်စာသွားစားဖို့အတွက် အဆင်သင့်ဖြစ်နေချေပြီ ။ အဖြူခံပေါ် အစိမ်းဖျော့ရောင်နွယ်ခတ်လေးတွေပါသည့် ထဘီနှင့်ရင်စိအင်္ကျီဝမ်းဆက်လေးကို ၀တ်ဆင်ထားသည် ။ ဒါ့အပြင် ကျောလည်လောက်အထိ ရှည်လျားနက်မှောင်သည့် ဆံနွယ်တို့ဖြင့် ကုတင်ပေါ်၌ ကျော့ကျော့လေးထိုင်နေသော မမကိုမြင်တော့ ကျွန်မ ပါးစပ်အဟောင်းသားဖြစ်သွား၏ ။

" အဲ့လဲ့ တို့မမက ဆံပင်တုတွေဘာတွေနဲ့ အရမ်းကိုလှနေတယ်ကြည့်စမ်း .. ဘယ်အချိန်ကများ ပြေးဝယ်လိုက်တာပါလိမ့် .. "

" ဥမ္မာ ၀ယ်ပေးထားတာလေ ... ကြည့်ရတာ တကယ်ကော အဆင်ပြေရဲ့လားဟင် လေပြည် .. အတုကြီးစွပ်ထားမှန်း တအားသိသာနေလား ? "

မမမေးတော့ ကျွန်မခေါင်းခါ၍ ရယ်ပြလိုက်သည် ။

" လုံးဝမသိသာဘူး ... မသိတဲ့လူဆိုရင် တကယ့်ဆံပင်အစစ်လို့ပဲ ထင်မှာ .. ဒါနဲ့ မမ အပေါ်က အနွေးထည်မထပ်တော့ဘူးလား .. အပြင်မှာ အေးသေးတယ်မမရဲ့ .. "

" မထပ်တော့ပါဘူး လေပြည် ရယ် .. ပုဝါလေးလောက်ပဲ ခြုံတော့မယ် .. ဒီနားလာပါဦး .. "

" ရှင် ! ဟုတ် .. "

" ဟိုဘက်ကိုလှည့် .. "

မမပြောတဲ့အတိုင်း ကျွန်မဟာ မျက်လုံးပြူးလေးနဲ့ တစ်ဖက်သို့လှည့်ပေးလိုက်တော့ မမဟာ ကျွန်မ၀တ်ထားတဲ့ရင်ဖုံးအင်္ကျီကို အနောက်ကနေ ပုံစံကျအောင် သေချာဆွဲချပေးနေသည် ။

" လေပြည့် ကိုအခုလိုမျိုး မြန်မာဝတ်စုံနဲ့ ပထမဦးဆုံး မြင်ဖူးတာဆိုတော့ အမြင်ဆန်းနေတယ်ရယ် .. "

" မလိုက်ဘူးမဟုတ်လား .. မေကြီးကပြောတယ် နင်က တင်မရှိ ရင်မရှိဆိုတော့ ထဘီနဲ့ရင်ဖုံးဝတ်ရင် ၀ါးခြမ်းပြားပေါ်အ၀တ်စပတ်ထားသလိုပဲတဲ့လေ .. အဲ့ဒါကြောင့် လေပြည် မြန်မာဝတ်စုံကို သိပ်မ၀တ်တာ .. မဖြစ်မနေ ၀တ်ရမဲ့နေရာမျိုးလောက်ပဲဝတ်တယ် .. "

ကျွန်မပြောလိုက်တော့ မမထံမှာ ရယ်သံလွင်လွင်လေးပေါ်ထွက်လာသည် ။

" အန်တီကတမင်ချစ်လို့စတာဖြစ်ပါလိမ့်မယ် ... လေပြည် နဲ့လိုက်ပါတယ် .. မြန်မာမိန်းကလေးတိုင်းက မြန်မာဝတ်စုံနဲ့ လိုက်ဖက်ကြတာချည်းပါပဲ ... ကဲ ရပြီ ဒီဘက်ကိုလှည့် .. အင်္ကျီက နည်းနည်းတော့ချောင်နေတယ်နော် .. "

Room Number 301Where stories live. Discover now