" ငနှင်း နင်ငါ့ကို စောစောက ဘာပြောလိုက်တယ် ? ငါနားကြားလွဲတာတော့ မဟုတ်ပါဘူးနော် ? "
ဥမ္မာ ဟာဧည့်ခန်းက ထိုင်ခုံလေးမှာ ထိုင်နေရင်းနဲ့ မျက်လုံးအပြူးသားဖြင့် ကျွန်မကို လှမ်းမေးနေသည် ။
" နားကြားလွဲတာမဟုတ်ပါဘူး ... လေပြည် နဲ့သူ့သူငယ်ချင်းလေးတွေကို ပုဂံကို ငါလိုက်ပို့ပေးချင်တယ် ဥမ္မာ .. "
" မဟုတ်သေးဘူးလေဟာ အခုလက်ရှိ နင့်အခြေအနေနဲ့က ပုဂံအထိသွားဖို့ဆိုတာက တကယ့်ကို အဆင်မပြေနိုင်ဘူးဟ .. ခရီးပမ်းတဲ့ဒဏ်ကို နင်ခံနိုင်ရည်ရှိမယ်မထင်ဘူးနော် .. "
" အံစာတုံးကားလိုမျိုး ကားအကြီးတစ်စီးကို စင်းလုံးဌားသွားကြမယ်လေ .. Air con ဖွင့်ထားရင် ငါ့အတွက် သက်တောင့်သက်သာရှိနိုင်ပါတယ် .. "
" ဘယ်လောက်ပဲ သက်တောင့်သက်သာရှိပါစေဦးတော့ .. နင့်အနေနဲ့ ခရီးဝေးမထွက်သင့်သေးဘူး ... သွားနိုင်တယ်ပဲထားဦး ပြန်လာတဲ့အခါကျရင်တော့ လုံးဝ down သွားနိုင်တယ် ... နင့်ကို စိတ်ဓာတ်ကျအောင်တွေ ပြောနေတာမဟုတ်ဘူးနော် ... ဖြစ်နိုင်တာကို ကြိုပြောပြနေတာ .. "
" ငါလည်းသိပါတယ်ဟာ ... ဒါပေမဲ့ ငါလိုက်ပို့ပေးချင်တယ် .. ငါအခုလိုမျိုး နည်းနည်းလေးထူထူထောင်ထောင်ဖြစ်ပြီး လမ်းလျှောက်နိုင်နေတုန်းလေးမှာ သွားလိုက်ချင်တယ် ... ငါ့အတွက်ကော လေပြည့် အတွက်ပါ ပျော်ရွှင်စရာအကောင်းဆုံး ဘ၀အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ အမှတ်တရချန်ရစ်ထားခဲ့ချင်တယ် .. "
ဥမ္မာ ခေါင်းကုပ်၍ သက်ပြင်းကိုအကြိမ်ကြိမ်ချနေသည် ။ အတန်ကြာစဉ်းစားပြီးတဲ့နောက်မှ
" နင့်ရဲ့ဆရာဝန်တစ်ယောက်အနေနဲ့ဆိုရင်တော့ ခရီးဝေးမထွက်သင့်ဘူးလို့ အကြံပြုလိုတယ် .. ဒါပေမဲ့ နင့်ကိုအရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ဆိုရင်တော့ နင်တကယ်စိတ်ဆန္ဒရှိနေတဲ့အတွက်ကြောင့် မတားလိုဘူး .. သွားချင်ရင်သွား ငါကိုယ်တိုင်လိုက်ပို့ပေးမယ် .. "
ဥမ္မာ ရဲ့စကားအဆုံး၌ ကျွန်မအရမ်းဝမ်းသာသွားပြီး ထဖက်မိလိုက်သည် ။
" ငါသိတယ် နင်အဲ့လိုပဲ ပြောမယ်ဆိုတာကို ငါသိတယ် ... အရမ်းချစ်တယ် .. "
VOUS LISEZ
Room Number 301
Roman d'amourဤဇာတ်လမ်းသည် စာရေးသူနေမကောင်းဖြစ်နေသည့်အချိန်တွင် စိတ်ကူးရ၍ ရေးသားဖြစ်ခဲ့သော ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်ပါသည် ။ အချစ်ကိုအရိုးသားဆုံးပင် ပုံဖော်ခဲ့ပါသည် ။ ဤဇာတျလမျးသညျ စာရေးသူ နမေကောငျးဖွဈနသေညျ့အခြိနျတှငျ စိတျကူးရ၍ ရေးသားဖွဈခဲ့သော ဇာတျလမျးလေးတဈပုဒျသာဖွ...