ဆရာလေးရှောင်ဝမ်အနေနဲ့ ရှောင်းကျန့်ကို ကဗျာတွေ ရေးပေးဖို့ တွေးထားတာ အတော်ကို ကြာခဲ့ပြီဖြစ်တယ်။
ဒီတောင်ပေါ်မြို့လေးမှာ နွေလည်ခေါင်လည်း မိုးကြိုးပစ်တတ်တယ်။ တခါတုန်းကဆို ဆရာလေးရှောင်ဝမ်တယောက် အဆောင်ခန်းထဲက ခုံမှာ ထိုင်ရင်း အကြာကြီး စဉ်းစားပြီးတဲ့နောက် စကားလုံးအနည်းငယ် ဖျစ်ညှစ်ထွက်လာတယ်။ စာအုပ်လေးချပြီး ရေးမယ်ကြံတဲ့အချိန် အုန်းခနဲ မိုးကြိုးပစ်ချသံက ဝမ်ရိပေါ်ကို တုန်တက်သွားစေပြီး ခေါင်းထဲက စာတွေ မေ့သွားတော့တာပဲ။
ဒေါသထွက်လွန်းလို့ သူ့မှာသွားတောင် ကိုက်တယ်။ ညစာလည်း မစားဖြစ်ဘူး။
သူစဉ်းစားကြည့်တယ်။ ကောကျင့်လည်း သူ့အတိုင်း နေမှာပဲ။ ကဗျာတပုဒ်ရေးရတာ နဂါးလက်ဝါးသိုင်း ၁၈ ကွက် သင်ရတာထက်ကို ပိုခက်တယ်။
အကယ်၍များ ဒီအမျိုးသားလေးက ဘာကဗျာတွေ ရေးခဲ့လဲ သိချင်ရင် မင်းတို့ ဒီစာမူရေးပြီးတဲ့အထိ စောင့်ပေးရမယ်။ နောက်ပိုင်းမှာ ရှောင်းကျန့်က ဖြေပေးလိမ့်မယ်။
၁၉၉၂၊ နွေရာသီ။ ပူပြင်းတဲ့ကာလရဲ့ နေသာတဲ့နေ့တနေ့မှာ ဝမ်ရိပေါ်နဲ့ ခဏတာ တွေ့ခွင့်ရခဲ့တာမို့ ရှောင်းကျန့်က အရမ်းပျော်နေတယ်။
နေ့လယ်ဘက်မှာ လီကောနဲ့ တွေ့တယ်။ သူကြားတာတော့ လီကောရဲ့မိန်းမ ကလေးမွေးလို့ ရှောင်းကျန့်မှာ ပြောစရာမလိုပဲ ညဆိုင်းဆင်းဖို့ တာဝန်ကျတယ်။ ဒီလအတွက် သူ့ညဆိုင်းတွေကို သူ အကုန် ဆင်းပြီးပြီ။ ဝမ်ရိပေါ်ပြန်လာတာစောင့်ပြီး မှာထားရုံပဲ။ နောက်လကျရင် ညတိုင်း ဖုန်းပြောဖို့။
ရှောင်းကျန့်က ဒီရုံးမှာ အနေတည်ပြီး အလုပ်ကြိုးစားသူဖြစ်တယ်။ သူ့ကို ထမင်းဝယ်ကျွေးမယ့် လက်အောက်ငယ်သားတွေ အများကြီးရှိတယ်။ ရုံးကနေ သူတို့အတွက် ခဏခဏ ဆန်တွေ၊ သစ်သီးတွေ ပေးတတ်ပေမယ့် သူ ရတဲ့လစာက ဝမ်ရိပေါ်ရဲ့ ခရီးဝေး ကုန်ပို့ရတဲ့လစာကို မမီဘူး။ ဝမ်ရိပေါ် သင်ပေးနေတဲ့ အတန်းတွေကနေ ရတဲ့လစာတင် ရှောင်းကျန့်ထက် ၂ ဆ ရှိတယ်။
ဆရာလေးရှောင်ဝမ်က အလုပ်ကြိုးစားပြီး ရှောင်းကျန့်ကို ငွေမဖြုန်းခိုင်းဘူး။ ချုံချင်းနဲ့ ယန်အန်း ခရီးဝေးခေါ်တဲ့ ဖုန်းမှန်သမျှက ဝမ်ရိပေါ်ကနေ ရှောင်းကျန့်ကို ခေါ်တာဖြစ်တယ်။
YOU ARE READING
1992 ||Completed||