နောက်နေ့မနက်ထိ ရှောင်းကျန့်ခြေဖဝါးအောက်က ရေနွေးဘူးက နွေးနေခဲ့တယ်။
ညရဲ့ ဒုတိယပိုင်းလောက်မှာ ဝမ်ရိပေါ်က ရှောင်းကျန့်အတွက် ရေနွေးလဲပေးခဲ့တာဖြစ်ပြီး အဲ့အချိန်မှာ ရှောင်းကျန့်က အိပ်ပျော်နေခဲ့တာဖြစ်တယ်။
အခန်းထဲက ထွက်ပြီးတဲ့နောက် မနက်စာ စားဖို့ပြင်တယ်။ လမ်းဘေးဆိုင်လေးမှာ ခေါက်ဆွဲနှစ်ပွဲနဲ့အတူ လက်ဖက်ရည်နှစ်ခွက်မှာတယ်။ ဝမ်ရိပေါ်က ခပ်သွက်သွက်စားပြီးတဲ့နောက် ထိုင်ခုံရှည်ပေါ်မှာထိုင်ရင်း ရှောင်းကျန့်ကို စောင့်နေတယ်။ သမ်းဝေရင်းနဲ့လည်း သူ့မျက်လုံးကို တချိန်လုံး ပွတ်နေတယ်။
"ရိပေါ် ညက ကောင်းကောင်းအိပ်မပျော်ဘူးလား?"
"အိပ်ပျော်ပါတယ် ကျန့်ကောရော ကောင်းကောင်းအိပ်ပျော်ရဲ့လား?"
"ငါလည်း အိပ်ပျော်ပါတယ်..."
ရှောင်းကျန့်က ဓါတ်ဘူးထဲက ရေနွေးကို ခွက်နှစ်ခွက်ထဲ ထည့်ပြီး ဝမ်ရိပေါ်အတွက် ရေနွေးကြမ်း လုပ်ပေးတယ်။
ကျန်းကောတို့ မိသားစုက သူတို့ဘေးက စားပွဲမှာ ထိုင်နေတာဖြစ်တယ်။ ကလေးလေးက ပါးစပ်ထဲမှာ သကြားလုံး ငုံထားရင်း သူ့အမေကို ထပ်ပေးဖို့ တောင်းနေတယ်။ ကျန်းကောက ပြောလိုက်တယ်။
"သကြားလုံးကို ဟိုဦးဦးပေးတာ အမြန်သွားပြီး ကျေးဇူးတင်လိုက်"
ကလေးလေးက သူ့ဆီပြေးလာတယ်။ ရှောင်းကျန့်ရှေ့မှာရပ်ပြီး ရှောင်းကျန့်လက်မောင်းကို ကိုင်ဆွဲလှုပ်ရမ်းရင်း ပါးစပ်ကလည်း "ဦးဦး"ဆိုပြီး ခေါ်နေတယ်။
ရှောင်းကျန့်က ရှက်တတ်တဲ့သူဆိုတော့ ကလေးက သူ့ကို အဲ့လို လာချွဲတဲ့အခါ သကြားလုံးနှိုက်ဖို့ အိတ်ထဲ လက်ထည့်လိုက်တယ်။ ဝမ်ရိပေါ်က ကလေးကို ကောက်ချီပြီး သူ့ခေါင်းပေါ်ထိ မြှောက်လို့ တပတ်လှည့်လိုက်တယ်။
ကလေးက သူ့ကို အဲ့လို ချီတာ၊ ခေါင်းပေါ်အထိမြှောက်ပြီး တပတ်လှည့်တာကို တအားသဘောကျတာမို့ တခစ်ခစ်နဲ့ရယ်တယ်။ ကျန်းကောက အရပ်သိပ်မရှည်တဲ့အခါကျ ကလေးလေးမှာ သူ့ကို ခုလို အမြင့်ကြီး အမြှောက်ခံရတာ ဒါပထမဆုံးအကြိမ် ဖြစ်တယ်။
YOU ARE READING
1992 ||Completed||