မနက် ၄ နာရီမထိုးခင်မှာ ဆရာလေးရှောင်ဝမ် တယောက် ရုတ်တရက်နိုးလာခဲ့ပြီး သူ့ခန္ဓာကိုယ်က တုန်နေခဲ့တယ်။
သူ့ခန္ဓာကိုယ်က အမြဲတမ်းအပူပေးစက်ကြီးလိုပဲ။ ပြီးတော့ အခု ဩဂုတ်လလယ်ကြီးထဲ ချွေးစေးတွေပြန်နေတယ်။ သူဝတ်ထားတဲ့အင်္ကျီက စိုရွှဲပြီး သူကျောမှာကပ်နေတယ်။
ဒါပေမဲ့ ရန်ဝီရေကန်က အမြင့်မှာရှိတာမို့ ညခင်းလေက အေးစက်တယ်။ ဝမ်ရိပေါ် ပင့်သက်ရှိုက်လိုက်ပြီး သူ့ရင်ခွင်ထဲက ရှောင်းကျန့်ကို ငုံ့ကြည်လိုက်တယ်။ သူ့လက်ကို ရှောင်းကျန့်ခါးတဝိုက် ထားလိုက်ပြီး သူ့ပခုံးပေါ်မှာ ခေါင်းအုံးခိုင်းထားတယ်။
ရှောင်းကျန့်က မျက်မှောင်ကြုတ်ပြီး ဝမ်ရိပေါ်ရင်ခွင်ထဲက သူ့မျက်နှာကို တခြမ်းဖော်လိုက်တယ်။ အိပ်မောကျနေရင်း ဝမ်ရိပေါ်ရဲ့လက်မကို သူ့လက်နဲ့တင်းတင်း ဆုပ်ကိုင်ထားတယ်။
ဝမ်ရိပေါ်ရဲ့ ခန္ဓာကိုယ်က ခဏတောင့်သွားပြီး သူမလှုပ်ရှားရဲတော့ဘူး။ သူ့လက်ကိုမြောက်လို့ ကားမှန်တံခါးကို အောက်ချလိုက်ပြီး ရှောင်းကျန့်ကျောကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်တယ်။
ရှောင်းကျန့်ပြန်အိပ်တဲ့ အချိန်မှာ ဝမ်ရိပေါ် သူ့လက်ကိုမြောက်လို့ အချိန်ကို ကြည့်လိုက်တယ်။ မနက် ၃ နာရီကျော် ၄ နာရီ ထိုးခါနီးနေပြီ။ ဘာပဲပြောပြော ဩဂုတ်လ ၅ ရက်က ကျော်သွားပြီ။
ပျော်နေခဲ့တဲ့ ဆရာလေးရှောင်ဝမ် တယောက် သက်ပြင်းကြီးကြီး ချပြီး သူ့လက်ဖဝါးကို သူ့ခေါင်းနောက်ထားလိုက်တယ်။ သူထပ်အိပ်လို့ မရတော့ဘူး။
ထရပ်ကားနောက်ခန်းက လူအိပ်လို့ရတယ်။ ခရီးဝေးမောင်းတဲ့ ကားဒရိုင်ဘာတွေ တောင်ပေါ်လမ်းရောက်လို့ တည်းခိုစရာ မရှိတဲ့အခါ ကားနောက်ခန်းမှာ အိပ်ကြတာဖြစ်တယ်။
ဒါပေမဲ့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့က ခြေတံရှည်ရှည် အရပ်ရှည်ရှည် ရှိတာမို့ ကိုယ်လုံးကို ဆန့်အိပ်လို့မရခဲ့ပဲ ခြေထောက်ကိုကွေးပြီးတော့သာ အိပ်ဖြစ်ခဲ့တယ်။
နောက်နေ့ မနက်စောစော၊ နှင်းဖုံးနေတဲ့တောင်ထိပ်ပေါ် နေထွက်လာတာနဲ့ တပြိုင်နက် ရွှေရောင်အလင်းတန်း တောက်ပလာပြီး ထိုအလင်းရောင်ဟာ ကားရဲ့လေကာတွေပေါ် ဖြတ်သန်းလို့ လင်းလက်နေတယ်။
YOU ARE READING
1992 ||Completed||