ရှောင်းကျန့်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာမို့ လမ်းအကြာကြီး မလျှောက်နိုင်ဘူး။ လီကောနဲ့ ဝမ်ရိပေါ်က သူ့ကို ဆေးရုံခေါ်သွားတယ်။ ဆေးရုံမှာ ၃ ရက်နေခဲ့ရပြီး စုတ်ပြဲသွားတဲ့အသားတွေက အနာဖေးတွေ တက်လာတယ်။
ဆရာဝန်က ရှောင်းကျန့်အနာတွေ ရောင်ရမ်းတာမျိုး မရှိတော့ဘူးလို့ ပြောလာရင် ဆေးရုံက ဆင်းပြီးတာနဲ့ ဝမ်ရိပေါ်နဲ့အတူ ချုံချင်းလိုက်သွားဖို့ ပြင်ထားတယ်။
ဆေးရုံက မဆင်းခင် ၁ ရက်အလိုမှာ ရှောင်းကျန့်ညီမနဲ့ သူမယောက်ျားက ဆေးရုံကို ရောက်လာတယ်။
ညီမလုပ်သူက အနီရောင်စာအိတ်လေးကို ရှောင်းကျန့်လက်ထဲ အတင်းထည့်ပေးတာမို့ ရှောင်းကျန့်က ငြင်းတယ်။
"ကောင်မလေး ကိုကို့မှာ ငွေရှိပါတယ်ဟ"
"ကောက ဘယ်သွားမှာလဲ?"
"သူသွားမယ့်နေရာ ငါသွားမယ်"
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ဗိုက်ကို တံတောင်နဲ့တွတ်ပြီး ရယ်အောင်လုပ်တယ်။ ဝမ်ရိပေါ်က ရယ်လည်းမရယ်သလို စကားလည်း မပြောဘူး။
ခဏလောက် တိတ်ဆိတ်နေပြီးတဲ့နောက် ရှောင်းကျန့်က ထပ်ပြောတယ်။
"ကောင်မလေး မိဘတွေကို ညည်းနဲ့ ထားခဲ့ပြီနော်... ငါ နေစရာ ရှာလို့တွေ့ရင် စာရေးလိုက်မယ် ငွေရော ပို့ပေးမယ်"
"ကော နေစရာက ဘယ်လိုရှာမှာလဲ? အလုပ်ကရော..."
"ရပါတယ် သူ ငါ့ကို ဂရုစိုက်လိမ့်မယ်"
ရှောင်းကျန့်က ဝမ်ရိပေါ်ကို တံတောင်နဲ့ တွတ်လိုက်ပြန်တယ်။ သူ့ညီမက လွန်ခဲ့တဲ့ ၂ ရက်လုံး ငိုထားတာမို့ မျက်လုံးတွေ မို့မောက်နေတယ်။ ရှောင်းကျန့်က တယောက်နဲ့တယောက် နာကျင်ရတာမျိုး ထပ်မဖြစ်ချင်တော့ဘူး။
ယောက်ဖလုပ်သူက သူ့ညီမရဲ့ လက်မောင်းကို ကိုင်လိုက်တယ်။ သူ့ညီမက ဝမ်ရိပေါ်ကို မော့ကြည့်တယ်။ မျက်နှာကို စူကောက်ကောက်လုပ်ရင်း ပြောလိုက်တယ်။
"နင်!... ပေါ်ကော နင် ငါ့အစ်ကိုအပေါ် ကောင်းကောင်းဂရုစိုက်ရမယ်နော်"
YOU ARE READING
1992 ||Completed||