ဆောင်းဦးရာသီ၊ နေမင်းက အီကွေတာနဲ့ တတန်းတည်းကျချိန်ဟာ တရုတ်ပြက္ခဒိန်ရဲ့ ၁၆ ကြိမ်မြောက်ဖြစ်ပြီး နှစ်စဉ် ၂၂-၂၄ ကြား ဖြစ်ပေါ်တယ်။ ၁၉၉၂ ရဲ့ စက်တင်ဘာ ၂၃ ရက်မှာ ဆောင်းဦးရာသီရဲ့ နေမင်းက အီကွေတာနဲ့ တတန်းတည်းကျတယ်။
ဆောင်းဦးရာသီမှာ စာပေသမားတွေက စာရေးသလို ရှောင်းကျန့်မှာလည်း နေ့စဉ် ဝမ်ရိပေါ်နဲ့ ဖုန်းဆက်ဖြစ်တိုင်း သူအနှစ်သက်ဆုံး စာသားတွေကို ရွတ်ပြနေရတယ်။
ဆရာလေးရှောင်ဝမ်ဟာ ကဗျာနားထောင်တာနဲ့ အိပ်ချင်လာတာပဲ။ ဒါပေမဲ့ သူကိုက စိတ်လိုလက်ရ နားထောင်ချင်တာဖြစ်တယ်။ ဖတ်ပြတဲ့ကဗျာစာသားက အရေးမကြီးဘူး။ ဖုန်းတဖက်ကနေ ကြားနေရတဲ့ ရှောင်းကျန့်ရဲ့ အသံနဲ့ သူ့နာမည်ခေါ်တာကို နားထောင်နေရရင်ပဲ ကျေနပ်နေသူဖြစ်တယ်။
မှောင်လာတဲ့နောက်မှာတော့ ဖုန်းဆက်တဲ့အသံက ချွဲပစ်လာတယ်။ သူ ချုံချင်းကို ရောက်စက စားခဲ့ဖူးတဲ့ ကောက်ညှင်းမုန့်အချိုပွဲလိုပဲ။
အကြာကြီး နားထောင်ပြီးတဲ့နောက် ဆရာလေးရှောင်ဝမ်က ဘာစကားမှမပြောပဲ အကြာကြီး နေနေတယ်။
"ဝမ်ရိပေါ် မင်း နားထောင်နေလား?"
"ဟုတ်!"
"ငါ ဘာပြောလိုက်လဲ?"
"ကော ပြောလိုက်တာက 'ရေကန်နဲ့ ဆောင်းဦးရာသီဟာ လိုက်ဖက်ညီနေပြီး ရေမျက်နှာပြင်ဟာ ငြိမ်သက်နေတယ်' တဲ့ ကျနော်တို့ သွားခဲ့ဖူးတဲ့ ရန်ဝီရေကန်လိုပဲ ကျနော် နားထောင်နေပါတယ် ကောရဲ့!"
"အဲ့ဒါဆို မင်း ပြောဦးလေ ဒီလို ဖုန်းပြောရတာ တအားဈေးကြီးတဲ့ဟာကို ငါချည်းပဲ ပြောနေရတယ်"
"ကျန့်ကောပြောတာ နားထောင်လို့ ကောင်းတာမို့ ကောပဲ ဆက်ပြော"
သူတို့ လင်းကျီက ပြန်လာပြီးကတည်းက ရှောင်းကျန့်တယောက် Training တွေ တော်တော်လုပ်လိုက်ရတယ်။ သူ့အဖေက သူ့ကို ဆူတယ်။ ဒီအသက်အရွယ်ရောက်မှ မိဘကို ကလန်ကဆန်လုပ်နေတဲ့သဘောမျိုး ကြည့်တယ်။
ဩဂုတ်လကုန်ခါနီးမှာ အဝေးပြေးရုံးရဲ့ ဌာနမှူးက ရာထူးတက်သွားတယ်။ ဒါပေမဲ့ ရှောင်းကျန့်က ရာထူးမတက်ဘူး။ သူ့အဖေက ရုံးကို လှမ်းမေးတဲ့နောက် ခေါင်းဆောင်က ပြန်ပြောပြတယ်။ ရှောင်းကျန့်က ခွင့်ခဏခဏ ယူနေတာမို့ အဖွဲ့ထဲမှာ ကောင်းမွန်တဲ့ ပုံရိပ် လျော့ကျနေကြောင်းဖြစ်တယ်။
YOU ARE READING
1992 ||Completed||