Author's Words of Getting Married
ဇာတ်သိမ်းပြီးတဲ့နောက် "မင်းသားလေးနှင့် မင်းသမီးလေး သက်ထက်ဆုံးတိုင် ပျော်ရွှင်စွာ ပေါင်းဖက်ကြသည်"ဆိုတာရဲ့နောက်ကို တခါမှ မစဉ်းစားခဲ့ဖူးဘူး။ ဇာတ်သိမ်းပြီးရင် မင်းသားနဲ့မင်းသမီးက ဘာတွေ ထပ်ဖြစ်နိုင်လဲ။ ကျန်းဟွမ်က သက်ပြင်းချတယ်။
နောက်ပိုင်းမှာ အလုပ်တွေလုပ်ပြီး မိသားစုတွေရှိလာမယ်။ ကျမအထင် အဲ့နောက်ပိုင်းနေ့ရက်တွေက ထင်ထားတာထက် ပိုကြည်နူးဖို့ကောင်းတယ်။
"1992" ဟာ သူတို့ ရှိဂါဆဲကို သွားတဲ့အခန်းမှာ ပြီးပါတယ်။
အဲ့တော့ နောက်ခရီးတခုကို ဆက်သွားပြီး သူတို့ရဲ့ သာယာတဲ့နောက်ပိုင်းနေ့ရက်တွေကို ဆက်သွားကြရအောင်။ အဲ့အချိန်မှာ ဘေးလူတွေရဲ့အမြင်ဆိုတာတွေ လုံးဝမရှိတော့ပဲ ဆရာလေးရှောင်ဝမ်နဲ့ ဆရာရှောင်းတို့နှစ်ယောက်ကသာ အရေးကြီးဆုံးပဲ။
စလိုက်ကြရအောင်...
*
၁၉၉၂ ခုနှစ်၊ ၁၀ လပိုင်း ၂၀ ရက်နေ့မနက်မှာ မြူတွေဆိုင်းနေခဲ့တယ်။
ရှောင်းကျန့်က တက်တက်ကြွကြွရှိနေတယ်။ ဒီမနက် သူ အိပ်ရာထတဲ့အချိန်မှာ သူ့ကျောပေါ်က နောက်ဆုံးသော အနာဖေး ကွာကျသွားပြီး အသားအသစ်ပေါ်လာတယ်။ ပန်းရောင်နုနုလေး။ ကလေးလေးအတိုင်းပဲ။ ဝမ်ရိပေါ်က ရှောင်းကျန့်ကျောကို ဖွဖွလေး တို့ထိကြည့်တယ်။
"ကောက နူးညံ့နေတာပဲ"
"ဝမ်ရိပေါ်...မင်း... မြန်မြန်လုပ်... ထိုင်နေတာ နာရီဝက်ရှိနေပြီ အဝတ်အစားတွေ ထုပ်ဖို့လုပ်"
"ကျနော့်မှာ ထုပ်စရာမရှိဘူး အကုန်လုံးက ဒီမှာ"
ဆရာလေးရှောင်ဝမ်က ပြောရင်းနဲ့ ရှောင်းကျန့်ကျောပေါ် မှီလိုက်ပြီး နားနားဖိကပ်လို့ ပါးကိုနမ်းတယ်။
"ပြဿနာမရှာနဲ့ မင်း ငါ့ကို မင်းအတွက်ပါ လုပ်ပေးစေချင်လို့မလား"
ရှောင်းကျန့်က သူ့အတွင်းခံထဲ ရောက်လာတဲ့ ဝမ်ရိပေါ်ရဲ့ အကျင့်ဆိုးလက်ကို အမြန်ဆွဲထုတ်တယ်။ ပြီးတာနဲ့ အိပ်ရာပေါ်က ထပြီး အဝတ်တွေ ထည့်ဖို့လုပ်တယ်။
![](https://img.wattpad.com/cover/271275345-288-k872006.jpg)
YOU ARE READING
1992 ||Completed||