Chapter-2(A pure love)

3.8K 299 7
                                    

The next morning
Li ဒီ​နေ့အလုပ်သမားတွေလာတာမို့ li ပန်းစေ့တွေပျိုးနေတာကိုကြည့်နေမိတယ် အဖွားခြံကြီးကအတော်ပင်ကျယ်သည် ခြံကျယ်ကြီးရဲ့အလယ်ဗဟိုမှာ အိမ်ကြီးရှိနေပြီး အိမ်ရဲ့ဘေးပတ်ပတ်လည်တိုင်းမှာမြက်ခင်းစိမ်းတွေရှိပြီး အိမ်ရှေ့မှာတော့အပင်မျိုးစုံနဲ့ လှနေသည် အိမ်နောက်မှာတော့ပြင်ကျယ်ကြီးပင်အကြိုက်ပြေးလွှားနေလို့ရသည် ဒါပေမယ့်အခုတော့li ရဲ့နေကြာခင်းအဖြစ်liကပြောင်းလဲတော့မှာလေ နောက်နှစ်လသုံးလလောက်ဆိုနေကြာပွင့်လေးတွေကိုliမြင်နိုင်လောက်ပါပြီ
      အလုပ်သမားတွေမြေတွေတူးဆွပြီးမျိုးစေ့တွေသေချာပျိုးနေတာကိုထိုင်ကြည့်နေတဲ့li....အဲ့အချိန်
Jen-"li...."
Li="ဟာ...jenလေး.liဆီလာတာလား"
Jenဆိုတဲ့ကောင်မလေးကိုတွေ့တာနဲ့liမျက်မှာလေးဟာအလိုလိုပြုံး​နေမိတယ်
   Liလည်းဘေးနားကခုံကိုလက်လေးပုတ်ပြလိုက်ပြီး
Li-"လာjenလေး လာထိုင်ဒီမှာမုန့်တွေရှိတယ် ဘာစားချင်လည်းဟင်"
ပုတုတုလေးဟာထိုင်ခုံပေါ်ကုတ်ဖက်တက်ပြီးထိုင်ခုံပေါ်သေချာရောက်သွားတော့ စားပွဲပေါ်ကိုကြည့်ပြီး
Jen-"စတော်ဘယ်ရီမရှိဘူးလားli"
Li="စတော်ဘယ်ရီ jenလေးကစတော်ဘယ်ရီစားချင်လို့လား"
Jen="အင်း...jenကစတော်ဘယ်ရီအရမ်းကြိုက်တာ"
Li-"ဒါဆို liယူခိုင်းလိုက်မယ်နော်...."
Jen="inn...inn.."
Li="ကြီးကြီးရေ"
Atjima-"liလေးဘာလို့လို့လည်း "
Li="ကြီးကြီး liကိုစတော်ဘယ်ရီယူပေးပါလား များများလေး...jenလေးကကြိုက်တယ်တဲ့"
Arjima="ကြီးကြီးယူခဲ့မယ်နော်"
Li-"nae"
ကြီးကြီးကိုမှာပြီးသွားလို့ဘေးကပိစိလေးကိုကြည့်တော့ လက်ထဲမှာပေါင်မုန့်ကိုကိုင်ပြီး သေချာစားနေကာအလုပ်သမား​တွေကိုကြည့်နေတယ်..
Jen="li..."
Li-"ပြောလေjenလေး"
Jen-"သူတို့တွေဘာလုပ်နေတာလည်းဟင်"
Li="နေကြာပန်းတွေရဖို့အစေ့တွေပျိုးနေတာjenလေးရဲ့"
Jen-"liမနေ့ကပြောတဲ့liကြိုက်တဲ့နေကြာပန်းဆိုတာလား"
Li="ဟုတ်တယ် jenလေးရဲ့ li ကနေကြာပန်းတွေကြိုက်တော့ နေကြာခင်းလိုချင်လို့စိုက်ခိုင်းလိုက်တာ..."
Jen-"ဒါဆိုနေကြာပန်းရမှာလားဟင်"
Li-"ရမှာပေါ့jenရဲ့ဒါပေမယ့် စောင့်ရမှာပေါ့အစေ့ကနေတဖြည်းဖြည်းအပင်ပေါက်လာပြီးနေကြာပန်းပွင့်တဲ့အထိ"
Jen-"စောင့်ရတာကြာမှာလား"
Li="နည်းနည်းတော့ကြာတာပေါ့jenလေးရဲ့..."
Jen="jenကတော့စောင့်ရတာအကြိုက်ပါဘူးးး.စောင့်လည်းမစောင့်ချင်ဘူး"
Li="တစ်ခုခုကိုလိုချင်ရင်ပေးသင့်တဲ့အချိန်တစ်ခုကတော့ပေးရတာပေါ့jenလေးရဲ့....မပူနဲ့နော်ဒီပန်းခင်းမှာပထမဆုံးပွင့်မယ့်နေကြာပန်းကိုjenလေးကိုliပေးမယ်ကျေနပ်ပြီလား"
Jen-"တကယ်နော်li"
Li-"တကယ်ပါဗျ liပန်းခင်းကဆို​တော့တန်ဖိုးရှိတယ်နော်ဘယ်သူမှလွယ်လွယ်ရမှာမဟုတ်ဘူး jenမို့လို့ပေးမှာ..."
Jen="ကေျနက်တယ်...ကျေနက်တယ်"
လက်ခုပ်တီးပြီး ​ပေျာ်​နေတဲ့ကလေးပိစိလေးက သွားဖုံးလေး​တွေပေါ်တဲ့အထိပြုံးနေတက်ပါတယ်
Arjima="liလေးဒီမှာစတော်ဘယ်ရီတွေရပြီနော်"
Li-" ကျေးဇူးပါနော် ကြီးကြီး"
Jen="ဝါးးစတော်ဘယ်ရီတွေ...jenကိုကျွေး..jenစားမယ်"
Li="ဟုတ်ပြီနော်...ရော့သေချာစားနော်"
ကလေးပိစိလေးကလက်နှစ်ဖက်လုံးမှာစတော်ဘယ်ရီ​တွေကိုင်ထားပြီးပါးစပ်ထဲကိုတစ်ခုပြီးတစ်ခုအပြည့်စားနေလို့ စတော်ဘယ်ရီပေနေတဲ့နေရာတွေကိုliမှာတစ်သျှူးနဲ့သေချာလိုက်သုတ်ပေးရသေးတယ်
Jen-"ommaကပြောတယ် နေ့လည်ကျရင်liကိုအိမ်ခေါ်လာခဲ့ပါတယ် ထမင်းကျွေးချင်လို့တဲ့ လိုက်ခဲ့ရမယ်နော်li"
အမိန့်လိုစကားကိုliမလွန်ဆန်ဘဲ​ပြုံးလျက်သာ
Li-"အင်းliလိုက်ခဲ့မယ်နော်..."
Jen-"ရေးးးဒါမှliကွ...jenစတော်ဘယ်ရီစားပြီးသွားရင် အိမ်ကိုသွားမယ်နော်"
Li="ဟုတ်ပီနော်အခုတော့စတော်ဘယ်ရီကိုဖြေးဖြေးပုံမှန်စားနော်"
Jen-"innn innn"
ခနနေတော့ကြွေဇလုံကြီးထဲကစတော်ဘယ်ရီတွေအကုန်ကုန်သွားပြီး
Jen-"jenပြီးပြီ အိမ်သွားရအောင်li"
Li-"ဟုတ်ပြီနော်"
Liလည်းjenနဲ့အတူတူjenအိမ်ကိုထွက်ခဲ့တယ် ခြံအပြင်ကိုရောက်ဖို့လမ်းတော်တော်လျောက်လိုက်ရပြီး ဘေးကပ်ရက်jenတို့အိမ်ကိုရောက်ဖို့လည်း အဝေးကြီးလျောက်ရသေးတယ် ခြံထဲရောက်တော့ သေချာကြည့်နေမိတယ် ပန်းပင်တွေစီစီရီရီစိုက်ထားကြီးပမ်းအိုးလေးတွေကပန်းရောင်လေးတွေပင် ဒန်းလေးနားမှာjenလေးရဲ့ စက်ဘီးသေးသေးလေးပင်ချစ်ဖို့တော့ကောင်းတယ်လို့liစိတ်ထဲတွေးမိတယ်
Jen-"omma ရေ ဒီမှာliပါလာတယ်"
Jenအော်ပြောတော့အိမ်ထဲကအန်တီတစ်ယောက်ကထွက်လာပြီး
Jen's mom-"jen လေးပြန်လာပြီလားliလေးပါပါတာလား လာလာအထဲဝင်ခဲ့ကြommaမေ့လည်စာပြင်ပေးနေတယ်နော်လာထမင်းစားဝိုင်းကို liလေးသားလာ"
Li="nae အန်တီ"
Jen="li မြန်မြန်လာသွားမယ်"
အိမ်ထဲရောက်သွားတော့ ထမင်းစားခန်းကိုသွားပြီးထိုင်နေရသည် စားပွဲပေါ်ကိုjen ရဲ့omma ကဟင်းပွဲတွေထမင်းတွေခူးပြီးသေချာပြင်နေပေးတယ်
Jen(mom-"မနေ့ကတည်းကjenလေးကသားအကြောင်းပြောနေတာ သားဦးလေးရောဘဲ အန်တီကိုတစိမ်းလိုသဘောမထားနဲ့နော် အမေလိုသဘောထားနော်သား...လာထည့်စားနော်ဟင်းတွေပူပူလေးလုပ်ပေးထားတယ် နောက်ဆိုညီမလေးကိုစောင့်ရှောက်ပေးအုံးနော်jenလေးက ကိုကို အပေါ်အရမ်းမဆိုးရဘူးနော်"
Jen-"ရပါဝူး jenကliပေါ်ဆိုးမှာဘဲ liဘာမှမဖြစ်ဘူးနော်li"
Li="ဘာမှမဖြစ်ပါဘူးအန်တီ jenကလိမ်မာပါတယ်"
Jen's mom-"liလေးကတော့jenလေးဆိုးတယတေံခဲရတော့မှာဘဲ....ကဲကဲကလေးတို့စာယကြတေယ့နေယ်ဟင်းတွေပေးကုန်မယ်"
Liတို့စားနေသမျှတစ်လျောက်လုံးအန်တီကအကုန်သေချာဂရုစိုက်ပေးတယ် jenကိုလည်းသေချာဂရုစိုက်ပေးတယ်
  Li omma ကိုလွမ်းလာတယ် omma ကliအပေါ်တစ်ခါမှအခုလိုမနွေးထွေးခဲ့ဖူးဘူး..အမြဲအလုပ်တွေသာရှုပ်နေလေ့ရှိတယ် ညကျရင်လည်း အနမ်းတစ်ချက်သာပေးပြီး.....liကိုထားလေ့ရှိတယ် liအတွက်မိဘမေတ္တာဆိူတာဘာမှန်းliမသိခဲ့ရပါဘူး ဒါပေမယ့်jenလေးကတော့ကံကောင်းတယ် အဖေ​ရောအမေရောရဲ့အချစ်တွေဂရုစိုက်မှုတွေကိုရထားတာလေ ဒီချစ်ဖို့ကောင်းတဲ့ကလေးမလေးကိုliသေချာစောင့်ရှောက်ပေးမှာပါ
Liတို့စားပြီးသွားတော့ဧည့်ခန်းထဲမှာကာတွန်းကားထိုင်ကြည့်ကြတယ် jenပိစိလေးကတော့liပေါင်ပေါ်မှာထိုင်ကာ ကာတွန်းကားကိုစိတ်ဝင်စားနေတယ်
Jen-"li....."
Li-"ပြောလေjenလေးရဲ့...."
Jen="ကြောင်နဲ့ကြွက်ကအမြဲရန်ဖြစ်တိုင်းဘာလို့ကြောင်ကချည်းအမြဲခံနေရတာလည်းဟင် ကြောင်ကအရမ်းတုံးလွန်းလို့လား"
Li-"ကြောင်ကအရမ်းတုံးတာမဟုတ်ပါဘူး jenလေးရဲ့ သူကကြွက်ကိုအနိုင်ယူလို့ရရက်ကြီးနဲ့ကိုကြွက်လေးလုပ်သမျှကိုငြိမ်ခံနေတာလေ ပြီးရင်ဒေါသထွက်လည်းခနဘဲကြည့်ပါလားပြီးရင် ကြွက်လေးသနားအောင်လုပ်ပြရင်သူသနားသွားရော...ပြီးတော့ကြွက်​လေးကိုသူကစချင်ပြန်ရော "
Jen-"ဟင်...သူကဘာလို့အဲ့လိုလုပ်ရတာလည်း"
Li="ကြွက်လေးကိုသူကချစ်လို့ပေါ်jenလေးရဲ့ မဟုတ်ရင်သူကြွက်လေးကိုအခွင့်အရေးရတာနဲ့စားလိုက်တာကြာလှပြီ သူတို့ကြားမှာအချစ်တွေသံယောဇဥ်တွေရှိလို့ပေါ့"
Jen-"အဲ့လိုလား...ခစ်..ခစ်....ဒါဆို...liကကြောင်လုပ်jenကကြွက်လုပ်မယ်"
Li-"ဘာလို့လည်းjenရဲ့"
Jen-"jenဆိုးသမျှကိုliခံပေးလေ...li jenကိုချစ်တယ်မဟုတ်ဘူးလား"
Li-"ဒါပေါ့ li jenလေးကိုချစ်တာပေါ့ ဒါကြောင့်မို့liကကြောင်လုပ်ပေးမယ်နော်"
Jen="ရေးးးဒါမှliကွ"
အဲ့အချိန်တုန်းကချစ်တယ်လို့ပြောခဲ့တာဖြူစင်နေပါသေးတယ်။
#eposode-2(end)
#စိတ်ပေါက်ရင်ရေးပြီးတင်ပေးပါ့မယ် updateကြာမှာမို့စောင့်ပေးကြပါနော်😉😉

My friend is not in loveWhere stories live. Discover now