Chapter-3(one-sided love)

3.3K 286 11
                                    

11 years later
နှစ်တွေအလီလီပြောင်းလဲခဲ့ပြီ jenလည်းအထက်တန်းနောက်ဆုံးနှစ်ကျောင်းသူလေးဖြစ်ပြီး liကတော့ဆိုလ်းတက္ကသိုလ်မှာတတိယနှစ်တက်နေတဲ့ကျောင်းသားတစ်ယောက်ပေါ့ 11နှစ်အတော်အတွင်းဘာအဖြစ်အပျက်တွေမှထူးခြားမှုရေရေရာကာနဲ့ပြောင်းလဲမှုမရှိခဲ့ပေမယ့်...liနှလုံးသားကတော့ပြောင်းလဲခဲ့တယ် jenလေးအပေါ်ထားတဲ့liစိတ်တွေဟာ အဖြူရောင်ကနေတဖြည်းဖြည်းကာလာတွေဆိုးနေမိတယ်ဆိုတာliသတိမထားမိခဲ့ဘူး ဒါပေမယ့်သိတဲ့အချိန်ကျပြန်တော့လည်း နှလုံးသားတစ်ခုလုံးဟာ jenလေးမှjenလေးဖြစ်နေပြီ အဲ့လိုစသိခဲ့ရတဲ့အထက်တန်းပထမနှစ်ကျောင်းသာယဘဝတုန်းကဆို jenလေးကိုတွေ့တာနဲ့ liစိတ်တွေဘောင်ဘင်ခတ်လွန်းလှတာအခုချိန်ထိပါ jenလေးများ liလိုဘဲ liကိုချစ်နေမိပြီလားလို့စောင့်နေခဲ့တာအခုဆိုပင်ငါးနှစ်ကျော်နေပြီဖြစ်သည် သူမလေးကတော့အရင်လိုပင် liအချစ်တွေကိုလည်းမသိသလိုliလည်းမ​ပြောခဲ့ပါဘူး တစ်နေ့ထက်တစ်နေ့လှသွေးပိုကြွယ်လာတဲ့ jenလေးကိုliသဝန်တိုမိတာအမှန်ပါဘဲ လိုချင်တာမရရင်စိတ်ကောက်တဲ့ပုံကတော့ဟိုးငယ်ငယ်ကjenပိစိလေးပါဘဲ li ကတော့တည်းနေ့ထပ်တစ်နေ့အချစ်တွေပိုလာရပြီး သူလေးအနားရှိနေရင်ခံစားချက်တွေကိုသေချာချုပ်တီးထားကပေမယ့်သူမလေူကတော့ပုံမှန်ပါဘဲလေ li စောင့်နေတယ် jenလေးကို liကအချစ်ကိုရူးသွပ်တဲ့သူတစ်ယောက်ပါ အချစ်မှာတန်ပြန်သက်ရောက်မှုရှိမယ်လို့ယုံကြည်တယ် တစ်ချိန်မှာတော့ li အချစ်တွေပိုjenသိပြီး jen အချစ်တွေကိုliရမယ့်အချိန်ကိုliစောင့်နေပါတယ် တခြားလူတွေကိုပြာရင်တော့ liက အချစ်ကိုအရူးအမူးဖြစ်ပြီးယုံကြည်လွန်းတဲ့လူတစ်ယောက်ပါ ဟုတ်တယ်လေဖြစ်နိုင်ပါတယ် အချစ်ကိုရူးလွန်း​နေတာလည်း  liအချစ်ကိုရူးသွပ်စေလောက်အောင်ချစ်ရတဲ့jenလေးကြောင့်မို့ပါ
____________________________
Li="jen​လေးရေကျောင်းသွားမယ်လေ နောက်ကျတော့မယ်နော်"
Jen="လာပီ..လာပီ...."
မနက်စာစားဝိုင်းမှာမုန့်တွေကိုပလုတ်ပလောင်းပါးစပ်ထဲသွင်းနေတဲ့jenလေး
Li="jenလေးရယ်ဖြေး​ဖြေးစားပါ....ရော့ရော့ရေသောက်"
Jen="liကလည်းဘာလည်းjenကိုညိုညင်တာလား"
Li="မဟုတ့ရပါဘူးဗျာ jenလေးအစာမကြေဘဲနေလို့မကောင်းမှာဆိုးလို့ပါ လာလာကျောင်းသွားကြမယ် "
Jen-"inn inn သွားမယ်"
ပြောပြီးတာနဲ့liတို့လည်းကားပေါ်တက်သွားကြီး jen appa နဲ့ommaကိုနှုတ်ဆက်ကာ ကျောင်းကိုလာခဲ့ကြတယ် jenကို​တော့အရင်ပို့ရတာပေါ့အထက်တန်းနှစ်ဆုံးကာနီးနေပြီ jenကတော့အမြဲအိပ်ယာထနောက်ကျနေတုန်းပါဘဲ
   ကျောင်းရောက်တော့
Li="ညနေliလာကြိုမယ်နော်သူငယ်ချင်းတွေနဲ့ဘယ်မှမသွားရဘူးနော် liခွင့်မပြုတော့ဘူးဒီတစ်ခါ"
Jen-"liကလည်း.....jenလည်း16ပြည့်တော့မှာဘဲလေ"
Li="liက18ပြည့်ပြီးပြီနော် liစကားကိုနားထောင်ရမယ်နော်..ဘာအသံမှမကြားချင်ဘူးနော်jenလေး....စာကြိုးစားပါနော်ဆိုလ်တက္ကသိုလ်မီာတက်ချင်တယ်ဆို"
Jen-"ဟုတ် ဒါဆိုjenသွားပြီနော်"
Li-" သေချာသွားနော်"
Jen-"inn li"
Jenလေးကားပေါ်ကတင်းသွားပြီးကျောင်းထဲဝင်သွားမှliလည်းကျောင်းကိုလာရတော့တယ်...jenလေးကဆိုးတယ် liတစ်ခါမီမလုပ်ဖူးတဲ့အရာကိုသူလုပ်ခဲ့တယ် အထက်တန်းနှစ်စလောက်ကပေါ့  ရည်းစားထားခဲ့တာပါဘဲ.....liသိခဲ့တာနောက်ကျခဲ့တယ် liစာတွေအရမ်းလုပ်ရတယ်ဒုတိယနှစ်ဆိုတော့အခက်ခဲဆုံးနှစ်တစ်နှစ်မို့လေ jenကတော့ liမအားတာကိုအခွင့်ကောင်းယူပြီးရည်းစားထားတယ် liသိသိချင်းကဆိုကြေကွဲလိုက်ရတာ မဟုတ်လောက်ဘူးထင်ခဲ့​ပေမယ့် jenတွဲတဲ့ကောင်လေးနဲ့jenနဲ့ လက်ချင်းတွဲလျောင်နေတဲ့မြင်ကွင်းကိုliမြင်ရပြီးနောက်li jenဆီသိပ်မသွားဖြစ်ခဲ့ဘူး li jenလေးကိုအရမ်းချစ်ခဲ့တာလေ သူအပြုံးတွေကိုliအတွက်ဘဲဖြစ်စေချင်တာ နောက်တော့jenကအဲ့ကောင်လေးကိုဖြတ်ခဲ့တယ် liလည်း​သေချာမေးတော့ jenလေးက 'အပျော်တွဲကြည့်ရုံပါဘဲjenကအထက်တန်းကျောင်းသူလေစိတ်ကစားတာပါအတည်မဟုတ်ပါဘူးliရဲ့' အဲ့စကားကြောင့်.တကယ်မချစ်ဘူးအပျော်တွဲရုံဆိုတဲ့စကားကြောင့်liကျေနပ်မိပါတယ် ဒါပေမယ့် ဘယ်သူနဲ့မှမတွဲစေချင်တာမို့ jenလေးကိုအချိန်များများပေးဖြစ်တယ် တောက်လျောက်ကြည့်နေမိတယ် liဘဝမှာဘယ်အရာကိုမှတသမတ်တည်းပိုင်ရမယ်ဆိုတဲ့စိတ်မရှိပေမယ့် jenလေးကိုတော့ပိုင်ချင်မိတယ်
_________________
ကျောင်းရောက်တော့
Chae-"li yaငါတို့ဒီမှာ...."
Chaeကိုတွေ့တာနဲ့သူတို့ရှိတဲ့ဆီသွားကာဝိုင့းမှာထိုင်လိုက်တယ်
Chae-"မင်း ကလေးလေးကိုပို့ပြီးလာတာလား"
Li="အင်းဟုတ်တယ်"
Chae-"မင်းကလေးလေးကရည်းစားရှုပ်တဲ့ပုံဘဲ မင်းနောက်ကျမယ်နော်liဘယ်တော့ဖွင့်ပြောမှာလည်း"
Li-"ငါစဥ်းစားပြီးသားပါကွ ကလေးအထက်တန်းပြီးတာနဲ့ ငါဖွင့်ပြောတော့မှာ"
Chae-"တကယ်"
Li-"တကယ်ပေါ့ကွ..."
Chae="ကောင်းတယ်ကွ ဒါမှမင်းတဖက်သက်မဖြစ်တော့မှာ မဟုတ်ရင်မင်းရဲ့ကလေးကဆက်ပွေ​နေအုံးမှာ"
Li-"ကလေးကအဲ့လိုတော့မဟုတ်ပါဘူးကွာ အ​ပျော်ပါတဲ့"
Chae-"မင်းသူဆီစိတ်အရမ်းမနှစ်သင့်ဘူးနော်li"
Li-"ဒါပေမယ့် ငါသူကိုဘဲချစ်တာလေchaeရယ် ငါဘာတက်နိုင်မလည်းဘာမှပြောပိုင်ခွင့်မရှိလို့သာကြည့်နေရတာ တကယ်တော့သူအဲ့လိုတွဲလေငါနာကျင်နေပါဘဲ...ဒါပေမယ့်တစ်နေတော့သူငါ့​ကိုပြန်ချစ်လာမှပါငါယုံတယ်"
Irene-"နင်ဒီလောက်နာကျင်နေရတာတောင်လားli"
စကားဝိုင်းမှာတိတ်ဆိတ်နေတဲ့reneကမေးလာတယ်
Li="ငါနာကျင်နေရင်တောင်သူကိုငါအဆုံးထိချစ်သွားမှာပါ ငါသူ့ကိုဘယ်လောက်ချစ်လဲဆိုတာ နင်တိူ့နှစ်​ယောက်အသိဆုံးလေ"
Irene-"သိလို့ပြောနေတာလေli နင်ခံစားနေရတာငါတိူ့နှစ်ယောက်အသိဆုံးလေ  နင်ကဘာလို့အဲ့မိန်းကလေးကိုဘဲစွဲလန်းနေရတာလည်း"
Li="rene...ငါသူ့ကိုချစ်လို့လေ..ကြာလှနေပီလေ ငါသူမဟုတ်ရင်မရဘူး."
Chaeအ​ခြေအနေကိုဝင်ထိန်းမှရတော့မယ်
Irene="ငါက....."
Chae="ကဲတော်ပြီနော်.....reneလည်းတော်တော့နော်...."
Li="reneဒေါသမထွက်ပါနဲ့နော် ငါလည်းမတက်နိုင်လို့ပါသူဘဲရှိလို့"
Irene-"liရယ်.....ကဲထားပါတော့ နင်ကလေးနဲ့ငါတို့ဒီအပတ်sundayတွေ့ကြရအောင်လေ ငါတိူ့နားရက်မဟုတ်လား လျောက်လည်မယ်လို့ကတိပေးထားတာသူကိုပါခေါ်ခဲ့လိုက်လေ"
Li="inn inn ငါခေါ်ခဲ့မယ်နော် အခုတေယ့စိတ်မကောက်နဲ့တော့လာအတန်းသွားတက်မယ် "
Irene-"ပြီးရော....."
အ​ရှေ့ကထွက်သွားတဲ့liနဲ့reneကိုကြည့်ပြီး chaeသက်ပြင်းချမိတယ်
Liကတော့jenလေးမှjenလေးဖြစ်နေ​တာ သူသတိမထားမိခဲ့တာ reneရဲ့အချစ်တွေကိုပါ reneကငယ်ငယ်ကတည်းကliနဲ့chaeရဲ့တစ်ဦးတည်းသောရွယ်တူမိန်းကလေးသူငယ်ချင်း chaeတို့သုံးယောက်အမြဲတပူးပူးတတွဲတွဲ လုံးဝသူငယ်ချင်းကောင်းတွေပါ ireneကchaeတို့ထက်တစ်နှစ်ငယ်တယ် သူကအသက်မပြည့်ဘဲကျောင်းစတက်တာလေဉာဏ်ကောင်းတာကိုreneအချစ်တွေကိုliကတော့မသိခဲ့ပါဘူး ဒါ​ပေမယ့်ဘေးနားကနေကြည့်နေရတဲ့chaeကတော့သိတယ် သူငယ်ချင်းသံယောဇဥ်ဘဲလိုliကထင်နေပေမယ့်reneကတော့အဲ့ထက်ကိုပိုနေပါတယ် နောက်လာမယ့်အကြောင်းတွေတော့ကြိုမတွေးတာကောင်းမယ်ထင်တယ်
Li ကတော့တစ်ဖက်သက်အချစ်သမားလေးတစ်ယောက်ပါအချစ်ကိုယုံကြည်တဲ့လူပေါ့။
#chapter-3(one-sided love)(end)

My friend is not in loveWhere stories live. Discover now