Chapter-7(I don't care)

3.3K 294 20
                                    

The next morning...
Li မနက်စောစောထကာ jen ကိုစောင့်နေမိတယ် li jenနဲ့စကားပြောရမှဖြစ်မည် မဟုတ်ရင် li ခံနိုင်ရည်မရှိပါ li လည်း jen တို့အိမ်ထဲကိုမဝင်ဘဲ ခြံရှေ့ကနေခေါက်တုံ့ခေါက်ပြန်လျောက်နေမိတယ် နာရီဝက်လောက်စောင့်လို့အပြီးမှာတော့ jenထွက်လာတယ် ပြင်ဆင်ထားပြီး အပြင်သွားမယ့်ပုံပင် li ကိုကြည့်ပြီး မသိချင်ယောင်ဆောင်ကာထွက်သွားမယ်လုပ်တော့ liလည်း jen အနောက်ကိုပြေးလိုက်ကာ
Li-"jen.... jen လေး li ပြောစရာရှိလို့ ခနလောက် စကားပြောတာလေးကိုနားထောင်ပေးပါအုံး...."
Jen ကအဲ့အခါကျမှခြေလှမ်းတွေရပ်သွားပြီး li ကိုကြည့်လာသည်
Jen-"ဘာပြောမှာလည်း..... "
Li-"jen ရယ် li ကိုအခုလိုမဆက်ဆံပါနဲ့  li မနေတက်လို့ပါ တခြားအပစ်ပေးခံပါမယ် အခုလိုတော့မခေါ်မပြောဘဲ မနေပါနဲ့ကွာ li တောင်းပန်ပါတယ်နော်"
Jen-"တကယ်တခြားဟာလုပ်မလား...."
Li-"အင်းအင်းး jenလေးပြောနော်"
Jen-"ဒါဆို jen ကိုမချစ်နဲ့တော့....အဲ့တာဆို မခေါ်မပြောဘဲနေတာကိုရုတ်သိမ်းပြီး အရင်လိုပြန်နေပေးမယ် ဘယ်လိုလည်းလက်ခံလား...."
Li-"ဟမ်.....မ...မရဘူးလေ li jen လေးကိုချစ်နေတဲ့စိတ်ကိုဘယ်လိုရပ်တန့်လို့ရမှာလည်း...အဲ့လိုမလုပ်ပါနဲ့ jen ရယ် ..."
Jen-"မသိဘူးအဲ့တာဆိုရင်တော့ jen အခုလိုဘဲစကားမပြောဘဲနေမှာဘဲ...ဘာမှလာမပြောနဲ့..."
Li လည်းဝမ်းနည်းလာရသည်
Li-"li jen ကိုတကယ်ချစ်တာပါ jenရယ် jen ကြိုက်သလိုစမ်းသပ်လို့ရပါတယ်  li လုပ်​ပါ့မယ် အခုလိုပစ်ပစ်ခါခါကြီးတော့မလုပ်ပါနဲ့နော် li မနေတက်လို့ပါ... li ကိုအခွင့်အရေးလေးပေးပါလားဟင်"
Jen-"ကျစ်.....အဲ့တာဘဲ li တို့လိုယောကျားလေးတွေက အဲ့လိုဘဲခင်လာတာကြာတော့ရည်းစားဖြစ်ချင်နေတယ် ရှင်းရှင်းဘဲပြောမယ် jen li ကိုမချစ်ဘူး စဥ်းလည်းမစဥ်းစားနိုင်ဘူး အခု jen လက်ရှိတွဲနေတဲ့သူရှိတယ် သူကတခြားသူတွေနဲ့မတူဘူး jen အတွက်လုံလောက်တယ် သူကဘဲ jen အတွက်အတည်ဖြစ်လာမှာ...အဲ့တော့စောင့်မနေနဲ့တော့...ပြီးတော့ဒီနေ့ကစပြီးစကားလာမပြောပါနဲ့တော့ jen ကောင်လေးလည်းကြိုက်မှာမဟုတ်ဘူး..... "
Li စွံ့အသွားခဲ့ရတယ် jen ကသူ့အခုလက်ရှိကောင်လေးကိုအတည်တဲ့လေ li ဘယ်လိုစိတ်၊ဘယ်လိုနှလုံးသားမျိုးနဲ့ li သိနေရတာလည်း ခံစားရတာခက်တယ် ကလေးရယ် li li အချစ်တွေကမစစ်မှန်လို့လားဟင် ဒါပေမယ့် li စောင့်ပါ့မယ် jen li အချစ်ကိုလက်ခံလာလောက်မယ့်အချိန်ထိပေါ့.....။
    အရှေ့ကနေထွက်သွားတဲ့ jen ရဲ်နောက်ကျောပြင်လေးကို liအဆုံးထိကြည့်နေမိတယ် li နှလုံးသားတစ်ခုလုံးနဲ့ချစ်တာမို့ jen ကိုအချိန်အခါမရွေး li စောင့်နေမှာပါ jen စကားဆိုအမိန့်လိုနာခံတက်တဲ့ li ကအခုလည်း သူ့အမိန့်အတိုင်း သူစိမ်းလိုနေရတော့မှာပေါ့...ကိုယ့်အတွက်အရာရာကအဲ့လောက်လွယ်ကူမနေပါဘူး ကလေးရယ် မင်းနှုတ်ခမ်းကထွက်သမျှစကား တစ်ဘဝဖြစ်နေသူမို့ အဝေးကနေဘဲဆက်စောင့်နေပါ့မယ် liလည်းဝမ်းနည်းပြီးအိမ်ပြန်လာခဲ့တယ် အိမ်ရောက်တော့လည်း li တစ်ယောက်တည်းသာ ကျောင်းတွေပိတ်သွားပြီဖြစ်တာမို့ li အိမ်မှာနေရခြင်းဖြစ်တယ် အဖွားကတော့ ကုမ္ပဏီမှာသာအလုပ်ရှုပ်ကာအချိန်ကုန်နေလေ့ရှိသည် li jen ကိုလွမ်းမိသည် အရက်နှစ်ကျောင်းပိတ်ရက်တွေဆို အမြဲနှစ်ယောက်သားအတူတူအချိန်ကုန်နေကြဖြစ်သည် ဒီနှစ်တော့သူက li ကိုသူစိမ်းလိုပင်ဆက်ဆံနေပြီလေ li အတွက်ခံစားရအခက်ဆုံးပါဘဲ...."
At jen's side
Jen လည်း li နဲ့စကားပြောပြီးတာနဲ့ ji နဲ့ချိန်းထားတဲ့ cafe ကိုရောက်လာခဲ့တယ်
Jen-"ဟဲ့ ji....အမလေးငါလာတာတောင်မသိရအောင်ဘယတွေအဲ့လောက်ပြုံးပျော်နေတာလည်း...."
Ji-"ဟို...ဟို..😁 oppa young ရဲ့ပုံတွေ​ကြည့်နေတာ ချစ်ဖို့ကောင်းချက်ကတော့ ငါသည်းသည်းလှုပ်ချစ်ရလောက်အောင်အထိဘဲ"
Jenလည်း ji ရှေ့မှာဝင်ထိုင်လိုက်ပြီး
Jen-"အမလေး ရည်းစားမထားဖူးတဲ့ FAကြီးက ကြိုက်မယ့်ကြိုက်တော့လည်း လုံးဝ လူကြိုက်များတာကြီးကိုပါလား ဘာလည်းအတည်လား ဒါမှမဟုတ်အပျော်လား."
Ji-"အမယ် ဒီမှာမိjen ငါ့ကိုနင့်လိုများထင်နေလား ငါ့လူကြီးကိုငါကအတည်ချစ်တာဟဲ့ ငါကလူကြီးကိုရအောင်ယူမှာ"
Jen="အမလေး တစ်ယောက်တည်းကိုစကြိုက်ပြီးရည်မှန်းချက်တွေကြီးမားတာဟယ်.... "
Ji-"ဟွန့်...နင်ကတော့ဒါတွေဘယ်သိမလည်း နင်တကယ်ချစ်တဲ့လူတွေ့မှလုံးဝလက်မလွှတ်ချင်လောက်အောင်ပိုင်ဆိုင်ချင်လာလိမ့်မယ် ..အဲ့အခါကျမှရင်နင်ဝဋ်လည်မှာမိjen"
Jen=" အမလေး ငါလားဝဋ်လည်မှာ ငါလိုချင်ရင်လက်ညိုးထိုးလိုက်ရုံဘဲ ပြီးတော့ ငါဘယ်သူ့ကိုမှတကယ်မချစ်ဘူး..."
Ji-"အေးလေးပြောအားရှိတော့ပြောထားအုံးပေါ့... ကဲပြောပါအုံး ငါ့ကိုဘာကိစ္စခေါ်တာလည်း"
Jen="အေးငါလည်းအဲ့တာဘဲပြောချင်တာ(မနေ့ကliနဲ့ဖြစ်ခဲ့တဲ့အကြောင်းတွေကိုသေချာရှင်းပြပြီးပြောပြလိုက်တယ်) အဲ့လိုဟာ ငါလည်းစိတ်ပျက်ပြီးစကားမပြောတော့ဘူး.."
Ji-"ဒါဆို oppa liက နင့်ကိုချစ်နေတာပေါ့ နှမြောလိုက်တာ"
Jen-"သေနာဘာကိုနှမြောတာလည်း..."
Ji-"အေးလေ oppa လိုချောလည်းချော တည်လည်းတည်ငြိမ် မိန်းကလေးတိုင်းကလိုချင်နေတဲ့ယောကျားမျိုးက နင့်ကိုမှချစ်တယ်ဆိုတော့ နှမြောစရာကြီးပေါ့ဟ....😆😆"
Jen-"သေနာအကောင်းပြောတယ်ထင်လို့"
Ji-"ဒါနဲ့ဘာလို့အဲ့လောက်ပြောလိုက်တာလည်း..သူလည်းနင့်ကိုချစ်နေလို့လေ"
Jen="ji ရာနင်သိရက်သားနဲ့ ငါအဆင့်ကျော်တာကိုမကြိုက်ဘူးလေ ကြည့်အုံးငါသူငယ်ချင်းလိုအကိုလိုယုံရတဲ့ အားပိုရတဲ့လူက ငါ့ကိုချစ်ခွင့်ပန်တယ်တဲ့အဓိပ္ပါယ်မရှိတာဟာ.. ပြီးတော့ငါ့မှာရည်းစားရှိနေတာလည်းသိသိကြီး ငါတော်တော်စိတ်ပျက်တယ် အဲ့တာကြောင့် စကားမပြောဘဲနေခိုင်းတာ li ကငါ့စကားနားထောင်မှာလာပြောမှာမဟုတ်ဘူး အမြဲငါ့စကားနားထောင်နေကြ"
Ji-"နင့်ဟာကလည်းမမိုက်လိုက်တာဟာ သူ့ဘာသာသူချစ်တာတောင် နင့်အမိန့်ကိုနာခံနေရတယ် ပြီးတော့နင်က GD ကိုအတည်မို့လို့လား အဲ့လိုပြောရအောင်..."
Jen-"အတည်ဟုတ်မဟုတ်ကတော့တွဲရင်းဆုံးဖြတ်ရမှာပေါ့ သူကငါတွဲခဲ့တဲ့တခြားလူတွေနဲ့မတူဘူး အဆင်ပြေတယ် ပြီးတော့ လိုက်ဖက်တယ်လို့လည်းထင်တယ်"
Ji-"မိjenရာ နင်ဘယ်အချိန်ထိအဲ့လိုလုပ်နေမှာလည်း ကလေးလိုဘဲ ဘယ်လိုဘဲဖြစ်ဖြစ်ငါကတော့နင်အနားမှာရှိနေမှာ ဒါ​ပေမယ့်အကောင်းအဆိုးကိုတော့သေချာဆုံးဖြတ်နော် မချစ်ဘဲနဲ့လည်းလျောက်မတွဲနေနဲ့ နင်တကယ်ချစ်တဲ့သူနဲ့တွေ့ရင်ဒုက္ခတွေရောက်နေမယ်"
Jen-" I don't care...."
မျက်နှာပြောင်ကာအအေးသောက်နေတယ့်jenကို ကြည့်ပြီးjiကတော့ခေါင်းခါနေမိတယ် တစ်ချိန်ချိန်မှာ jen နောင်တရစရာတွေဖြစ်လာမှာဆိုးလို့ပေါ့....။
#chapter-7(end)

My friend is not in loveWhere stories live. Discover now