Chapter-15(Missing)

4K 326 34
                                    

1 year later
လွမ်းတယ် li အရမ်းလွမ်းမိပါတယ် လတိုင်း jen ဆီကို post card တွေပို့ပေမယ့် ဘာစာမှပြန်မလာပါဘူး li က​တော့အလွမ်းဒဏ်ကိုအလူးအလဲ အစကတော့ ခံနိုင်မယ်ထင်ထားပေမယ့် အခုတော့ li လုံးဝမခံနိုင်ပါ ဒါပေမယ့်လည်း jen အမိန့်ကိုမလွန်ဆန်နိုင်ခဲ့ဘူး
လွမ်းတိုင်းpost card တွေရေးတယ် လကုန်တာနဲ့ jen ဆီကို post card တွေပို့ပေးခဲ့တယ် jen ဆီကတော့ ဘာပြန်စာမှရမလာပါ li ကသာ မျှော်လင့်ချက်တွေနဲ့ ပြန်စာများလာမလားဆိုပြီးစောင့်နေခဲ့မိတာ li jen မရှိတော့ jen အိမ်ကိုနေ့တိုင်းနီးပါးသွားတယ် jen omma က liကိုအိမ်မှာနေ့တိုင်းထမင်းလာစားဖို့ပြောတယ် အဲ့တာကြောင့် li လည်းအိမ်မှာတစ်ယောက်တည်းရှိတဲ့နေ့တွေဆို jen အိမ်မှာသာထမင်းသွားစားဖြစ်ပြီး jen appa omma တို့နဲ့စကားတွေပြောဖြစ်တယ် li အခု third year ပြီးသွားပြီ ဖွားဖွား ကုမ္ပဏီမှာအလုပ်တွေဝင်ကူနေပြီ အဖွားကပြောတယ် li ကျောင်းပြီးတာနဲ့ li ကိုceo နေရာကိုခန်မယ်တဲ့ li အလုပ်တွေကိုဦးစီးရတော့မယ်လေ
အမှန်တော့အဖွားက ကုမ္ပဏီတစ်ခုလုံးကိုအုပ်ချုပ်စေဖို့ဥက္ကဋ္ဌရာထုးတောင်လွှဲပေးချင်နေတာပါ ဒါပေမယ့် li မလိုချင်သေးပါဘူး li အများကြီးကြိုးစားရအုံးမယ် အဲ့တာကြောင့်အဖွားကိုဥက္ကဋ္ဌနေရာအတိုင်းနေခိုင်းပြီး li ကတော့ ceo အဖြစ်ဘဲလက်ခံခဲ့တာ ကျောင်းပိတ်ရက်တွေမှာအလုပ်နဲ့မအားဘူးဆိုပေမယ့် နားရက်တွေကြရင်တော့ rene က li အထီးကျန်မှာဆိုးလို့ li ဆီအမြဲလာလေ့ရှိတယ် တကယ်ပါ ကမ္ဘာပေါ်မှာ ဖွားဖွားပြီးရင် li ပေါ်အကောင်းဆုံးမိန်းမသားက rene ဘဲရှိတယ်
Irene-"li ဘာတွေတွေးနေတာလည်း"
Li-" ဘာမှမဟုတ်ပါဘူး rene ရဲ့ပျင်းလို့ဒီတိုင်းထိုင်နေတာ ဒါနဲ့ rene ဒီနေ့မနားဘူးလား"
Irene-" နားတယ်လေ li ဆီလာပြီးနားတာ နေကြာပန်းတွေပွင့်နေပြီဆို rene ကြည့်ချင်လို့"
Li" အဲ့လိုလား လာလာ ခြံနောက်သွားကြမယ် li လိုက်ပြမယ်"
Liလည်း ခြံနောက်ကို ခေါ်လာတော့
Irene-"li ya ကြည့်ပါအုံး rene ထက်တောင်မြင့်သေးတယ် အပင်အရှည်က အပွင့်ကြီးကလည်း rene မျက်နှာထက်တောင်ကြီးသေးတယ် ခစ်.... ခစ်"
Li လည်း rene အပြောကြိုက်လိုက်ရယ်မိတယ် rene ကပုပုသေးသေးလေးလေ မျက်နှာလေးကလည်းသေးသေးလေး
Li=" ဂျပုလေး...ဟားးဟားး"
Irene-"ဟာ   ဘာပြောတယ်"
Li-"အင်းလေ နေကြာပင်ထက်တောင်ပုတဲ့ဂျပုလေး...😂😂😂 "
Irene-"ဟာ    ခွေးပေါက်..."
Li ကအရှေ့ကနေစပြီးပြေးသွညးတာကြောင့် အနောက်က rene ကတော့ပြေးပြီးလိုက်ဖမ်းနေတယ် ခနနေတော့ li လည်း rene ကိုစချင်တာနဲ့ ပြေးနေရာကနေချက်ချင်းရပ်လိုက်ပြီး
Li-" အ...မောတယ်....."
Irene-"li li ဘာဖြစ်တာလည်းဟင်...ဘယ်နားနေမကောင်းလို့လည်း..."
Li လည်းဆိုးရိမ်နေတဲ့ rene ကိုစချင်တာနဲ့ငုံနေရာကနေ
Li-"ဝါးးး"
Irene-" li ရယ် လန့်တာဘာဖြစ်တာလည်းဟင်"
Li-"ဘာမှမဖြစ်ဘူးဒီတိုင်း rene ကိုစချင်လို့😁😁"
Irene-"​ခွေးပေါက်လေး အရမ်းဆိုးတယ်..."
Li-"😆😆😆"
Li တို့ရဲ့တစ်နေ့တာကို ရယ်မောခြင်းတွေနဲ့စတင်ခဲ့ပါတယ် ဒါပေမယ့်အချိန်တိုင်း jen လေးကိုလွမ်းနေတဲ့ li စိတ်ကိုတော့ဖျောက်မရခဲ့ပါဘူး
At jen's side
Jen ဒီကိုရောက်တော့ အဖွားတို့နဲ့အတူနေပြီးကျောင်းတက်တယ် အဖွားက jen ကိုအရမ်းချစ်တာမို့ jen နေချင်သလိုနေတယ် အခုမှဘဝကြီးကတကယ်လွတ်လပ်တယ် အရင်လို ဘာလုပ်လုပ်လိုက်တားနေမယ့် li မရှိဘူးလေ jen ပျော်အောင်နေရုံပါဘဲ အပျကိဘက်တော့​မသွားဘူးကိုယ့် limit နဲ့ကိုယ်ပေါ့ အခုဆို America မှာနေတာတစ်နှစ်ပြည့်သွားပြီ စစချင်းတုန်းကခက်ခဲပေမယ့် နောက်ပိုင်းတော့သူငယ်ချင်းတွေရလာ​ပြီး အဆင်ပြေလာခဲ့တယ် ji နဲ့ကတော့အမြဲဆက်သွယ်ဖြစ်တယ် ဖုန်းပြောရင်လည်း သူ့ရဲ့အချစ်ဆုံးကြီးအကြောင်းပြောလိုက်တစ်ခါတစ်လေ li အကြောင်းပြောလိုက်နဲ့ပေါ့ jen ကြားတာတော့ li ကနောက်နှစ်ပြီးရင် Monoban ကုမ္ပဏီရဲ့ceo အဖြစ်လွှဲယူတော့မယ်ဆိုဘဲ ကောင်းပါတယ်လေ  ဖွားဖွား သက်သာတာပေါ့ li ကလတိုင်း post card တွေပို့တယ် jen လည်းမအားလို့မဖတ်ဘူး ပြန်စာလည်းမပို့ဘူး သူjen ကိုတစ်ကယ်ချစ်ရင် စောင့်ရမှာကသူ့တာဝန်ဘဲလေ...
After 5 years later
6 နှစ် li ဆီကနေ jen ထွက်သွားတာ 6 နှစ်ဘာအဆက်အသွယ်မှ li ကိုမလုပ် li မှာတော့ jen ဘွဲ့ယူ့ပီးပြန်လာမလားစောင့်နေပေမယ့် jen ကတော့ li ကိုပြောထားတဲ့အတိုင်းသူပျော်သလောက်နေနေတဲ့ပုံပါဘဲ li jen အကြောင်းစုံစမ်းကြည့်တော့ jen ကောင်လေးတွေနဲ့ပွေရှုပ်နေတုန်းပါဘဲ တစ်ခါတစ်လေသူပြန်လာမှာပါလို့သာတွေးနေမိတာ မျှော်လင့်ချက်တွေပျောက်တဲ့ညတွေဆိုတာမနည်း အရာရာကိုစိတ့ရှည်လက်ရှည်စောင့်နေပေမယ့် လိုချင်တဲ့အရာကတဖြည်းဖြည်းဝေဝါးလာရတယ် လက်လွှတ်ဖို့ထိ ဆုံးဖြတ်ချင်ပေမယ့် သူပြန်လာမှာပါ တွဲနေတယတွေကအပျော်တွေပါဆိုပြီးကိုယ့်ကိုကိုယ်နှစ်သိမ့်မိပြန်တယ် အရည်အချင်းရှိတဲ့ ceo တစ်ယောက် နာမည်ကြီးတဲ့စီးပွားရေးလောကရဲ့ ceo တစ်ယောက်ဖြစ်တယ်လို့ လူတွေဘယ်လောက်ပြောပြော jen နဲ့ပက်သက်ရင် ခံစားချက်တွေကထိလွယ်ရှလွယ်ဖြစ်နေတုန်းပါ ....
At jen's side
Jen ဘွဲယူပြီးသွားပြီ ဒါပေမယ့်ကိုရီးယားကိုမပြန်ခဲ့ဘူး li ကိုလက်မထပ်ချင်လို့လားဆိုတော့မဟုတ်ပါဘူး ဒီမှာနေခဲ့တဲ့ကာလမှာ jen နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ li ရှိနေခဲ့တယ်ဆိုတာ jen သိခဲ့တာကြာခဲ့ပါပြီ jen li ကိုစမ်းသပ်ချင်သေးတယ် li jen ကိုစောင့်နိုင်သေးရဲ့လားဆိုတာ jen ရည်းစားတွေထည်လဲတွဲတယ် လက်ကိုင်ရုံဖက်ရုံအဆင့်ထက်မပိုပါဘူး jen အပျင်းပြေကစားရုံပါ တစ်ချိန်ကျရင် jen တကယ်ချစ်ရတဲ့ jen ရဲ့လူကြီးli ကိုဘဲ jen ကလက်ထပ်မှာ ji က​တော့ပြောတယ် ပြန်မလာသေးဘူးလားတဲ့လေ li က jen ကိုစောင့်နေတုန်းဘဲတဲ့ ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်လည်း လတိုင်း li ဆီကလာမယ့် post card တွေကို jen မျှော်တက်လာတယ် စီးပွားရေးသတင်းတွေမှာပါလာတဲ့အသက်အငယ်ဆုံး ceo လေးအကြောင်းကို jen Tv မှာထိုင်စောင့်ကြည့်ဖြစ်လာတယ် ဘယ်လိုဘဲဖြစ်ဖြစ် li ဟာ jen နဲ့တစ်ချိန်ကျရင်လက်ထပ်ရမယ့်သူပါ...။
#chapter(15)(end)

My friend is not in loveWhere stories live. Discover now