chapter- 29(together with you)

5.4K 323 37
                                    

Jen နိုးလာတော့ ကိုကို ကမနိုးသေးဘူး မြင်​နေရတဲ့မြင်ကွင်းလေးကတစ််ချစ်စရာဖို့ကောင်းတယ် ဖြူဖွေးနေတဲ့မျက်နှာလေးမှာအေးလွန်းလို့နီနေတဲ့နှာခေါင်းထိပ်လေးတွေနားထိပ်လေးတွေကအသည်းယားစရာ အိပ်နေတာလည်းနှုတ်ခမ်းလေးဆူထော်လို့ ဘယ်လိုတောင်ချစ်ဖို့ကောင်းနေရတာလည်း jen လည်း ကိုကို ရင်ခွင်ထဲပိုတိုးဝင်လိုက်တော့ ကိုကို ကလှုပ်ရှားလာပြီး jen ကိုပြန်ဖက်ထားပေးတယ် ခနနေတော့အိပ်ချင်မူးတူးအသံလေးနဲ့
Li-" နိုးနေတာလား ကလေးလေး"
Jen မော့ကြည့်လိုက်တော့မျက်လုံးတောင်မဖွင့်သေးဘဲစကားပြောနေတာ jen ကို အိပ်မှုန်စုန်ဝါးလေးနဲ့ ဘယ်လိုတောင်အသည်းယားအောင်ပြုစားနေမှန်းကိုမသိဘူး jen လည်း ကိုကို ကိုမော့ကြည့်ပြီး ပါးလေးကို​သေချာကိုင်ကာ
Jen-" နိုးနေတာပေါ့ ကိုကို အိပ်ပုတ်လေးရဲ့ ကြည့်ပါအုံး jen ရဲ့ကလေးကြီးကို ချစ်ဖို့ကောင်းလိုက်တာ "
Li-" ခစ်..ခစ်.ချစ်ဖို့ကောင်းရင်ရင်ခွင်ထဲထည့်ဖက်ပေးထားမလားဟင် li အိပ်​ရေးမဝသေးဘူး"
Jen=" ဟုတ်ပါပြီရှင် "
Jen လည်းအပေါ်ပိုင်းကိုတိုးသွားပြီး ကိုကို ကိုjenရင်ခွင်ထဲထည့်လိုက်တော့ ကိုကို က jen ရင်ခွင်ထဲဝင်ပြီး jen ခါးလေးကိုဖက်လာတယ်
Li-" စောကြီးနိုးနေတာဘဲကလေးလေးက "
Jen=" ဒါပေါ့ ကိုကို မျက်နှာလေးကိုကြည့်ချင်လို့ "
Li-" ကလေးကအရမ်းပြောတက်တာဘဲ "
Jen-" အဲ့စကားတွေက ကိုကို ကိုဘဲပြောတာပါ ကိုကို ရဲ့ "
အဲ့လိုပြောတော့ ကိုကို ကရင်ခွင်ထဲကနေ jen ကိုမော့ကြည့်လာပြီး ရယ်ပြနေပြန်တယ် အိပ်ချင်မူးတူးလေးနဲ့မို့တော်တော်ကိုမျက်လုံးထဲမှာဖြူစင်ပြီးချစ်ဖို့ကောင်းနေတယ်
Li-" ချစ်တယ်နော်ကလေးလေး"
ကိုကို ကပြောပြီး jen ပါးကိုနစ်ဝင်​အောင်နမ်းကာရင်ခွင်ထဲ​ပြန်ဝင်ပြီး jen ကိုရယ်ကာကြည့်နေတယ်
Jen-" jen လည်းချစ်တယ်နော် "
ပြောပြီးတာနဲ့ ကိုကို မျက်နှာလေးကိုကိုင်ပြီး နှဖူးတွေပါးတွေနှုတ်ခမ်းတွေကိုလိုက်နမ်းနေတော့ ကိုကို ကရယ်သာရယ်နေတယ်
ခနနေတော့ ကိုကို ကတစ်ခုခုကိုသတိရကာအတင်းကုန်းထနေတယ်
Jen-" ဘယ်သွားမို့လည်း ကိုကို "
Li-" ကလေးလေး လူကြီးတွေလာတော့မှာဆိုးလို့..."
အဲ့တော့မှ jen သတိရတယ် လူကြီးတွေသာအခုအခြေအနေကိုတွေရင်မျက်နှာပူစရာ ညကတော့ ကိုကို နဲ့မခွဲနိုင်လွန်းလို့ လာအိပ်ပေမယ့်မနက်ကျတော့လူကြီးတွေတွေ့မှာဆိုးမိသည် အထွေအထူးတော့မဟုတ် jen တို့လက်မထပ်ဘူးပြောပြီးအခန်းထဲအတူရှိနေကြလို့ပါ jen လည်းအမြန်ထလိုက်ပြီး
Jen-" ကိုကို ကလေး အခန်းပြန်ပြီနော် ကလေးဘဲအရင်မျက်နှာသစ်လိုက်တော့မယ် ချစ်တယ်နော် ကိုကို အိပ်ရေးမဝသေးရင်အိပ်လိုက်အုံးအိပ်ရေးဝမှထွက်ခဲ့ ကလေးမနက်စာပြင်ဖို့ဖွားဖွားတို့ကိုသွားကူပေးလိုက်အုံးမယ် "
အဲ့တော့ ကိုကို ကjen ခါးလေးကိုဖက်လာပြီး
Li-" ကိုကို မအိပ်တော့ဘူးနော် ခနနေရင်ထွက်ခဲ့မယ်ကလေးလေးသေချာသွားနော် "
Jen-" ဟုတ် ကိုကို "
အခန်းပြန်ဖို့ ကိုကို ကဖယ်ပေးတာနဲ့ ကိုကို နှုတ်ခမ်းလေးကိုမထိတထိသာနမ်းပြီးအခန်းကိုပြန်လာခဲ့တယ် အခန်းထဲ​ပြန်ရောက်တော့ ရေချိုးရမယ့်အခန်းဆီမှာရေချိုးလိုက်ပြီး ပြင်ဆင်ကာဖွားဖွားတို့ဆီထွက်လာခဲ့တယ်
Jen-"ဖွားတို့ညကကောင်းကောင်းအိပ်ပျော်ကြရဲ့လား "
Neo-" ကောင်းတာပေါ့မြေးလေးရဲ့မြေးလေးတို့ရောအဆင်ပြေကြရဲ့လား "
Jen လည်း ကိုကို နဲ့အတူတူအိပ်ခဲတာကိုပြန်တွေးပြီး
Jen-" ပြေပါတယ်ဖွားဖွားရဲ့အရမ်းအဆင်ပြေတာ "
Monoban-" li လေးကတော့မနိုးသေးဘူးထင်တယ် နားရက်တွေဆိုမြေးလေးကအဲ့လိုဘဲ "
Jen-" ဖွားဖွားတို့မနက်စာပြင်နေတာလား jen ကူပေးမယ်လေ "
Monoban-" ဟုတ်ပါပြီရှင် "
Jen တို့လည်းမနက်စာအတွက်ပြင်ဆင်နေတုန်း ကိုကို ကရောက်လာတယ်
Li-" ဖွားဖွားတို့ li နောက်ကျသွားတယ်"
Neo-"ရပါတယ်မြေးလေးရဲ့အိပ်ရေးဝရင်ကိုရပြီ "
Li-" li ဘာကူရအုံးမလည်းဟင် ဖွားဖွား "
Neo-" ရပါတယ်ရှင်ထိုင်နေနော် ဖွားဖွားတို့ဘဲလုပ်လိုက်မယ်နော် ပြီးတော့မှာပါမြေးလေးရဲ့ "
Li-" nae "
Li လည်း jen မုန့်လုပ်နေတာလေးကိုသာထိုင်ကြည့်နေလိုက််တယ် jen ကတော့ li ကိုပြန်ကြည့်ရင်းရယ်လိုက်မုန့်လုပ်လိုက်နဲ့ နှစ်ယောက်သားတော်တော်ကိုပျော်နေကြတာပါ ခနနေတော့ပြင်ဆင်လို့ပြီးတောနဲ့ မနက်စာစားကြတော့တယ်
Neo-" ကလေးတို့သေချာစားကြနော် "
Li&Jen-" nae "
Li တို့လည်းမနက်စာကိုသေချာစားနေတာပေါ့ ရွာမှာဆိုတော့အသီးအရွက်တွေကလက်ဆက်တော့ li အကြိုက်ဘဲ
Li လည်းထမင်းစားပြီးသွားတော့ခြံထဲကချယ်ရီပင်အောက်မှာသာဆင်းထိုင်နေတယ် ဖွားဖွားကရွာထဲကဝိုင်လုပ်တဲ့နေရာကိုသွားတယ် jen နဲ့ li နဲ့ဘဲကျန်ခဲ့တာပေါ့
Li-" ကလေးလေး "
Jen-" ရှင့် "
Li-" ကိုကို တို့ပြန်ရောက်ရင်လက်ထပ်ကြမလားဟင် "
Jen-" ကိုကို တကယ်ပြောတာလားဟင် ​​ပျော်​လိုက်တာ ကိုကို ရယ်ကလေးလေ ကိုကို နဲ့အရမ်းလက်ထပ်ချင်နေပြီသိလား ကိုရီးယားကိုပြန်လာကတည်းက ကိုကို ကိုလက်ထပ်ချင်နေတာ အခုမှဘဲဆန္ဒပြည့်တော့မယ် ပျော်လိုက်တာ ကိုကို ရယ် "
Liပုခုံးလေးမှာခေါင်းလေးမှီနေပြီး li လက်လေးတွေကိုစုပ်ကိုင်ထားတဲ့ ကလေးပိစိလေးကအသည်းယားစရာ
Li-" ကိုကို လည်းပျော်တယ် ဟော့ဒီ့က ကိုကို ကလေးလေးကိုတရားဝင်လက်ထပ်ပြီးမိသားစုဘဝလေးတည်ထောင်ခွင့်ရမှာမို့လေ "
Li လည်းပြောပြီးကလေးရဲ့နဖူးလေးကိုအသာအယာအနမ်းခြွေတော့ ကလေးကပြုံးနေလေရဲ့
Jen-" ကလေးတို့လက်ထပ်ပြီးရင် အမြဲအတူရှိနေနိုင်မှာနော် ကိုကို ပျော်လိုက်တာ ကိုကို ရယ်"
​​ပျော်နေတဲ့ကလေးလေးရဲ့လက်​လေးကိုသေချာစုပ်ကိုင်လိုက်ကာ
Li-" ကိုကို ကဟော့ဒီ့က ကလေးလေး ကိုအချိန်ပြည့်စောင့်ရှောက်ပေးမှာ "
Jen=" ကတိပေးနော် မချိန်မပေးနိုင်ရင် ကိုကို ကိုအဲ့ကျရက်အပစ်ပေးမှာ"
Li-" ဘယ်လိုအပစ်ပေးမှာလည်း "
Jen-" ကလေးကိုဂရုမစိုက်တဲ့အချိန်ကျရင် ညတိုင်းဆိုဖာပေါ်မှာအိပ်ရမယ် "
OMG!!ကလေးရဲ့အပစ်ကကျောချမ်းစရာ ကလေးနဲ့ခွဲမအိပ်ချင်ပါဘူး ဆိုဖာတဲ့လား😑
Li-" ကိုကို ကတိပေးတယ်နော်လက်ထပ်ပြီးရင် ကလေးကိုလုံးဝပစ်မထားဘူး အဲ့လိုလုပ်မိရင်ကလေးအပစ်ပေးသမျှခံမယ် "
Jen-" ဟွန့် ပြီးရော "
Li လည်းဆူထော်နေတဲ့နှုတ်ခမ်းလေးကိုငုံ့သာထိကပ်နမ်းပြီးပြန်ခွာလိုက်တော့ ကလေးက ရှက်နေလေရဲ့
Jen-" ကိုကို ရာ..."
Li-" ကလေးကမကြိုက်လို့လား"
Li လည်းတမင်သက်သက်စပြီးမေးလိုက်တော့ ကလေးက li ကိုမျက်မှောင်လေးကြုံ့ကာကြည့်လာပြီး
Jen-" မထိတထိမနမ်းရဘူး ကိုကို ရဲ့ ထိထိမိမိနမ်းရတယ် ဒီလိုပေါ့ "
ပြောပြီးတော့ကလေးက li အကျီကော်လံကိုဆွဲကာ နှုတ်ခမ်းတွေကိုစုပ်နမ်းလာတော့ li ကလည်းထပ်တူကျစွာအနမ်းတွေကိုပုံဖော်နေမိတယ် li တို့နေ့ရက်လေးတွေဟာသာယာနေပါတယ် ရှေ့လျောက်လည်းဒီလိုဘဲဖြစ်နေတော့မှာပါ...။
#Chapter-29(end)
#lollipopတွေစားကြပါ အချိုတွေပါစားကြစားကြ ရင်ကျပ်အောင်လို့...နောက်ပိုင်းတွေလည်းအချိုတွေအီနေအောင်လာမှာ😏 အမှောင်ကတော့စောင့်ကြည့်ပေါ့နော်😉

My friend is not in loveWhere stories live. Discover now