3 month later
Li ဒီသုံးလအတွင်းလုံးဝအဆင်မပြေပါဘူး jen လေးကို တစ်ချိန်လုံးခိုးကြည့်နေရတယ် အနောက်ကနေ သူမသိအောင်လိုက်ပြီး အမြဲကြည့်နေတယ် ဆိုတာ jen လေးမသိပါဘူး သိဖို့လည်းမလိုပါဘူး သိရင် li ကိုပိုသူစိမ်းဆန်သွားမှာကြောက်လို့ အဲ့တာကြောင့်အမြဲ အနောက်ကနေဘဲလိုက်ကြည့် နေမိတယ် တစ်နေ့ထက်တစ်နေ့လှသွေးပိုကြွယ်လာတဲ့ jen လေးကို li တကယ်ကိုစိတ်မချနိုင်ပါ ဒါပေမယ့်လည်း သူကသူ့ကောင်လေးနဲ့ပျော်နေတာပါဘဲ သူ့ကောင်လေးအကြောင်းစုံစမ်းကြည့်တော့ agency တစ်ခုမှာ traine ဆင်းနေတဲ့ကောင်လေးတစ်ယောက်ပင် ဟုတ်ပါတယ် မိန်းကလေးတိုင်းရဲ့အကြိုက်တဲ့ပုံလေးနဲ့အပြောကောင်းတဲ့ကောင်လေးပေါ့ jen အကြိုက်လေ li လိုအေးတိအေးဆက်ကိုတော့ဘယ်သူကကြိုက်ချင်မှာလည်း... chaeကတော့ပြောရှာပါတယ် အသစ်သာရှာပါလားကွာတဲ့ ဘယ်လိုစိတ်နဲ့လည်း ဘယ်လိုပုံစံမျိုးနဲ့လည်း စချစ်ကတည်းက jen ကိုဘဲချစ်မိနေတာလေ jen ကိုစောင့်နိုင်သမျှ li စောင့်နေအုံးမှာပါ
Chae-" Ya lalisa ဘာတွေတွေးနေတာလည်း "
Li-"ဒီတိုင်းပါဘဲကွာ"
Irene-"နောက်အပတ်ဆို ငါတို့တက္ကသိုလ်ပြန်ဖွင့်ပြီနော်"
Chae-"အဲ့ကျရင် jiလေးနဲ့နေ့တိုင်းတွေ့ရတော့မယ်"
Irene-"အမလေးသုံးယောက်တည်းမှာပထမဆုံးကံကောင်းပြီး ချစ်သူရသွားတာ မျောက်အုန်းသီးရသွားသလိုဘဲ ဂနာကိုမငြိမ်ဘူး တွေ့ရင်လည်းရှက်တာသူ့အပြင်မရှိ jiလေးနဲ့နင်နဲ့ကိုနေရာချင်းလဲပေးထားရမလိုဘဲ ဟိုကသွက်တယ်"
Chae-" နင်ကလည်းအဲ့လိုတော့မဟုတ်ပါဘူး ငါလည်းတွေ့တာနဲ့ရှက်လာတာငါကိုယ်တိုင်တောင်မသိဘူး..."
Irene-"ဟားးဟားးးနင်ဟာလေ"
Li chae ကိုကြည့်နေမိတယ် ကံကောင်းလိုက်တာ jiလေး က chae ကိုကြိုက်နေရှာ chae ကလည်းချစ်နေတာ သူရှက်နေတာနဲ့ဇာတ်လမ်းကရှည်မလိုဖြစ်နေပေမယ့် ji လေးကို ကောင်လေးတစ်ယောက်ကစာပေးတယ်လည်းဆိုရော သဝန်တိုပြီးဘယ်အချိန်ဖွင့်ပြောလိုက်မှန်းတောင်မသိဘူး ချစ်သူတွေဖြစ်သွားပါလေရော chaeက ကံကောင်းတယ် ji လေးကchaeကိုအရမ်းချစ်ပြီးအရမ်းဂရုစိုက်တာဘေးကliတို့တောင်သိတယ် chaeကလည်းအမြဲအရိပ်တကြည့်ကြည့်နဲ့ jiလေးစိတ်ကောက်ပြီဆိုသူ့မှာမနေနိုင်မထိုင်နိုင်လိုက်ချော့ရှာတယ် သူတို့နှစ်ယောက်ကတစ်ကယ်ကိုလိုက်ဖက်ပါပေတယ် liကတော့ jen လေးကိုအမြဲစောင့်စားနေတုန်းပါဘဲ သူကတော့သူကောင်လေးနဲ့ပျော်နေတာပေါ့ liကတော့ ဝမ်းနည်းမှုတွေအပြည့်နဲ့ပေါ့ ကံတရားကliကိုမျက်နှာသာမပေးသေးဘူးထင်ပါရဲ့
Irene-"li အိမ်ပြန်ရအောင်လေ ကားမပါဘူးမဟုတ်လား reneလိုက်ပို့ပေးမယ်"
Li="inn ဒါဆိုပြန်မယ်လေ"
Chae-"ဒါဆိုငါလည်းပြန်ပြီနော်"
Irene-"inn inn"
Li လည်း rene ကားနဲ့သာအိမ်ပြန်ခဲ့လိုက်တယ် အိမ်ပြန်ရောက်တော့
Li-"အိမ်ထဲဝင်အုံးမလာ "
Irene-"အင်း ဝင်မယ်လေ အဖွညးနဲ့လည်းမတွေ့ရတာကြာနေပြီ"
Li-"လာအထဲဝင်မယ် ဒါဆို"
Irene-"inn inn"
Li လည်း reneနဲ့အတူတူကားပေါ်ကဆင်းပြီးအိမ်ထဲကာိဝင်ခဲ့လိုက်တယ် အိမ်ထဲရောက်တော့ ဆိုဖာပေါ်မှာထိုင်နေတဲ့ အဖွား
Li="ဖွားဖွား li ပြန်လာပြီ.."
Monoban-" အမလေးအဖွားမြေးလေးလာပါအုံးအဖွားဆီ အိမ်ရဲ့ခွေးပေါက်လေး.."
Li လည်းအဖွားဆီသွားကာဖက်လိုက်တယ် ဒီတလောအဖွားနဲ့သိပ်မတွေ့အား ကျောင်းတက်ဖို့ပြက်ရသည်နှင့် အဖွား အလုပ်ကိစ္စများကြောင့်သာဖြစ်သည်
Li-"ဖွား rene ကဖွားဖွား ကိုတွေ့ချင်လို့လိုက်လာတာလေ မတွေ့တာကြာလို့တဲ့"
Mrs.Monoban-"ဟုတ်လား လာပါအုံးအဖွားဆီ"
Irene-"nae"
reneလည်းအဖွားကိုဖက်လိုက်ပြီး
Irene-"ဒီတလောနေကောင်းပါတယ်နော်အဖွား"
Mrs.Monoban-"ကောင်းတာပေါ့သမီးလေးရယ် "
Irene-"ကျန်းမာရေးဂရုစိုက်အုံးနော်ဖွားဖွားအလုပ်တွေသိပ်မလုပ်နေနဲ့အုံး"
Li-" အမယ် ဖွားဖွား အလုပ်တွေကို li ကူနေပေးပါတယ်နော်ဖွားဖွားသက်သာအောင် ဟုတ််မဟုတ်လား ဖွားဖွား"
Mrs.Monoban-" ဟုတ်တာပေါ့ရှင် အဖွားရဲ့ခွေးပေါက်လေးက အရမ်းလိမ်မာပြီး အလုပ်တွေဝိုင်းကူနေတာ"
Li-"ဟီးးဟီးးတွေ့လား..."
Irene-"ဟုတ်ပါပီခွေးပေါက်လေးရယ်...."
Li-"ya...reneနော် အဲ့လိုမခေါ်နဲ့... "
Irene-"ဘာဖြစ်လည်း ဖွားဖွားတောင်ခေါ်တာဘဲ. "
Li-" မရဘူးနော် အဲ့တာဖွားဖွားက li ပိုအသည်းယားပြီးချစ်လို့ခေါ်တဲ့နာမည်..ရဘူးနော်မခေါ်နဲ့"
Irene-" မရပါဘူးနော်...."
Li-" rene အစုတ်ပလုတ်"
😆😆😆😆
ဧည့်ခန်းထဲမှာရယ်သံတွေဟာပျံ့လွင့်နေတယ် ဘာကိစ္စကြောင့်ဘဲစိတ်ညစ်ညစ် rene ကတော့ li ပျော်အောင် လုပ်ပေးနိုင်တဲ့တစ်ဦးတည်းသောသူဘဲ li အနားမှာအမြဲအချိန်မရွေးရှိပေးတဲ့တစ်ဦးတည်းသောသူပေါ့....ခနနေတော့ rene ပြန်တော့မှာမို့ အိမ်ရှေ့ထိလိုက်ထွက်ပို့ပြီး အိမ်ထဲပြန်ဝင်လာခဲ့တယ်
#Chapter -9(end)
#တကယ်ပါ jenlisa ရေးသင့်လား ဒါမှမဟုတ် lisrene ဘဲရေးလိုက်ရမလားတော်တော်ကြပ်နေတယ် rene ဘက်ကနေဝင်ခံစားပြန်တော့လည်း တော်တော်ကိုခံစားရတယ် ဘယ်ဘက်ကိုလိုက်ရမှန်းကိုမသိတော့ဘူး😐
YOU ARE READING
My friend is not in love
Fanfiction# ရောင် လည်းဒီနောက်ပိုင်းအစပ်တွေကြိုက်တော့အစပ်တွေသာရေးဖြစ်နေတယ်😁😁😁